Spots news

Breaking: ရော်နယ်ဒိုကို ခေါ်ယူဖို့ အေးဂျင့်မှ တဆင့် စုံစမ်းမှူများ ပြုလုပ်နေတဲ့ ချယ်လ်ဆီး

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီး အသင်းကတော့ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဥရောပ အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြနေ ကြပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အသင်းပိုင်ရှင်သစ်ဖြစ်တဲ့ အမေရိကန် ဘီလျံနာ တော့ဘိုယေ နဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပေါ်တူဂီနိုင်ငံမှာ တွေ့ဆုံ ခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ တွေ့ဆုံမှုမှာ ချယ်လ်ဆီးအသင်း‌ အနေနဲ့ ပေါ်တူဂီ တိုက်စစ်မှူးကို ချယ်လ်ဆီးထံသို့ ခေါ်ယူရန် အခြေအနေ ရှိ မရှိကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းတွေက ဖော်ပြထားကြပါတယ်။ သို့ပေမယ့် ချယ်လ်ဆီး အနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူနိုင်ရေး အတွက် ရှင်းလင်းသော အနေအထားထိ မရောက်ရှိကြောင်း သိရပါတယ်။

ချယ်လ်ဆီးဟာ မနှစ်ကမှ အားကိုးတကြီးနဲ့ ယူရို သန်း ၁၀၀ ထိ အသုံးပြုပြီး ခေါ်ယူထားတဲ့ တိုက်စစ်မှူး လူကာကူကို ယခုနွေရာသီ အပြောင်းအရွေ့မှာပဲ အင်တာမီလန်ထံသို့ ပြန်လည် အငှားချ ထားရပြီး အခြားတိုက်စစ် ကစားသမား တစ်ယောက် ဖြစ်တဲ့ တီမိုဝါနာကိုလဲ ဂျူဗင်တပ် နောက်ခံလူ ဒီလစ်ကို အလိုက်ပေးခေါ်ယူဖို့ ထည့်သွင်း ကမ်းလှမ်းနေပါတယ်။

ဒီလိုအခြေအနေမှာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုကို မျှားဦးလှည့်လာတာ ဖြစ်နိုင်ချေ ရှိပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ အသင်းမှ ထွက်ခွာချင်ကြောင်း အရိပ်ယောင် ပြသခြင်း မရှိပေမယ့် ယခုနွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ လုပ်ပုံကိုင်ပုံတွေကို စိတ်ပျက်နေ သူပါ။

ရော်နယ်ဒိုနဲ့ ယူနိုက်တက် အနေနဲ့လဲ ချယ်လ်ဆီးဘက်မှ တရားဝင် ကမ်းလှမ်းလာပါက ပယ်ချဖို့သာ ရာနှုန်းများနေပါတယ်။ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ဟာ ယ‌ခုနွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ အဓိက ကစားသမားတွေကို လက်လွှတ်ထားရပေမယ့် တစ်ယောက်မှ မခေါ်နိုင်သေးတဲ့ အထည်ကြီးပျက်များ ဖြစ်လျက် ရှိနေပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီး ကလပ္အသင္းျဖစ္တဲ့ ခ်ယ္လ္ဆီး အသင္းကေတာ့ ၿပိဳင္ဘက္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ျဖစ္တဲ့ ခရစၥတီယာနို ေရာ္နယ္ဒိုကို ေခၚယူဖို႔ အတြက္ စုံစမ္းမႈေတြ ျပဳလုပ္ေနတယ္လို႔ ဥေရာပ အေျခစိုက္ သတင္းမီဒီယာေတြက ေဖာ္ျပေန ၾကပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕ အသင္းပိုင္ရွင္သစ္ျဖစ္တဲ့ အေမရိကန္ ဘီလ်ံနာ ေတာ့ဘိုေယ နဲ႕ ယူနိုက္တက္ရဲ႕ တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္ဒက္စ္တို႔ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္က ေပၚတူဂီနိုင္ငံမွာ ေတြ႕ဆုံ ခဲ့ၾကေၾကာင္း သိရပါတယ္။

အဆိုပါ ေတြ႕ဆုံမႈမွာ ခ်ယ္လ္ဆီးအသင္း‌ အေနနဲ႕ ေပၚတူဂီ တိုက္စစ္မႉးကို ခ်ယ္လ္ဆီးထံသို႔ ေခၚယူရန္ အေျခအေန ရွိ မရွိကို ေဆြးေႏြး ခဲ့ၾကေၾကာင္း သတင္းေတြက ေဖာ္ျပထားၾကပါတယ္။ သို႔ေပမယ့္ ခ်ယ္လ္ဆီး အေနနဲ႕ ေရာ္နယ္ဒိုကို ေခၚယူနိုင္ေရး အတြက္ ရွင္းလင္းေသာ အေနအထားထိ မေရာက္ရွိေၾကာင္း သိရပါတယ္။

ခ်ယ္လ္ဆီးဟာ မႏွစ္ကမွ အားကိုးတႀကီးနဲ႕ ယူရို သန္း ၁၀၀ ထိ အသုံးျပဳၿပီး ေခၚယူထားတဲ့ တိုက္စစ္မႉး လူကာကူကို ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာပဲ အင္တာမီလန္ထံသို႔ ျပန္လည္ အငွားခ် ထားရၿပီး အျခားတိုက္စစ္ ကစားသမား တစ္ေယာက္ ျဖစ္တဲ့ တီမိုဝါနာကိုလဲ ဂ်ဴဗင္တပ္ ေနာက္ခံလူ ဒီလစ္ကို အလိုက္ေပးေခၚယူဖို႔ ထည့္သြင္း ကမ္းလွမ္းေနပါတယ္။

ဒီလိုအေျခအေနမွာ ယူနိုက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒိုကို မွ်ားဦးလွည့္လာတာ ျဖစ္နိုင္ေခ် ရွိပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီ တိုက္စစ္မႉးဟာ အသင္းမွ ထြက္ခြာခ်င္ေၾကာင္း အရိပ္ေယာင္ ျပသျခင္း မရွိေပမယ့္ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အသင္းရဲ႕ လုပ္ပုံကိုင္ပုံေတြကို စိတ္ပ်က္ေန သူပါ။

ေရာ္နယ္ဒိုနဲ႕ ယူနိုက္တက္ အေနနဲ႕လဲ ခ်ယ္လ္ဆီးဘက္မွ တရားဝင္ ကမ္းလွမ္းလာပါက ပယ္ခ်ဖိဳ႕သာ ရာႏႈန္းမ်ားေနပါတယ္။ ယူနိုက္တက္နဲ႕ ခ်ယ္လ္ဆီးတို႔ဟာ ယ‌ခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အသင္းရဲ႕ အဓိက ကစားသမားေတြကို လက္လႊတ္ထားရေပမယ့္ တစ္ေယာက္မွ မေခၚနိုင္ေသးတဲ့ အထည္ႀကီးပ်က္မ်ား ျဖစ္လ်က္ ရွိေနပါတယ္။