Spots news

သူ့ရဲ့ အောင်‌မြေဖြစ်တဲ့ ဝက်စ်ဟမ်းကို ပြောင်းရွေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ သရဲနီဟောင်းလင်ဂတ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ထွက်ခွာ လာခဲ့ပြီ ဖြစ်တဲ့  ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီက အငှားနဲ့ သွားရောက် ကစားခဲ့တဲ့ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေ ဖြစ်နေပြီလို့ သိရှိရပါတယ်။

ယူနိုက်တက်ကို ၇ နှစ်သား အရွယ်ကတည်းက ရောက်ရှိ လာခဲ့ပြီး ၂၀၁၄ မှာ စီနီယာ ကစားသမား ဘဝကို စတင်ခဲ့တဲ့ လင်ဂတ်ဟာ ယူနိုက်တက် အတွက် စုစုပေါင်း ၂၃၂ ပွဲအထိကို ပါဝင်ကစား ပေးနိုင်ခဲ့ပြီး အသင်းနဲ့လည်း ယူရိုပါလိဂ်ဖလား အက်ဖ်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ပိုင်ဆိုင်နိုင် ခဲ့ပါတယ်။

ယခုနွေရာသီ အပြောင်းအရွေ့မှာ‌တော့ လင်ဂတ်ဟာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးခဲ့ပြီ ဖြစ်ပြီး ယူနိုက်တက်နဲ့ စာချုစ်သစ် မချုပ်ဆိုတော့ပဲ လမ်းခွဲခဲ့ကာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ လင်ဂတ် အနေနဲ့ သူ့စိတ်ကြိုက် ကလပ်အသင်း တစ်ခုခုကို စိတ်တိုင်းကျ ရွေးချယ်နိုင်တာ ဖြစ်ပါတယ်။

လင်ဂတ်ကြိ စီးရီးအေနဲ့ လာလီဂါ ကလပ်အသင်းတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပေမယ့် Daily Mail သတင်းမီဒီယာရဲ့ ဖော်ပြချက်အရတော့ ဝက်စ်ဟမ်းက လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေတယ် သိရပါတယ်။ ဝက်စ်ဟမ်းဟာ အသင်းမှာ ၆ လအငှားနဲ့ လာရောက် ကစားခဲ့ဖူးပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ လင်ဂတ်ကို အရခေါ်ယူချင်နေတာပါ။

လင်ဂတ်ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီဈေးကွက်အတွင်းမှာ ဝက်စ်ဟမ်းအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ် ၁၆ ပွဲ ပါဝင်ကစားပေးရင်း ၉ ဂိုး သွင်းယူပေး နိုင်ခဲ့သလို အသင်းကိုလည်း ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဝက်စ်ဟမ်းက လင်ဂတ်ကို အလိုရှိနေတာဖြစ်ပြီး လင်ဂတ်ကိုယ်တိုင်ကလည်း တခြားလိဂ်တစ်ခုကို မပြောင်းရွေ့ပဲ ပရီးမီးယားလိဂ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ထားတာကြောင့် သူရဲ့အောင်မြေဖြစ်တဲ့ လန်ဒန်မြေဆီ ထပ်မံခြေချလာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းကေန ထြက္ခြာ လာခဲ့ၿပီ ျဖစ္တဲ့  ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ဟာ ၂၀၂၀-၂၁ ေဘာလုံးရာသီက အငွားနဲ႕ သြားေရာက္ ကစားခဲ့တဲ့ သူရဲ႕ကလပ္အသင္းေဟာင္းျဖစ္တဲ့ ဝက္စ္ဟမ္း အသင္းဆီ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ အနီးစပ္ဆုံး အေျခအေန ျဖစ္ေနၿပီလို႔ သိရွိရပါတယ္။

ယူနိုက္တက္ကို ၇ ႏွစ္သား အ႐ြယ္ကတည္းက ေရာက္ရွိ လာခဲ့ၿပီး ၂၀၁၄ မွာ စီနီယာ ကစားသမား ဘဝကို စတင္ခဲ့တဲ့ လင္ဂတ္ဟာ ယူနိုက္တက္ အတြက္ စုစုေပါင္း ၂၃၂ ပြဲအထိကို ပါဝင္ကစား ေပးနိုင္ခဲ့ၿပီး အသင္းနဲ႕လည္း ယူရိုပါလိဂ္ဖလား အက္ဖ္ေအဖလား လိဂ္ဖလားနဲ႕ ကြန္ျမဴနတီဒိုင္း တို႔ကို ပိုင္ဆိုင္နိုင္ ခဲ့ပါတယ္။

ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ‌ေတာ့ လင္ဂတ္ဟာ ယူနိုက္တက္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္းက ကုန္ဆုံးခဲ့ၿပီ ျဖစ္ၿပီး ယူနိုက္တက္နဲ႕ စာခ်ဳစ္သစ္ မခ်ဳပ္ဆိုေတာ့ပဲ လမ္းခြဲခဲ့ကာ လက္ရွိမွာ အသင္းလက္မဲ့ ျဖစ္ေနတဲ့ လင္ဂတ္ အေနနဲ႕ သူ႕စိတ္ႀကိဳက္ ကလပ္အသင္း တစ္ခုခုကို စိတ္တိုင္းက် ေ႐ြးခ်ယ္နိုင္တာ ျဖစ္ပါတယ္။

လင္ဂတ္ႀကိ စီးရီးေအနဲ႕ လာလီဂါ ကလပ္အသင္းေတြက ေခၚယူသြားဖို႔ စိတ္ဝင္စားေနေပမယ့္ Daily Mail သတင္းမီဒီယာရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဝက္စ္ဟမ္းက လင္ဂတ္ကို ေခၚယူနိုင္ဖို႔ ေရပန္းအစားဆုံးအသင္း ျဖစ္ေနတယ္ သိရပါတယ္။ ဝက္စ္ဟမ္းဟာ အသင္းမွာ ၆ လအငွားနဲ႕ လာေရာက္ ကစားခဲ့ဖူးၿပီး ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့သူ လင္ဂတ္ကို အရေခၚယူခ်င္ေနပါတယ္။

လင္ဂတ္ဟာ ၂၀၂၁ခုႏွစ္ ဇန္နဝါရီေဈးကြက္အတြင္းမွာ ဝက္စ္ဟမ္းအသင္းဆီကို ရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႕ ေျပာင္းေ႐ႊ႕ လာခဲ့တာျဖစ္ၿပီး အသင္းအတြက္ ပရီးမီးယားလိဂ္ ၁၆ ပြဲ ပါဝင္ကစားေပးရင္း ၉ ဂိုး သြင္းယူေပး နိုင္ခဲ့သလို အသင္းကိုလည္း ယူရိုပါလိဂ္ဝင္ခြင့္ ရရွိေအာင္ စြမ္းေဆာင္ ေပးနိုင္ခဲ့ပါတယ္။

ဒီလို အေျခအေနေတြေၾကာင့္ ဝက္စ္ဟမ္းက လင္ဂတ္ကို အလိုရွိေနတာျဖစ္ၿပီး လင္ဂတ္ကိုယ္တိုင္ကလည္း တျခားလိဂ္တစ္ခုကို မေျပာင္းေ႐ြ႕ပဲ ပရီးမီးယားလိဂ္မွာသာ ဆက္ေနဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ သူရဲ႕ေအာင္ေျမျဖစ္တဲ့ လန္ဒန္ေျမဆီ ထပ္မံေျခခ်လာဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။