Spots news

ဟိန်းဝေယံကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းဆီရောင်းဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ မန်ယူ

Unicode Version

ဖလာမင်ဂိုကို အငှားထွက် ကစားရာကနေ ဖလာမင်ဂိုက အပြီးသတ် မခေါ်ယူခဲ့တာကြောင့် မိခင်ကလပ် ဖြစ်တဲ့ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိ လာခဲ့တဲ့ ကွင်းလယ်လူ ပါရဲယားဟာ ယူနိုက်တက်ကနေ တစ်ဖန်ပြန်လည် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ အငှားဖြင့်မဟုတ်ပဲ အပြီးသတ် ဖြစ်ပါတယ်။

ယခုနှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဖူလ်ဟမ် အသင်းဟာ ယူနိုက်တက်က ရောင်းချချင်နေတဲ့ ကွင်းလယ်လူ ပါရဲယား အတွက် ယူရို ၁၀ သန်း + အပိုဆုကြေး ၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ကစားသမားနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရန်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ကနဦးက ပါရဲယားကို ခေါ်ယူရန် စိတ်ဝင်စားတဲ့ ကလပ် အသင်း မရှိသေးတာဖြစ်လို့ ယူနိုက်တက် နည်းပြသစ် တန်ဟက်ခ်က အသင်းမှာ ပြန်လည် နေရာပေးသွားမယ်လို့ သတင်းထွက် လာပြီးနောက်မှာ ယူနိုက်တက် ပရိတ်သတ်တွေဟာ ကွင်းလယ်အတွက် ကစားသမား အင်အား ထပ်မံဖြည့်တင်းမှု မပြုလုပ်မှာကို စိုးရိမ်ခဲ့ကြပေမယ့် အခုတော့ သက်ပြင်းချနိုင်ခဲ့ပါပြီ။

လက်ရှိမှာ ဖူလ်ဟမ်နဲ့ ယူနိုက်တက်တို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး ပါရဲယားကလဲ ယူနိုက်တက်မှာ ပုံမှန် နေရာမရနိုင်တာကို ကြိုတင် သိရှိထားသလို ဥရောပမှာ ဆက်လက်ကစားချင်တာကြောင့် ပရီးမီးယားလိဂ် တန်းတက် ဖူလ်ဟမ်ကို ပြောင်းရွေ့ဖို့ သဘောတူရန် အလွန် နီးစပ်နေပြီ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် လောက်ကတည်းက ယူနိုက်တက် လူငယ်အ ကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ ပါရဲယားဟာ ယူနိုက်တက် အသင်းကို နည်းပြဟောင်းကြီး လူးဝစ်ဗန်ဟားလ် ကိုင်တွယ်ခဲ့ချိန် ၂၀၁၅ခုနှစ်မှာပဲ သူရဲ့ ယူနိုက်တက် စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက် ကစားသမားအဖြစ် ၈ ရာသီလောက် ရှိခဲ့ရတဲ့ ပါရဲယားဟာ အသင်းအတွက် ပွဲပေါင်း ၇၅ ပွဲသာ ကစားခဲ့ရပြီး ဂရန်နာဒါ ဗလင်စီယာ လာဇီယို နဲ့ ဖလာမင်ဂို အသင်းတွေဆီ အငှားသွားရောက် ကစားခဲ့ရသလို အခုတော့ ယူနိုက်တက်ကနေ ဖူလ်ဟမ်အသင်းဆီ အပြီးသတ် ပြောင်းရွေ့တော့မှာ ဖြစ်ပါတယ်။

Zawgyi Version

ဖလာမင္ဂိုကို အငွားထြက္ ကစားရာကေန ဖလာမင္ဂိုက အၿပီးသတ္ မေခၚယူခဲ့တာေၾကာင့္ မိခင္ကလပ္ ျဖစ္တဲ့ ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိ လာခဲ့တဲ့ ကြင္းလယ္လူ ပါရဲယားဟာ ယူနိုက္တက္ကေန တစ္ဖန္ျပန္လည္ ထြက္ခြာေတာ့မွာ ျဖစ္ပါတယ္။ ဒီတစ္ခါေတာ့ အငွားျဖင့္မဟုတ္ပဲ အၿပီးသတ္ ျဖစ္ပါတယ္။

ယခုႏွစ္မွာ ပရီးမီးယားလိဂ္ကို တန္းတက္လာခဲ့တဲ့ ဖူလ္ဟမ္ အသင္းဟာ ယူနိုက္တက္က ေရာင္းခ်ခ်င္ေနတဲ့ ကြင္းလယ္လူ ပါရဲယား အတြက္ ယူရို ၁၀ သန္း + အပိုဆုေၾကး ၃ သန္းျဖင့္ ေခၚယူရန္ သေဘာတူညီမႈရရွိခဲ့ၿပီ ျဖစ္ေၾကာင္း သိရပါတယ္။ လက္ရွိမွာ ကစားသမားႏွင့္ ပုဂၢိဳလ္ေရး သေဘာတူညီမႈရရန္သာ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။

ကနဦးက ပါရဲယားကို ေခၚယူရန္ စိတ္ဝင္စားတဲ့ ကလပ္ အသင္း မရွိေသးတာျဖစ္လို႔ ယူနိုက္တက္ နည္းျပသစ္ တန္ဟက္ခ္က အသင္းမွာ ျပန္လည္ ေနရာေပးသြားမယ္လို႔ သတင္းထြက္ လာၿပီးေနာက္မွာ ယူနိုက္တက္ ပရိတ္သတ္ေတြဟာ ကြင္းလယ္အတြက္ ကစားသမား အင္အား ထပ္မံျဖည့္တင္းမႈ မျပဳလုပ္မွာကို စိုးရိမ္ခဲ့ၾကေပမယ့္ အခုေတာ့ သက္ျပင္းခ်နိဳင္ခဲ့ပါၿပီ။

လက္ရွိမွာ ဖူလ္ဟမ္နဲ႕ ယူနိုက္တက္တို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ၿပီး ပါရဲယားကလဲ ယူနိုက္တက္မွာ ပုံမွန္ ေနရာမရနိုင္တာကို ႀကိဳတင္ သိရွိထားသလို ဥေရာပမွာ ဆက္လက္ကစားခ်င္တာေၾကာင့္ ပရီးမီးယားလိဂ္ တန္းတက္ ဖူလ္ဟမ္ကို ေျပာင္းေ႐ြ႕ဖို႔ သေဘာတူရန္ အလြန္ နီးစပ္ေနၿပီ ျဖစ္ပါတယ္။

၂၀၁၂ခုႏွစ္ ေလာက္ကတည္းက ယူနိုက္တက္ လူငယ္အ ကယ္ဒမီကို ေရာက္ရွိလာခဲ့တဲ့ ပါရဲယားဟာ ယူနိုက္တက္ အသင္းကို နည္းျပေဟာင္းႀကီး လူးဝစ္ဗန္ဟားလ္ ကိုင္တြယ္ခဲ့ခ်ိန္ ၂၀၁၅ခုႏွစ္မွာပဲ သူရဲ႕ ယူနိုက္တက္ စီနီယာ ကစားသမားဘဝကို စတင္ခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ယူနိုက္တက္ ကစားသမားအျဖစ္ ၈ ရာသီေလာက္ ရွိခဲ့ရတဲ့ ပါရဲယားဟာ အသင္းအတြက္ ပြဲေပါင္း ၇၅ ပြဲသာ ကစားခဲ့ရၿပီး ဂရန္နာဒါ ဗလင္စီယာ လာဇီယို နဲ႕ ဖလာမင္ဂို အသင္းေတြဆီ အငွားသြားေရာက္ ကစားခဲ့ရသလို အခုေတာ့ ယူနိုက္တက္ကေန ဖူလ္ဟမ္အသင္းဆီ အၿပီးသတ္ ေျပာင္းေ႐ြ႕ေတာ့မွာ ျဖစ္ပါတယ္။