Spots news

ယူနိုက်တက်မှာ ရော်နယ်ဒို ရှိနေလို့ မပျော်မရွှင် ဖြစ်နေတဲ့ မက်ဂွိုင်းယား

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းဆီ ပြန်လည်ရောက်ရှိလာတဲ့ ယူနိုက်တက် ပရိတ်သတ်တွေရဲ့ အချစ်တော် တိုက်စစ်မှူး ရော်နယ်ဒိုကြောင့် အခုချိန်အထိ မပျော်မရွှင် ဖြစ်နေသေးကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားက ၂၀၁၉ခုနှစ်မှာ လက်စတာ ကနေ ယူနိုက်တက်ထံသို့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ကမ္ဘာ့ ပြောင်းရွေ့ကြေး အများဆုံး နောက်ခံလူလဲ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ရောက်စမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ယူနိုက်တက် ပရိတ်သတ်တွေအတွက် ဂေါင်းကြီးပါမှ စိတ်ချရတယ်ဆိုတဲ့ အထိ ခံစစ်ကို စိတ်ချရစေခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ၂၀၂၀မှာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရယူပြီး အသင်းအတွက် အကောင်းမွန်ဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်အထိ ရရှိထားတဲ့ အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒို တယောက် ယူနိုက်တက်ဆီ ပြန်လည် ရောက်ရှိလာပြီးနောက် မက်ဂွိုင်းယားရဲ့ ခြေစွမ်းတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ပရိသတ်တွေနဲ့ ကစားသမားဟောင်း အများစုက ကမ္ဘာ့အကောင်းဆုံးလဲဖြစ်၊ အသင်းရဲ့ ဂန္တဝင်လဲဖြစ် ပေါ်တူဂီ အသင်းခေါင်းဆောင်လဲ ဖြစ်တဲ့ ရော်နယ်ဒိုကို အသင်းခေါင်းဆောင် ရာထူးကို လွှဲပေးသင့်တယ်လို့ ယူဆနေကြပြီး မက်ဂွိုင်းယားကတော့ သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူးအား ဘယ်သူ့ဆီကိုမှ လွှဲပြောင်းပေးလိုစိတ် မရှိသေးပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဂွိုင်းယားနဲ့ အင်္ဂလန် ကစားသမား တချို့က မန်ချက်စတာ ယူနိုက်တက်ဆီ ရော်နယ်ဒို တယောက် ပြောင်းရွှေ့လာတဲ့ အပေါ် မပျော်ရွှင်ကြပဲ မက်ဂွိုင်းယားက ရော်နယ်ဒိုဆီ သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူးအား လွှဲပြောင်းပေးဖို့လည်း စိတ်ကူးမရှိကြောင်း သိရပါတယ်။

Zawgyi Version




