Spots news

ဘလက်ဘန်း နဲ့ နယူးကာဆယ် ငြင်းတာခံခဲ့ရဘူးတဲ့ ပြင်သစ်ဂန္တဝင်ကြီး ဇီဒန်း

Unicode Version

တချိန်တခါ က ဘလက်ဘန်းရ်ိုဗာ ဆိုတဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာတော့ ဆရာကျတဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပြီး အန်ဒီကိုးလ်၊ တင်ရှားဝုဒ် တို့လို အင်္ဂလန်အကျော်အမော် တွေ နဲ့ တောက်ပ ခဲ့ဖူးပါတယ်။

၁၉၉၀ ခေတ်လွန် နဲ့ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်ကာလတွေမှာ ဘလက်ဘန်း အသင်းဟာ ထိပ်သီး မဟုတ်တောင် ဖျတ်မြင်းအဆင့်ထက် သာလွန်တဲ့ အခြေအနေမှာ ရှိခဲ့ပြီး ထိုချိန်အခါက ကမ္ဘာ့အကောင်းဆုံး ဖြစ်လာဖို့ တာဆူနေတဲ့ ဇီဒန်း ကို ပိုင်ဆိုင်ခွင့်ရဖို့ နီးစပ်ခဲ့ပါသေးတယ်။

ဇီဒန်း က ကစားသမားဘဝကို ၁၉၈၉ မှာ Cannes အသင်းမှာ စတင်ခဲ့ပြီး သုံးရာသီကြာ ကစားခဲ့ပါတယ်။ ပထမဆုံးကြေးစား အဖြစ် စတင်ကစားတဲ့ ရာသီမှာပဲ ဇီဒန်း က လိဂ်အဆင့်လေး ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးကာ ဥရောပဝင်ခွင့် ရရှိစေဖို့ ကူညီခဲ့ပါတယ်။

Cannes မှာ သုံးရာသီကြာ ကစားပြီးနောက် ၁၉၉၂ မှာတော့ ဘော်ဒိုး အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ဘော်ဒိုး အသင်းနဲ့ နှစ်ရာသီကြာ ကစားခဲ့ပြီး ၁၉၉၅ မှာတော့ ဘလက်ဘန်း နည်းပြ ကင်နီဒဲလ်ဂလရှ် က ပြင်သစ်မြေမှာ တောက်ပ နေတဲ့ ဇီဇူး ကို ရှာဖွေတွေ့ရှိခဲ့ပြီး အင်္ဂလန်မြေ ကို ခေါ်ယူဖ်ို့ အသင်းဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ပါတယ်။

ဒဲလ်ဂလရှ် ဖက်က ဇီဒန်း ကို လေ့လာစောင့်ကြည့်ဖို့ ကိုယ်တိုင် ပြင်သစ်မြေအထိ သွားရောက်ကင်းထောက်ခဲ့ပေမယ့် ထိုစဉ်က ဘလက်ဘန်း အသင်းပိုင်ရှင် ဂျက်ဝေါ်ကာ က “ငါတို့မှာ တင်ရှားဝုဒ် ရှိနေတာပဲ ဘာလို့ ဇီဒန်း ကို ထပ်လိုမှာလည်း?” ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူ ပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

အလားတူ ၁၉၉၆ မှာလည်း ဇီဒန်း ဟာ နယူးကာဆယ် အသင်းထံ ယူရို(၁.၂)သန်း နဲ့ ခေါ်ယူခွင့်ကမ်းလှမ်းခဲ့ပေမယ့် ပရီးမီးယားလိဂ် ကလပ်ဖက်က ပြင်သစ်သား ဟာ အင်္ဂလန်မြေမှာကစားရန် လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိဘူးဆိုပြီး ပယ်ချခဲ့ပြန်ပါသေးတယ်။

ဇီဒန်း ဟာ ၁၉၉၆ မှာပဲ ဂျူဗင်တပ် အသင်းက်ို ပြောင်းရွှေ့သွားခဲ့ပြီး ကျန်တဲ့ခုနှစ်တွေမှာတော့ သူ့ရဲ့အမည်နာမကို ကမ္ဘာကြီးက ထာဝရမှတ်မိနေဖို့ မှတ်ကျောက် ရေးထိုးနိုင်ခဲ့ပါတယ်။

ဇီဒန်း ကို ပီးရီးမီးယားလိဂ်ကလပ်တွေ ငြင်းဆိုခဲ့တဲ့အဆိုပါရာသီမှာ ဘော်ဒိုးအသင်းနဲ့အတူ Intertoto Cup ရရှိခဲ့သလို UEFA Cup မှာလည်း runner up ဖြစ်ခဲ့ပါသေးတယ်။အဆိုပါရာသီ (၉၅-၉၆) မှာပဲ ပြင်သစ်လိဂ် ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ် သတ်မှတ်ခံခဲ့ရပါသေးတယ်။

ဇီဒန်း ကို ပရီးမီးယားလိဂ်ကလပ်တချို့ က လက်လွှတ်ခဲ့ပေမယ့် နောက်ထပ် နှစ်အနည်းငယ်အကြာမှာတော့ ဆာအဲလက်စ် ဖာဂူဆန် က အမိအရ လ်ိုက်ခေါ်ပေမယ့် အဆုံးသတ်မှာတော့ ပြင်သစ်သားဟာ အ်မ်မက်ပြဇာတ်ရုံမှာ ကပြဖျော်ဖြေဖို့ လွဲချော်ခဲ့ရပါတယ်။

ဆာအဲလက်စ် က ဇီဒန်း နဲ့ ပက်သက်လို့ ” ကျွန်တော့်ကို ဇီဒန်း နဲ့ သစ်သားချောင်း (၁၀)ပဲ ပေးပါ၊ ချန်ပီယံလိဂ်ဖလား ယူပြမယ်” လို့ပြောရတဲ့အထိ ချီးကျူးခဲ့ရတဲ့ ထူးခြားတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Zawgyi Version

တခ်ိန္တခါ က ဘလက္ဘန္းရ္ိုဗာ ဆိုတဲ့အသင္းဟာ ပရီးမီးယားလိဂ္မွာေတာ့ ဆရာက်တဲ့ အသင္းတစ္သင္း ျဖစ္ခဲ့ၿပီး အန္ဒီကိုးလ္၊လတင္ရွားဝုဒ္ တို႔လို အဂၤလန္အေက်ာ္အေမာ္ ေတြ နဲ႕ ေတာက္ပ ခဲ့ဖူးပါတယ္။

၁၉၉၀ ေခတ္လြန္ နဲ႕ ၂၀၀၀ ျပည့္ႏွစ္ မတိုင္ခင္ကာလေတြမွာ ဘလက္ဘန္း အသင္းဟာ ထိပ္သီး မဟုတ္ေတာင္ ဖ်တ္ျမင္းအဆင့္ထက္ သာလြန္တဲ့ အေျခအေနမွာ ရွိခဲ့ၿပီး ထိုခ်ိန္အခါက ကမာၻ႔အေကာင္းဆုံး ျဖစ္လာဖို႔ တာဆူေနတဲ့ ဇီဒန္း ကို ပိုင္ဆိုင္ခြင့္ရဖို႔ နီးစပ္ခဲ့ပါေသးတယ္။

ဇီဒန္း က ကစားသမားဘဝကို ၁၉၈၉ မွာ Cannes အသင္းမွာ စတင္ခဲ့ၿပီး သုံးရာသီၾကာ ကစားခဲ့ပါတယ္။ ပထမဆုံးေၾကးစား အျဖစ္ စတင္ကစားတဲ့ ရာသီမွာပဲ ဇီဒန္း က လိဂ္အဆင့္ေလး ရပ္တည္နိုင္ေအာင္ စြမ္းေဆာင္ေပးကာ ဥေရာပဝင္ခြင့္ ရရွိေစဖို႔ ကူညီခဲ့ပါတယ္။

Cannes မွာ သုံးရာသီၾကာ ကစားၿပီးေနာက္ ၁၉၉၂ မွာေတာ့ ေဘာ္ဒိုး အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။ေဘာ္ဒိုး အသင္းနဲ႕ ႏွစ္ရာသီၾကာ ကစားခဲ့ၿပီး ၁၉၉၅ မွာေတာ့ ဘလက္ဘန္း နည္းျပ ကင္နီဒဲလ္ဂလရွ္ က ျပင္သစ္ေျမမွာ ေတာက္ပ ေနတဲ့ ဇီဇူး ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး အဂၤလန္ေျမ ကို ေခၚယူဖ္ို႔ အသင္းဘုတ္အဖြဲ႕ထံ ေတာင္းဆိုခဲ့ပါတယ္။

ဒဲလ္ဂလရွ္ ဖက္က ဇီဒန္း ကို ေလ့လာေစာင့္ၾကည့္ဖို႔ ကိုယ္တိုင္ ျပင္သစ္ေျမအထိ သြားေရာက္ကင္းေထာက္ခဲ့ေပမယ့္ ထိုစဥ္က ဘလက္ဘန္း အသင္းပိုင္ရွင္ ဂ်က္ေဝၚကာ က “ငါတို႔မွာ တင္ရွားဝုဒ္ ရွိေနတာပဲ ဘာလို႔ ဇီဒန္း ကို ထပ္လိုမွာလည္း?” ဆိုတဲ့ဆုံးျဖတ္ခ်က္နဲ႕အတူ ပယ္ခ်လိဳက္တာပဲ ျဖစ္ပါတယ္။

အလားတူ ၁၉၉၆ မွာလည္း ဇီဒန္း ဟာ နယူးကာဆယ္ အသင္းထံ ယူရို(၁.၂)သန္း နဲ႕ ေခၚယူခြင့္ကမ္းလွမ္းခဲ့ေပမယ့္ ပရီးမီးယားလိဂ္ ကလပ္ဖက္က ျပင္သစ္သား ဟာ အဂၤလန္ေျမမွာကစားရန္ လုံေလာက္တဲ့ ႀကံ့ခိုင္မႈမရွိဘူးဆိုၿပီး ပယ္ခ်ခဲ့ျပန္ပါေသးတယ္။

ဇီဒန္း ဟာ ၁၉၉၆ မွာပဲ ဂ်ဴဗင္တပ္ အသင္းက္ို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး က်န္တဲ့ခုႏွစ္ေတြမွာေတာ့ သူ႕ရဲ႕အမည္နာမကို ကမာၻႀကီးက ထာဝရမွတ္မိေနဖို႔ မွတ္ေက်ာက္ ေရးထိုးနိုင္ခဲ့ပါတယ္။

ဇီဒန္း ကို ပီးရီးမီးယားလိဂ္ကလပ္ေတြ ျငင္းဆိုခဲ့တဲ့အဆိုပါရာသီမွာ ေဘာ္ဒိုးအသင္းနဲ႕အတူ Intertoto Cup ရရွိခဲ့သလို UEFA Cup မွာလည္း runner up ျဖစ္ခဲ့ပါေသးတယ္။အဆိုပါရာသီ (၉၅-၉၆) မွာပဲ ျပင္သစ္လိဂ္ ရဲ႕ အေကာင္းဆုံး ကစားသမားအျဖစ္ ေ႐ြးခ်ယ္ သတ္မွတ္ခံခဲ့ရပါေသးတယ္။

ဇီဒန္း ကို ပရီးမီးယားလိဂ္ကလပ္တခ်ိဳ႕ က လက္လႊတ္ခဲ့ေပမယ့္ ေနာက္ထပ္ ႏွစ္အနည္းငယ္အၾကာမွာေတာ့ ဆာအဲလက္စ္ ဖာဂူဆန္ က အမိအရ လ္ိုက္ေခၚေပမယ့္ အဆုံးသတ္မွာေတာ့ ျပင္သစ္သားဟာ အ္မ္မက္ျပဇာတ္႐ုံမွာ ကျပေဖ်ာ္ေျဖဖို႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ဆာအဲလက္စ္ က ဇီဒန္း နဲ႕ ပက္သက္လို႔ ” ကြၽန္ေတာ့္ကို ဇီဒန္း နဲ႕ သစ္သားေခ်ာင္း (၁၀)ပဲ ေပးပါ၊ ခ်န္ပီယံလိဂ္ဖလား ယူျပမယ္” လို႔ေျပာရတဲ့အထိ ခ်ီးက်ဴးခဲ့ရတဲ့ ထူးျခားတဲ့ ကစားသမားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။