Spots news

မန်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ငြင်းခဲ့ရတဲ့ အကြောင်းကို ရှင်းပြလာတဲ့ ဇီဒန်း

Unicode Version

အသင်းလက်မဲ့ နည်းပြတဦး ဖြစ်နေတဲ့ ဇနက်ဒင်း ဇီဒန်းကတော့ သူဟာ အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တာကြောင့် မပြောင်းရွှေ့ခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်လူမျိုး ထိပ်သီးနည်းပြ ဇီဒန်းဟာ ကစားသမား ဘဝမှာလံ အကောင်းဆုံး ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို နည်းပြလောကထဲကို ဝင်ရောက်ခဲ့ချိန်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ်ဆက် အရယူကာ သမိုင်းတလျှောက် ဘယ်အသင်းမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ ထူးရှယ် စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့သူပါ။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးအသင်း အများစုက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်ခဲ့ကြပြီး ဇီဒန်းကတော့ သူ့ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှုတိုင်းကို ငြင်းဆန်ကာ လက်ရှိအချိန်အထိ အနားယူနေဆဲပဲ ဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးရဲလ်နဲ့ လမ်းခွဲပြီးနောက် ပြင်သစ်အသင်းကိုပဲ တာဝန်ယူ ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ယူနိုက်တက် အပါအဝင် အသင်းအများစုရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့တာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ ဇီဒန်းက ဘာသာစကား အခက်အခဲတွေကြောင့် ယူနိုက်တက်ဆီ မပြောင်းရွှေ့ခဲ့တာပါလို့ ပြောကြား ခဲ့ပါတယ်။

ဇီဒန်းက “ကျွန်တော် ဘာကြောင့် တခြားအသင်းတွေကို မကိုင်တွယ်တာလဲလို့ မေးရင် ဘာသာစကား အခက်အခဲကြောင့်လို့ပဲ ပြောရပါမယ်။ ဘာသာစကား အခက်အခဲက အတော်လေးကို ကြီးမားတဲ့ ပြဿနာပါ။ အရင်တုန်းက ဂျာနယ်လစ် တယောက် ကျွန်တော့်ဆီ လာပြီး “မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းမှာလား” လို့ လာမေးခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါဘူး။ တချို့နည်းပြတွေက ဘာသာစကား အခက်အခဲကို ထည့်တွက်လေ့ မရှိတာကို သိပါတယ်။ ကျွန်တော်ကတော့ ကစားသမားတွေနဲ့ သေချာ ဆက်သွယ်နိုင်ဖို့ ဘာသာစကား အခက်အခဲ မရှိဖို့ လိုအပ်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် အင်္ဂလန်မြေဆီ မပြောင်းဖြစ်ခဲ့တာပါ” လို့ ပြောပြခဲ့တာပါ။

Zawgyi Version

အသင္းလက္မဲ့ နည္းျပတဦး ျဖစ္ေနတဲ့ ဇနက္ဒင္း ဇီဒန္းကေတာ့ သူဟာ အဂၤလန္ ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ကမ္းလွမ္းမႈေတြ ရခဲ့ေပမယ့္ အဂၤလိပ္စကားကို ကြၽမ္းကြၽမ္းက်င္က်င္ မေျပာတတ္တာေၾကာင့္ မေျပာင္းေ႐ႊ႕ခဲ့တာပါလို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

ျပင္သစ္လူမ်ိဳး ထိပ္သီးနည္းျပ ဇီဒန္းဟာ ကစားသမား ဘဝမွာလံ အေကာင္းဆုံး ကြင္းလယ္လူ တဦး အျဖစ္ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့သလို နည္းျပေလာကထဲကို ဝင္ေရာက္ခဲ့ခ်ိန္မွာလည္း ရီးရဲလ္မက္ဒရစ္နဲ႕အတူ ခ်န္ပီယံလိဂ္ ဆုဖလားကို ၃ႏွစ္ဆက္ အရယူကာ သမိုင္းတေလွ်ာက္ ဘယ္အသင္းမွ မစြမ္းေဆာင္နိုင္ခဲ့တဲ့ ထူးရွယ္ စြမ္းေဆာင္ရည္ေကာင္းကို ျပသနိုင္ခဲ့သူပါ။

ဒါေၾကာင့္ပဲ ရီးရဲလ္မက္ဒရစ္နဲ႕ လမ္းခြဲခဲ့ၿပီးေနာက္ မန္ခ်က္စတာ ယူနိုက္တက္ အပါအဝင္ ဥေရာပ ထိပ္သီးအသင္း အမ်ားစုက ဇီဒန္းကို နည္းျပအျဖစ္ ခန႔္အပ္ဖို႔ ခ်ဥ္းကပ္ခဲ့ၾကၿပီး ဇီဒန္းကေတာ့ သူ႕ဆီ ေရာက္လာတဲ့ ကမ္းလွမ္းမႈတိုင္းကို ျငင္းဆန္ကာ လက္ရွိအခ်ိန္အထိ အနားယူေနဆဲပဲ ျဖစ္ပါတယ္။

ဇီဒန္းဟာ ရီးရဲလ္နဲ႕ လမ္းခြဲၿပီးေနာက္ ျပင္သစ္အသင္းကိုပဲ တာဝန္ယူ ကိုင္တြယ္ဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ယူနိုက္တက္ အပါအဝင္ အသင္းအမ်ားစုရဲ႕ ကမ္းလွမ္းမႈေတြကို ျငင္းဆန္ခဲ့တာ ျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ မၾကာေသးမီကမွ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး တခုမွာေတာ့ ဇီဒန္းက ဘာသာစကား အခက္အခဲေတြေၾကာင့္ ယူနိုက္တက္ဆီ မေျပာင္းေ႐ႊ႕ခဲ့တာပါလို႔ ေျပာၾကား ခဲ့ပါတယ္။

ဇီဒန္းက “ကြၽန္ေတာ္ ဘာေၾကာင့္ တျခားအသင္းေတြကို မကိုင္တြယ္တာလဲလို႔ ေမးရင္ ဘာသာစကား အခက္အခဲေၾကာင့္လို႔ပဲ ေျပာရပါမယ္။ ဘာသာစကား အခက္အခဲက အေတာ္ေလးကို ႀကီးမားတဲ့ ျပႆနာပါ။ အရင္တုန္းက ဂ်ာနယ္လစ္ တေယာက္ ကြၽန္ေတာ့္ဆီ လာၿပီး “မန္ခ်က္စတာ ယူနိုက္တက္ဆီ ေျပာင္းမွာလား” လို႔ လာေမးခဲ့ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္က အဂၤလိပ္စကားကို ကြၽမ္းကြၽမ္းက်င္က်င္ မေျပာတတ္ပါဘူး။ တခ်ိဳ႕နည္းျပေတြက ဘာသာစကား အခက္အခဲကို ထည့္တြက္ေလ့ မရွိတာကို သိပါတယ္။ ကြၽန္ေတာ္ကေတာ့ ကစားသမားေတြနဲ႕ ေသခ်ာ ဆက္သြယ္နိုင္ဖို႔ ဘာသာစကား အခက္အခဲ မရွိဖို႔ လိုအပ္တယ္လို႔ ယူဆထားပါတယ္။ ဒါေၾကာင့္ အဂၤလန္ေျမဆီ မေျပာင္းျဖစ္ခဲ့တာပါ” လို႔ ေျပာျပခဲ့တာပါ။