Spots news

ချယ်ဆီးနည်းပြသစ် တူချယ်ရဲ့ နွေရာသီမှာ ခေါ်ယူမယ့် တိုက်စစ်ပစ်မှတ် ဟာလန်း

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူချယ်လ်ကတော့ လာမယ့်နွေစျေးကွက်ထဲမှာတော့ သူ့စိတ်ကြိုက်

အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိ အသင်းရဲ့တိုက်စစ်ပိုင်းမှာ တီမိုဝါနာ တမ်မီအေဘရာဟမ်နဲ့ အိုလီဗာဂျရူးတို့ကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ဂျရူးက ရာသီကုန်မှာ

အသင်းနဲ့ လမ်းခွဲသွားတော့မှာဖြစ်သလို တိုက်စစ်ပိုင်းကို အင်အားကောင်းစေဖို့အတွက် ဟာလန်းလိုမျိုး အရည်အသွေးကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ကို အလိုရှိနေတာဖြစ်ပါတယ်။

အသက်(၂၀)အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းကို ချယ်လ်ဆီးအပါအဝင် မန်စီးတီး ရီးရဲလ်မက်ဒရစ် မန်ချက်စတာ ယူနိုက်တက်အသင်းတွေကလည်း

အပြိုင်စိတ်ဝင်စားလျက်ရှိနေပြီး ဒေါ့မွန်ဘက်ကနေလည်း သူတို့ရဲ့ ကြယ်ပွင့်ကို အသင်းကနေ လက်မလွတ်ချင်တာကြောင့် ဟာလန်းကို ခေါ်ယူဖို့က ခက်ခဲဖွယ် ရှိနိုင်ပါတယ်။

ချယ်လ်ဆီးအသင်းက တူချယ်လ်ကို အသင်းနည်းပြအဖြစ် မခန့်အပ်ခင်ကတည်းက ဟာလန်းကို စိတ်ဝင်စားနေတာဖြစ်ပြီး ဂိုးသွင်းအားအရမ်းကောင်းမွန်နေတဲ့

ဟာလန်းကို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းဆီ ခေါ်ဆောင်ကာ ဝါနာနဲ့တွဲဖက်ပြီး အသင်းရဲ့တိုက်စစ်မှာ အသုံးပြုချင်နေတာဖြစ်ပါတယ်။

လတ်တလောမှာ ချယ်လ်ဆီးကို တူချယ်လ်ရောက်ရှိလာပြီးနောက် ဘွန်ဒစ်လီဂါပြိုင်ပွဲဝင် ကလပ်အသင်းတွေရဲ့ ကစားသမားတွေနဲ့ အပြောင်းအရွှေ့ ပိုမိုထွက်ပေါ်လာခဲ့ပြီး လာမယ့်နွေအတွင်း

နောက်ထပ်ဘွန်ဒစ်လီဂါ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ နောက်ခံကစားသမား အူပါမီကာနိုကိုလည်း အခြားကလပ်အသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်