Spots news

နည်းပြကြီး တန်ဟက်ခ်ကို ဂမ်းကိုင်ပြီး ကြိုဆိုလိုက်တဲ့ မန်ယူနိုက်တက်ကြယ်ပွင့် ဟာနီဘယ်လ်

Unicode Version

ယူနိုက်တက် လူငယ်ကြယ်ပွင့် ဟာနီဘယ်လ်ဟာ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ သေနတ်ကိုင်ဆောင်ထားတဲ့ပုံကို တင်ထားခဲ့ပြီး ဒီဓာတ်ပုံနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ဆူညံနေပါတယ်။ ဟာနီဘယ်လ်ဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ယာယီနည်းပြ ရန်းနစ်ဂ်ရဲ့ အမြင်မကြည်လင်မှုကို ခံခဲ့ရပါသေးတယ်။

လီဗာပူးကို ဂိုးပြတ်ရှုံးနေတဲ့ပွဲမှာ ဟာနီဘယ်လ်က ကွင်းအတွင်း လူစားဝင် ကစားခွင့်ရခဲ့ပေမယ့် ပြိုင်ဘက် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ရည်ရွယ်ချက်ရှိရှိ လူချ ကစားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းပွဲတွေမှာ ရန်းနစ်ဂ်က ဟာနီဘယ်လ်ကို စည်းမဲ့ကမ်းမဲ့ ကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်အသင်းကို ပြန်လည် ပို့ဆောင်ထားခဲ့ပါတယ်။

အသက် (၁၉) နှစ်အရွယ် ဒီကစားသမားလေးဟာ လာမယ့်ရာသီမှာ ဂါနာချို၊ အယ်လ်ဗာရက်ဇ်တို့နဲ့အတူ တန်ဟက်ခ်ရဲ့အသင်းကြီးမှာ အခွင့်အရေးရမယ့် လူငယ်တွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် အခု နွေရာသီအားလပ်ရက်မှာလည်း ဟာနီဘယ်လ်က တန်ဟက်ခ် မျက်စိစပါးမွှေး စူးစရာဖြစ်ရပ်ကို ထပ်မံဖန်တီးခဲ့ပြန်တာပါ။

ဟာနီဘယ်လ်ဟာ သေနတ်ကို ကိုင်ဆောင်ထားရင်း ဆဲလ်ဖီ ရိုက်ကူးခဲ့တာဖြစ်ပြီး အဲ့ဒီပုံကို အင်စတာဂရမ်စတိုရီမှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပုံကို လျင်လျင်မြန်မြန် ပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ ဟာနီဘယ်လ်ရဲ့ပုံကို Screenshot ရယူထားကြပါတယ်။ အင်စတာဂရမ်မှာလည်း ဟာနီဘယ်လ်က Follower အများအပြားကို ပိုင်ဆိုင်ထားသူပါ။

ဒီဖြစ်ရပ်အတွက် တန်ဟက်ခ်တယောက် စိတ်ပျက်နေဖွယ် ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် ဟာနီဘယ်လ်အနေနဲ့ သူငယ်ချင်းတွေနဲ့အတူ သေနတ်ပစ်ကွင်းမှာ အပျော်တမ်း သေနတ်ပစ်နေဟန် ဖြစ်တာကြောင့် ပြဿနာတစုံတရာ ကြီးကြီးမားမား မရှိနိုင်ပါဘူး။

ယူနိုက်တက် နည်းပြသစ် တန်ဟက်ခ်ဟာ လက်ရှိနွေရာသီ အားလပ်ရက်မှာ ကစားသမားတွေရဲ့ တနေ့တာလုပ်ရပ်တွေကို အစီရင်ခံခိုင်းထားပြီး အသင်းနဲ့ ပြန်လည် ပူးပေါင်းချိန်မှာ အကောင်းဆုံးကြံ့ခိုင်မှုပုံစံကို လိုချင်တယ်လို့လည်း ညွှန်ကြားထားပါတယ်။

Zawgyi Version

ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ ဟာနီဘယ္လ္ဟာ သူ႕ရဲ႕ အင္စတာဂရမ္စတိုရီမွာ ေသနတ္ကိုင္ေဆာင္ထားတဲ့ပုံကို တင္ထားခဲ့ၿပီး ဒီဓာတ္ပုံနဲ႕ပတ္သက္လို႔ ေဝဖန္မႈေတြ ဆူညံေနပါတယ္။ ဟာနီဘယ္လ္ဟာ ၿပီးခဲ့တဲ့ရာသီမွာလည္း ယာယီနည္းျပ ရန္းနစ္ဂ္ရဲ႕ အျမင္မၾကည္လင္မႈကို ခံခဲ့ရပါေသးတယ္။

လီဗာပူးကို ဂိုးျပတ္ရႈံးေနတဲ့ပြဲမွာ ဟာနီဘယ္လ္က ကြင္းအတြင္း လူစားဝင္ ကစားခြင့္ရခဲ့ေပမယ့္ ၿပိဳင္ဘက္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ရည္႐ြယ္ခ်က္ရွိရွိ လူခ် ကစားခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းပြဲေတြမွာ ရန္းနစ္ဂ္က ဟာနီဘယ္လ္ကို စည္းမဲ့ကမ္းမဲ့ ကစားတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ လူငယ္အသင္းကို ျပန္လည္ ပို႔ေဆာင္ထားခဲ့ပါတယ္။

အသက္ (၁၉) ႏွစ္အ႐ြယ္ ဒီကစားသမားေလးဟာ လာမယ့္ရာသီမွာ ဂါနာခ်ိဳ၊ အယ္လ္ဗာရက္ဇ္တို႔နဲ႕အတူ တန္ဟက္ခ္ရဲ႕အသင္းႀကီးမွာ အခြင့္အေရးရမယ့္ လူငယ္ေတြအျဖစ္ သတ္မွတ္ခံထားရပါတယ္။ ဒါေပမယ့္ အခု ေႏြရာသီအားလပ္ရက္မွာလည္း ဟာနီဘယ္လ္က တန္ဟက္ခ္ မ်က္စိစပါးေမႊး စူးစရာျဖစ္ရပ္ကို ထပ္မံဖန္တီးခဲ့ျပန္တာပါ။

ဟာနီဘယ္လ္ဟာ ေသနတ္ကို ကိုင္ေဆာင္ထားရင္း ဆဲလ္ဖီ ရိုက္ကူးခဲ့တာျဖစ္ၿပီး အဲ့ဒီပုံကို အင္စတာဂရမ္စတိုရီမွာ တင္ထားခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီပုံကို လ်င္လ်င္ျမန္ျမန္ ျပန္ဖ်က္ခဲ့ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြကေတာ့ ဟာနီဘယ္လ္ရဲ႕ပုံကို Screenshot ရယူထားၾကပါတယ္။ အင္စတာဂရမ္မွာလည္း ဟာနီဘယ္လ္က Follower အမ်ားအျပားကို ပိုင္ဆိုင္ထားသူပါ။

ဒီျဖစ္ရပ္အတြက္ တန္ဟက္ခ္တေယာက္ စိတ္ပ်က္ေနဖြယ္ ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။ ဒါေပမယ့္ ဟာနီဘယ္လ္အေနနဲ႕ သူငယ္ခ်င္းေတြနဲ႕အတူ ေသနတ္ပစ္ကြင္းမွာ အေပ်ာ္တမ္း ေသနတ္ပစ္ေနဟန္ ျဖစ္တာေၾကာင့္ ျပႆနာတစုံတရာ ႀကီးႀကီးမားမား မရွိနိုင္ပါဘူး။

ယူနိုက္တက္ နည္းျပသစ္ တန္ဟက္ခ္ဟာ လက္ရွိေႏြရာသီ အားလပ္ရက္မွာ ကစားသမားေတြရဲ႕ တေန႕တာလုပ္ရပ္ေတြကို အစီရင္ခံခိုင္းထားၿပီး အသင္းနဲ႕ ျပန္လည္ ပူးေပါင္းခ်ိန္မွာ အေကာင္းဆုံးႀကံ့ခိုင္မႈပုံစံကို လိုခ်င္တယ္လို႔လည္း ၫႊန္ၾကားထားပါတယ္။