Spots news

ကစားသမားသစ် မခေါ်နိုင်သေးချိန်မှာတောင် ဂလေဇာကို ပူဇော်ပသ နေရပြန်တဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ အမေရိကန် ပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာ မိသားစုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အသင်းဥက္ကဌ ဝန်ဆောင်ခ ဆိုပြီး ယူနိုက်တက် အသင်းရဲ့ အမြတ်ငွေ ပေါင် ၁၁ သန်းကို ထုတ်ယူသွားခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ဂလေဇာတို့ဟာ အသင်းထံကနေ ပေါင် ၃၃ သန်းထိပင် ရယူပြီးဖြစ်သလို နှစ်စဥ် အမြတ်ငွေထုတ်ယူနေမှုဟာ
ယနေ့တွင် မန်ချက်စတာ ယူနိုက်တက်အသင်းထံမှ ၂၀၁၆ ခုနှစ်ကစ ရေတွက်ပါက ပေါင်သန်း ၄၀၀ အထိပင် ကျော်လွန်နေခဲ့ပြီဖြစ်ပါတယ်။

၂၀၁၃ ကစပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝင်ငွေ ဒေါ်လာ ၆.၅ ဘီလျံအထိရှိခဲ့ပြီး ကမ္ဘာပေါ်က ဘယ်အသင်းထက်မဆို ပိုမိုများပြားခဲ့တဲ့ ပမာဏဖြစ်ပါတယ်။ အဆိုပါ ဒေါ်လာ ၆.၅ ဘီလျံကို ဂလေဇာ မိသားစုက ဘယ်လိုတွေ သုံးစွဲခဲ့လဲ ဆိုရင်တော့ အောက်မှာ‌ ဖော်ပြ ပေးထားပါတယ်။

ဂ‌လေဇာ မိသားစုဟာ အပြောင်းအရွှေ့အတွက် ဒေါ်လာ ၁.၄ ဘီလျံ ၊ အသင်းရဲ့ အခြေခံ အဆောက်အဦတွေ အတွက် ဒေါ်လာ ၂၅၆ သန်း ၊ ကစားသမားနဲ့ ဝန်ထမ်းတွေ အတွက် နှစ်စဉ်လစာငွေ ဒေါ်လာ ၂ ဘီလျံ ၊ အခွန် ပေးဆောင်မှု အတွက် ဒေါ်လာသန်း ၁၅၀ သုံးဆွဲခဲ့ပါတယ်။

ကျန်ဝင်ငွေ ဒေါ်လာ ၂.၅ ဘီလျံကိုတော့ ဂလေဇာက သူ့အိတ်ကပ်ထဲ ထည့်ခဲ့တယ်လို့ CBS Sports Business က ဆိုပါတယ်။ ဒီအတွက်ကြောင့်လည်း ယူနိုက်တက်ကို အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံမှမရရင် ရောင်းချမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြောင်းလည်း ဆိုပါတယ်။

လက်ရှိ အသင်းကတော့ လူသစ်ခေါ်ယူရေးမှာ ခေါ်စျေးကို မပေးနိုင်လို့ ခုထိ အကောင်အထည် မပေါ်သေးပေမယ့် ဂလေဇာ မိသားစုတို့ကတော့ အသင်းအပေါ်ကနေ အသားထုတ်ကာ အသင်းကတော့ အရိုးပဲ စုတ်နေရတဲ့ ကိန်းဆိုက် နေခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အေမရိကန္ ပိုင္ရွင္ေတြ ျဖစ္တဲ့ ဂေလဇာ မိသားစုကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက အသင္းဥကၠဌ ဝန္ေဆာင္ခ ဆိုၿပီး ယူနိုက္တက္ အသင္းရဲ႕ အျမတ္ေငြ ေပါင္ ၁၁ သန္းကို ထုတ္ယူသြားခဲ့ပါတယ္။

ဒါေၾကာင့္ ၂၀၂၂ ခုႏွစ္အတြင္းမွာပဲ ဂေလဇာတို႔ဟာ အသင္းထံကေန ေပါင္ ၃၃ သန္းထိပင္ ရယူၿပီးျဖစ္သလို ႏွစ္စဥ္ အျမတ္ေငြထုတ္ယူေနမႈဟာ
ယေန႕တြင္ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံမွ ၂၀၁၆ ခုႏွစ္ကစ ေရတြက္ပါက ေပါင္သန္း ၄၀၀ အထိပင္ ေက်ာ္လြန္ေနခဲ့ၿပီျဖစ္ပါတယ္။

၂၀၁၃ ကစၿပီး မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဝင္ေငြ ေဒၚလာ ၆.၅ ဘီလ်ံအထိရွိခဲ့ၿပီး ကမာၻေပၚက ဘယ္အသင္းထက္မဆို ပိုမိုမ်ားျပားခဲ့တဲ့ ပမာဏျဖစ္ပါတယ္။ အဆိုပါ ေဒၚလာ ၆.၅ ဘီလ်ံကို ဂေလဇာ မိသားစုက ဘယ္လိုေတြ သုံးစြဲခဲ့လဲ ဆိုရင္ေတာ့ ေအာက္မွာ‌ ေဖာ္ျပ ေပးထားပါတယ္။

ဂ‌ေလဇာ မိသားစုဟာ အေျပာင္းအေ႐ႊ႕အတြက္ ေဒၚလာ ၁.၄ ဘီလ်ံ ၊ အသင္းရဲ႕ အေျခခံ အေဆာက္အဦေတြ အတြက္ ေဒၚလာ ၂၅၆ သန္း ၊ ကစားသမားနဲ႕ ဝန္ထမ္းေတြ အတြက္ ႏွစ္စဥ္လစာေငြ ေဒၚလာ ၂ ဘီလ်ံ ၊ အခြန္ ေပးေဆာင္မႈ အတြက္ ေဒၚလာသန္း ၁၅၀ သုံးဆြဲခဲ့ပါတယ္။

က်န္ဝင္ေငြ ေဒၚလာ ၂.၅ ဘီလ်ံကိုေတာ့ ဂေလဇာက သူ႕အိတ္ကပ္ထဲ ထည့္ခဲ့တယ္လို႔ CBS Sports Business က ဆိုပါတယ္။ ဒီအတြက္ေၾကာင့္လည္း ယူနိုက္တက္ကို အနည္းဆုံး ေဒၚလာ ၁၀ ဘီလ်ံမွမရရင္ ေရာင္းခ်မွာမဟုတ္ဘူးလို႔ ဆုံးျဖတ္ထားေၾကာင္းလည္း ဆိုပါတယ္။

လက္ရွိ အသင္းကေတာ့ လူသစ္ေခၚယူေရးမွာ ေခၚေစ်းကို မေပးနိုင္လို႔ ခုထိ အေကာင္အထည္ မေပၚေသးေပမယ့္ ဂေလဇာ မိသားစုတို႔ကေတာ့ အသင္းအေပၚကေန အသားထုတ္ကာ အသင္းကေတာ့ အရိုးပဲ စုတ္ေနရတဲ့ ကိန္းဆိုက္ ေနခဲ့ပါတယ္။