Spots news

မာနေးရခဲ့တဲ့ လစာထက် လေးဆ ပိုတောင်းလိုက်ပြီး လီဗာပူးကို ခေါင်းကိုက်စေတဲ့ ဆာလာ

Unicode Version

လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ လိုချင်လို့တော့ မရဘူးကွယ် ဆိုတဲ့ စကားအတိုင်း လီဗာပူး အသင်းကတော့ ခံနေရပါပြီ ။ လီဗာပူး အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ပရီးမီယားလိဂ် ရွှေဖိနပ်ဆုရှင် ဆာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတာ နှစ်ပေါက် နေပြီ ဖြစ်ပြီး အခုထိ ဘာမှ တိုးတက်မှု မရှိသေးတာပါ။

ဆာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားရင်း အသင်းရဲ့ ရိုးသား ကြိုးစား ဖိုးသခွားဖြစ်တဲ့ ဆီနီဂေါ တိုက်စစ်မှူး မာနေးကိုလဲ လက်လွှတ်လိုက် ရပြီ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ကုန်မှာခြင်း အတူတူကို လီဗာပူးက ဆာလာကို စာချုပ်သစ် ချုပ်ဖို့ပဲ အာရုံစိုက်နေတဲ့ အတွက် တစ်ပတ် ပေါင်တစ်သိန်းပဲ ရပေမယ့် ကျွဲလိုရုန်းနေရတဲ့ မာနေးက စိတ်ပျက် သွားခဲ့တာပါ။

မာနေးဟာ လီဗာပူး အသင်းက ထွက်ခွာမယ်လို့ ထုတ်ပြောခဲ့ပြီး အလတ်ကြီး ရှိနေသေးတဲ့ မာနေးကို ဂျာမန်ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ‌သန်း ၃၀ ကျော်နဲ့ လာရောက် ပင့်ဆောင် သွားခဲ့ပါတယ်။ အခုတော့ မာနေးဟာ လီဗာပူးက ရတဲ့ လစာထက် နှစ်ဆကျော်ပိုရနေပြီ ဖြစ်ပီး အလှူအတန်းတွေ အေးဆေး လုပ်နိုင်တော့မှာပါ။

လက်ရှိမှာတော့ တိုက်စစ်မှူးချင်း အတူတူကို မာနေးထက် ဆာလာကို ဦးစားပေးနေတယ်လို့ ဝေဖန်ခံနေရတဲ့ လီဗာပူးကတော့ အီဂျစ်သားကြောင့် စိတ်ညစ်နေရပါပြီ။ အကြောင်းကတော့ စာချုပ်သက်တမ်း နောက်ဆုံးနှစ် ရောက်နေတဲ့ ဆာလာကို စာချုပ်သစ်ချုပ်ဖို့ကြိုးစားနေချိန်မှာ တပတ်လုပ်ခ ပေါင် ၄ သိန်းအထိ တောင်းဆိုနေလို့ပါ။

ဒါဟာ ငွေကြေး သုံးစွဲမှုကို မူဝါဒ အတော်လေး တင်းကြပ်တဲ့ လီဗာပူးကို ခေါင်းခဲစေခဲ့တာပါ။ အသင်းရဲ့ လစာအများဆုံးရ နောက်ခံလူ ဗန်ဒိုက်ရဲ့ ပေါင် ၂၄၀၀၀၀ ထက် ပေါင် ၁၆၀၀၀၀ အထိတောင် များပြားတာပါ။ ပြီးတော့ တပတ်ပေါင်တသိန်းပဲရခဲ့တဲ့ မာနေးရဲ့လစာထက် ၄ ဆအထိကို ဆာလာက တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

စာချုပ်သက်တမ်း ကုန်တော့မှာမို့ လီဗာပူး အနေနဲ့ ဆာလာတောင်းတာကို ပေးမလား၊ ဒါမှမဟုတ် ရောင်းမလား ဆုံးဖြတ်ရတော့မှာပါ။ မဟုတ်ရင်တော့ စာချုပ်သက်တမ်း ကုန်ရင် ဆာလာက အလွတ် ထွက်ခွာနိုင်မှာ ဖြစ်ပြီး ရာသီဝက် ကာလမှာ သူ နှစ်သက်ရာအသင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်မှာ မို့လိုပါပဲ။ လီဗာပူးတော့ ဆာလာကြောင့် စိတ်ညစ်နေရ လောက်ပါပြီ။

Zawgyi Version

လူတစ္ေယာက္ရဲ႕ ေကာင္းကြက္ခ်ည္းပဲ လိုခ်င္လို႔ေတာ့ မရဘူးကြယ္ ဆိုတဲ့ စကားအတိုင္း လီဗာပူး အသင္းကေတာ့ ခံေနရပါၿပီ ။ လီဗာပူး အသင္းဟာ အသင္းရဲ႕ အဓိက တိုက္စစ္မႉးျဖစ္တဲ့ ပရီးမီယားလိဂ္ ေ႐ႊဖိနပ္ဆုရွင္ ဆာလာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနတာ ႏွစ္ေပါက္ ေနၿပီ ျဖစ္ၿပီး အခုထိ ဘာမွ တိုးတက္မႈ မရွိေသးတာပါ။

ဆာလာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားရင္း အသင္းရဲ႕ ရိုးသား ႀကိဳးစား ဖိုးသခြားျဖစ္တဲ့ ဆီနီေဂါ တိုက္စစ္မႉး မာေနးကိုလဲ လက္လႊတ္လိုက္ ရၿပီ ျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္း ကုန္မွာျခင္း အတူတူကို လီဗာပူးက ဆာလာကို စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ပဲ အာ႐ုံစိုက္ေနတဲ့ အတြက္ တစ္ပတ္ ေပါင္တစ္သိန္းပဲ ရေပမယ့္ ကြၽဲလို႐ုန္းေနရတဲ့ မာေနးက စိတ္ပ်က္ သြားခဲ့တာပါ။

မာေနးဟာ လီဗာပူး အသင္းက ထြက္ခြာမယ္လို႔ ထုတ္ေျပာခဲ့ၿပီး အလတ္ႀကီး ရွိေနေသးတဲ့ မာေနးကို ဂ်ာမန္ဘြန္ဒက္လီဂါ ထိပ္သီးကလပ္ ဘိုင္ယန္ျမဴးနစ္က ‌သန္း ၃၀ ေက်ာ္နဲ႕ လာေရာက္ ပင့္ေဆာင္ သြားခဲ့ပါတယ္။ အခုေတာ့ မာေနးဟာ လီဗာပူးက ရတဲ့ လစာထက္ ႏွစ္ဆေက်ာ္ပိုရေနၿပီ ျဖစ္ပီး အလႉအတန္းေတြ ေအးေဆး လုပ္နိုင္ေတာ့မွာပါ။

လက္ရွိမွာေတာ့ တိုက္စစ္မႉးခ်င္း အတူတူကို မာေနးထက္ ဆာလာကို ဦးစားေပးေနတယ္လို႔ ေဝဖန္ခံေနရတဲ့ လီဗာပူးကေတာ့ အီဂ်စ္သားေၾကာင့္ စိတ္ညစ္ေနရပါၿပီ။ အေၾကာင္းကေတာ့ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ ေရာက္ေနတဲ့ ဆာလာကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ႀကိဳးစားေနခ်ိန္မွာ တပတ္လုပ္ခ ေပါင္ ၄ သိန္းအထိ ေတာင္းဆိုေနလို႔ပါ။

ဒါဟာ ေငြေၾကး သုံးစြဲမႈကို မူဝါဒ အေတာ္ေလး တင္းၾကပ္တဲ့ လီဗာပူးကို ေခါင္းခဲေစခဲ့တာပါ။ အသင္းရဲ႕ လစာအမ်ားဆုံးရ ေနာက္ခံလူ ဗန္ဒိုက္ရဲ႕ ေပါင္ ၂၄၀၀၀၀ ထက္ ေပါင္ ၁၆၀၀၀၀ အထိေတာင္ မ်ားျပားတာပါ။ ၿပီးေတာ့ တပတ္ေပါင္တသိန္းပဲရခဲ့တဲ့ မာေနးရဲ႕လစာထက္ ၄ ဆအထိကို ဆာလာက ေတာင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။

စာခ်ဳပ္သက္တမ္း ကုန္ေတာ့မွာမို႔ လီဗာပူး အေနနဲ႕ ဆာလာေတာင္းတာကို ေပးမလား၊ ဒါမွမဟုတ္ ေရာင္းမလား ဆုံးျဖတ္ရေတာ့မွာပါ။ မဟုတ္ရင္ေတာ့ စာခ်ဳပ္သက္တမ္း ကုန္ရင္ ဆာလာက အလြတ္ ထြက္ခြာနိုင္မွာ ျဖစ္ၿပီး ရာသီဝက္ ကာလမွာ သူ ႏွစ္သက္ရာအသင္းနဲ႕ အႀကိဳသေဘာတူညီမႈရယူနိုင္မွာ မို႔လိုပါပဲ။ လီဗာပူးေတာ့ ဆာလာေၾကာင့္ စိတ္ညစ္ေနရ ေလာက္ပါၿပီ။