Spots news

မိုဗစ်က အသင်းကို ပြန်လည်တောင်းပန်ခဲ့ပါတယ် ဆိုတဲ့ နည်းပြပီအိုလီ

Unicode Version

ယမန်နေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ကိုပါအီတလျံဖလားပြိုင်ပွဲမှာတော့ အင်တာအသင်းက ၂ – ၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အေစီအသင်းရဲ့တိုက်စစ်မှူးကြီး မိုဗစ်ဟာ ၂ ဝါ ၁ နီ နဲ့ထုတ်ပယ်ခံခဲ့ရဲပီး အဲ့ဒါကလည်း အသင်းအတွက် အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ အခုတော့ အေစီနည်းပြ ပီအိုလီက မိုဗစ်ဟာ ဒီအတွက် တောင်းပန်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

မိုဗစ်ဟာ ပွဲချိန် ၄၅ မိနစ်မှာတော့ မန်ယူအသင်းဖော်ဟောင်း လူကာကူနဲ့ ငြိခဲ့တာဖြစ်ပါတယ်။ သူတို့ ၂ ဦး ခေါင်းချင်းဆိုင်ခဲ့ပြီး လူကာကူက မိုဗစ်ကို ဆဲရေးခဲ့သေးတယ်လို့လည်း သိရပါတယ်။ အဲ့ဒီနောက် မိုဗစ်ဟာ ဒုတိယပိုင်း ၅၈ မိနစ်မှာ နောက်ထပ် ၁ ဝါထိခဲ့ပြီး ထုတ်ပယ်ခံလိုက်ရပါတယ်။

မိုဗစ်ဟာ ဒီပွဲမှာ အေစီအတွက် အဖွင့်ဂိုးကို သွင်းပေးခဲ့ပေမယ့်လည်း လူကာကူက ချေပဂိုးနဲ့ နာကျင်မိနစ်မှာ အဲရစ်ဆင်က အင်တာအတွက် အနိုင်ဂိုးသွင်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုတော့ အေစီနည်းပြ ပီအိုလီက မိုဗစ်ရဲ့တောင်းပန်မှုအကြောင်း ပြန်ပြောင်းပြောဆိုသွားခဲ့ပါတယ်။

ပီအိုလီက “ မိုဗစ်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အသင်းအတွက် ပြဿနာတစ်ခုကို သူ ဖန်တီးလိုက်မိမှန်း သူ သိပါတယ်။ ဒီအတွက်လည်း သူ ပြန်တောင်းပန်ထားပါတယ်။ ဘာလို့ဆို သူက ကစားသမားကောင်းတစ်ဦးဖြစ်သလို ချန်ပီယံတစ်ဦးလည်းဖြစ်လို့ပါပဲ။ တစ်ယောက်လျော့သွားတဲ့အခါ အသင်းက ပုံမှန်ထက်တော့ ပိုခက်ခဲသွားတတ်ပါတယ်။

ဒါမျိုးမဖြစ်သင့်ပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ဖြစ်သွားခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၃၀ လောက်မှာ အသင်းက အတော်လေး မောပန်းလာခဲ့တော့ အကောင်းဘက်ကို ကျွန်တော်တို့ ဦးမတည်နိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုတော့ လိဂ်ဘက်ကို ပြန်လည်အားစိုက်ရတော့မှာပါ” လို့ သူက ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

အေစီအသင်းဟာ စီးရီးအေမှာတော့ အဆင့် ၁ မှာ ရပ်တည်နေပြီး အဆင့် ၂ က အင်တာအသင်းကို ၂ မှတ်ဖြတ်ထားပါတယ်။ သူတို့ဟာ ဒီနှစ်မှာတော့ ဖလားရရှိဖို့ ပစ်မှတ်ထားနေပြီး ကာလရှည်ဝေးကွာနေတဲ့ စီးရီးအေဖလားကို ရရှိဖို့ ကြိုးစားနေတာပါ။ အေစီအသင်းဟာ ဒီအပတ်မှာတော့ ဘိုလော့နာအသင်းနဲ့ ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။