Spots news

ခြေစွမ်းမပြနိုင်ခဲ့တဲ့ မာရှယ်ဘက်ကနေ ကာကွယ်ပေးသွားခဲ့တဲ့ ဆိုးလ်ရှား

Unicode Version

မနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ ရှက်ဖီးလ် အသင်းတို့ရဲ့ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ယူနိုက်တက် အသင်းဟာ အိမ်ကွင်းမှာ ၂ – ၁ ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့်တစ် နေရာကို ယှဉ်ပြိုင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇယားအောက်ဆုံးက အသင်းကို ရှုံးနိမ့်ခဲ့ ခြင်းဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်းနိုင်ပွဲ လုံးဝကို မရှိထားသေးတဲ့ ရှက်ဖီးက အမှတ်ပေးဇယားထိပ်နားက ယူနိုက်တက်ကို အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ၁-၂ ရလဒ်ဖြင့် အနိုင်ယူကာ ပထမအကျော့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ ပါတယ်။ ယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် စတုတ္ထမြောက် အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပြီး ဇယားအောက်နားက အသင်းကို ရှုံးနိမ့်ခဲ့ရ တာဖြစ်လို့ အထိနာခဲ့ရပါတယ်

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းဟာ ခြေစွမ်းပိုင်း ကျဆင်းခဲ့သလို တိုက်စစ်မှာ ကစားတဲ့ မာရှယ်ကလည်း ပုံမှန်ခြေစွမ်းအောက် ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ မာရှယ်ဆီကနေ ကောင်းမွန်တဲ့ ခြေစွမ်းတွေ ရောက်လာမယ်လို့ ထောက်ခံပြောဆို သွားခဲ့ပါတယ်။

ဆိုးလ်ရှားက “ဒီပွဲအတွက် တစ်သင်းလုံးကိုပဲ ဝေဖန်သင့်ပါတယ်။ ကျွန်တော့်ကိုရောပေါ့ ။ မာရှယ်တစ်ယောက်တည်းကိုပဲ အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်တို့တွေ ကောင်းမွန်တဲ့ကစားပုံမပြသနိုင်တဲ့အတွက် အားလုံးက ဝေဖန်ခံရသင့်ပါတယ်။ အန်သို (မာရှယ်) ကို ကျွန်တော်သိပါတယ် ။

သူက လေ့ကျင့်ရေးကွင်းမှာလည်း ပြင်းပြင်းထန်ထန်ကို ကြိုးစားကစားတဲ့ သူမျိုးပါ။ အဆုံးသတ်ပိုင်းတွေ ၊ လှုပ်ရှားမှုတွေကို တိုးတက်စေဖို့ လေ့ကျင့်နေသူပါ။ သူနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ စိတ်နောက်ရတာမျိုး မရှိပါဘူး။ သူ့ရဲ့ကောင်းမွန်တဲ့ပုံစံ ရောက်လာပါလိမ့်မယ်” လို့ ဆိုးလ်ရှားက ကာကွယ်ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ်။