Spots news

လစာလေးသိန်းအထိ တိုးတောင်းနေလို့ ဆာလာကို ယခုနွေမှာပဲ ရောင်းချဖွယ်ရှိတဲ့ လီဗာပူး

Unicode Version

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ လီဗာပူး အသင်းပိုင်ရှင်တွေဟာ အသင်းရဲ့ အရေးအပါဆုံး ကစားသမားဖြစ်ပေမယ့် လခတိုးတောင်းနေတဲ့ တိုက်စစ်မှူး မိုဆာလာကို အခုနှစ် နွေဈေးကွက်အတွင်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)လောက်နဲ့ လက်လွတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

အခုလို သတင်းထွက်လာခဲ့တဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဆာလာကို ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ် အသင်းက စိတ်ဝင်စားလို့နေပြီး ရီးယဲလ်ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် ဆာလာလို ထိပ်တန်း ကစားသမားကောင်းမျိုးကို အလိုရှိနေပါတယ်။

ဘင်ဖီကာအသင်းရဲ့ ဥရုဂွေးလက်ရွေးစင် ကြယ်ပွင့် ဒါဝင်နူနက်ဇ်ကို ခေါ်ယူထားနိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ နူနက်ဇ်ကို ခေါ်ယူပြီးနောက်မှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား မာနေးကို ဘိုင်ယန်မြူးနစ် အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ရောင်းချ ခဲ့ပါတယ်။

လီဗာပူး အသင်းနဲ့ စာချုပ် တစ်နှစ်သာ ကျန်တော့တဲ့ ဆာလာဟာ လုပ်ခ လစာ ပေါင်လေးသိန်းအထိ တိုးတောင်းနေပြီး လီဗာပူးဘက်က ပေးချေဖို့ မဖြစ်နိုင်တဲ့ အ‌ခြေအနေ ရှိနေပါတယ်။ ဒါ့ကြောင့် စာချုပ်သက်တမ်း ကုန်ရင် အလွတ်နဲ့ လက်လွှတ်ရမှာ ဖြစ်သဖြင့် ယခုနွေရာသီ အပြောင်းအရွေ့မှာပဲ လီဗာပူး အနေနဲ့ ဆာလာကို ရောင်းထုတ်ဖို့ ရှိနေပါတယ်။

ဆာလာဟာ ၂၀၁၇ခုနှစ်ကမှ ရိုးမားအသင်းကနေ လီဗာပူးကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လီဗာပူးနဲ့ (၅)ရာသီ ဖြတ်သန်းပြီးနောက်မှာ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် အပါအဝင် ဆုဖလားတွေအားလုံး ရရှိပိုင်ဆိုင်ခဲ့ပြီး တစ်ဦးချင်း အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

Zawgyi Version

The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူး အသင္းပိုင္ရွင္ေတြဟာ အသင္းရဲ႕ အေရးအပါဆုံး ကစားသမားျဖစ္ေပမယ့္ လခတိုးေတာင္းေနတဲ့ တိုက္စစ္မႉး မိုဆာလာကို အခုႏွစ္ ေႏြေဈးကြက္အတြင္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၆၀)ေလာက္နဲ႕ လက္လြတ္သြားဖို႔ ဆႏၵရွိေနတယ္လို႔ သိရွိရပါတယ္။

အခုလို သတင္းထြက္လာခဲ့တဲ့ အီဂ်စ္တိုက္စစ္ကစားသမား မိုဆာလာကို ဥေရာပခ်န္ပီယံ ရီးယဲလ္မက္ဒရစ္ အသင္းက စိတ္ဝင္စားလို႔ေနၿပီး ရီးယဲလ္ကလည္း အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ အတြက္ ဆာလာလို ထိပ္တန္း ကစားသမားေကာင္းမ်ိဳးကို အလိုရွိေနပါတယ္။

ဘင္ဖီကာအသင္းရဲ႕ ဥ႐ုေဂြးလက္ေ႐ြးစင္ ၾကယ္ပြင့္ ဒါဝင္ႏူနက္ဇ္ကို ေခၚယူထားနိုင္ခဲ့တဲ့ လီဗာပူးအသင္းဟာ ႏူနက္ဇ္ကို ေခၚယူၿပီးေနာက္မွာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေနေတာ့တဲ့ ဆီနီေဂါ တိုက္စစ္ကစားသမား မာေနးကို ဘိုင္ယန္ျမဴးနစ္ အသင္းဆီ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႕ ေရာင္းခ် ခဲ့ပါတယ္။

လီဗာပူး အသင္းနဲ႕ စာခ်ဳပ္ တစ္ႏွစ္သာ က်န္ေတာ့တဲ့ ဆာလာဟာ လုပ္ခ လစာ ေပါင္ေလးသိန္းအထိ တိုးေတာင္းေနၿပီး လီဗာပူးဘက္က ေပးေခ်ဖိဳ႕ မျဖစ္နိုင္တဲ့ အ‌ေျခအေန ရွိေနပါတယ္။ ဒါ့ေၾကာင့္ စာခ်ဳပ္သက္တမ္း ကုန္ရင္ အလြတ္နဲ႕ လက္လႊတ္ရမွာ ျဖစ္သျဖင့္ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာပဲ လီဗာပူး အေနနဲ႕ ဆာလာကို ေရာင္းထုတ္ဖို႔ ရွိေနပါတယ္။

ဆာလာဟာ ၂၀၁၇ခုႏွစ္ကမွ ရိုးမားအသင္းကေန လီဗာပူးကို ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး လီဗာပူးနဲ႕ (၅)ရာသီ ျဖတ္သန္းၿပီးေနာက္မွာ ခ်န္ပီယံလိဂ္ ပရီးမီးယားလိဂ္ အပါအဝင္ ဆုဖလားေတြအားလုံး ရရွိပိုင္ဆိုင္ခဲ့ၿပီး တစ္ဦးခ်င္း ေအာင္ျမင္မႈေတြလည္း ရရွိခဲ့ပါတယ္။