Spots news

အပြောင်းအရွေ့လောကကို ရုတ်တရက် အားကြီးနဲ့ ဇွတ်ကြမ်းနေပြီဖြစ်တဲ့ ယူနိုက်တက်

Unicode Version

အစောပိုင်းမှာတော့ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ သွေးအေးအေး ဖြစ်နေပြီး အရှိန်နှေးနှေးနဲ့ လှုပ်ရှားနေတဲ့ မန်ယူနိုက်တက် အသင်းဟာ လက်ရှိမှာတော့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို အရှိန်တင်လာခဲ့ပြီး အဓိကပစ်မှတ် ကစားသမားတွေကို အမြန်ဆုံး ခေါ်ယူဖို့ ကြိုးစားလာခဲ့ပြီလို့ သိရပါတယ်။

ခိုင်မာတဲ့ သတင်းများစွာကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ်မှာ သူတို့လပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒီဂျောင်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြလာခဲ့ကြပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ၊ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းတို့က စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ဟာ အသင်းရဲ့အဓိက တိုက်စစ်မှူးကြီး ရော်နယ်ဒိုကို လုံးဝရောင်းထုတ်သွားမှာ မဟုတ်ဘဲ ဆက်ထိန်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အာဆင်နယ် အသင်းနဲ့ သတင်းတွေအခိုင်အမာ ထွက်ပေါ်နေတဲ့ အေဂျက်ဇ်နောက်ခံကစားသမား မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက်လဲ ကစားသမားရဲ့အေးဂျင့်နဲ့ ယူနိုက်တက်တို့ လျို့ဝှက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက် အသင်းရဲ့ ပစ်မှတ် ဖြစ်တဲ့ အေဂျက်ဇ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့လည်း အတော့်ကို အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေ တယ်လို့ သိရပါတယ်

ယူနိုက်တက်အဟာ လက်ရှိ အပြောင်းအရွှေ့မှာ ကွင်းလယ်နဲ့ ခံစစ်အတွက် အဓိက အပြောင်းအရွှေ့ ပြုလုပ်သွားမှာ ဖြစ်ပြီး အဆိုပါ ၂ နေရာအတွက် ကစားသမား ၃ ဦးလောက်အထိ ခေါ်ယူသွားဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း တချို့ကစားသမားတွေကို ရှင်းထုတ်ဖို့ အရင်ကြိုးစားမှာဖြစ်ပြီး အဲဒီကရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမား အဝယ်နောက်ကို လိုက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ယူနိုက်တက် ပြန်ရောင်းမယ့် စာရင်းထဲမှာ မာရှယ် ၊ ဝမ်ဘစ္စကာတို့က ထိပ်ဆုံးက နေပါနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ခြေလှမ်း ခပ်နှေးနှေးသွားနေပေမယ့် ယူနိုက်တက်ဟာ အဓိကကျတဲ့ ပြောင်းရွှေ့မှုပေါင်း အနည်းဆုံး ၂ ခုလောက် သေချာပေါက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ အသင်းပိုင်ရှင်ဂလေဇာတို့ကို ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်

Zawgyi Version

အေစာပိုင္းမွာေတာ့ အေျပာင္းအေ႐ႊ႕ ေဈးကြက္ထဲမွာ ေသြးေအးေအး ျဖစ္ေနၿပီး အရွိန္ေႏွးေႏွးနဲ႕ လႈပ္ရွားေနတဲ့ မန္ယူနိုက္တက္ အသင္းဟာ လက္ရွိမွာေတာ့ အေျပာင္းအေ႐ႊ႕ လႈပ္ရွားမႈေတြကို အရွိန္တင္လာခဲ့ၿပီး အဓိကပစ္မွတ္ကစားသမားေတြကို အျမန္ဆုံး ေခၚယူဖို႔လႀကိဳးစားလာခဲ့ၿပီလို႔ သိရပါတယ္။

ခိုင္မာတဲ့ သတင္းမ်ားစြာကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဒီႏွစ္မွာ သူတို႔လပစ္မွတ္ထားေနတဲ့ ဘာစီလိုနာ ကြင္းလယ္ကစားသမား ဒီေဂ်ာင္ကို ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ ေဖာ္ျပလာခဲ့ၾကၿပီ ျဖစ္ပါတယ္။

လက္ရွိမွာ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ ခ်ဲလ္ဆီး ၊ ဂ်ာမန္ထိပ္သီး ဘိုင္ယန္ျမဴးနစ္ အသင္းတို႔က စိတ္ဝင္စားေနေပမယ့္ ယူနိုက္တက္ဟာ အသင္းရဲ႕အဓိက တိုက္စစ္မႉးႀကီး ေရာ္နယ္ဒိုကို လုံးဝေရာင္းထုတ္သြားမွာ မဟုတ္ဘဲ ဆက္ထိန္း သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ အာဆင္နယ္ အသင္းနဲ႕ သတင္းေတြအခိုင္အမာ ထြက္ေပၚေနတဲ့ ေအဂ်က္ဇ္ေနာက္ခံကစားသမား မာတီနက္ဇ္ကို ေခၚယူဖို႔အတြက္လဲ ကစားသမားရဲ႕ေအးဂ်င့္နဲ႕ ယူနိုက္တက္တို႔ လ်ိဳ႕ဝွက္ ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ အသင္းရဲ႕ ပစ္မွတ္ ျဖစ္တဲ့ ေအဂ်က္ဇ္ ေတာင္ပံတိုက္စစ္ ကစားသမား အန္တိုနီကိုလေခၚယူဖို႔လည္း အေတာ့္ကို အေျခအေနေကာင္းေနတယ္လို႔ သိရပါတယ္။ ကစားသမားကိုယ္တိုင္ကလည္း ယူနိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေန တယ္လို႔ သိရပါတယ္

ယူနိုက္တက္အဟာ လက္ရွိ အေျပာင္းအေ႐ႊ႕မွာ ကြင္းလယ္နဲ႕ ခံစစ္အတြက္ အဓိက အေျပာင္းအေ႐ႊ႕ ျပဳလုပ္သြားမွာ ျဖစ္ၿပီး အဆိုပါ ၂ ေနရာအတြက္ ကစားသမား ၃ ဦးေလာက္အထိ ေခၚယူသြားဖို႔ စိတ္ကူးေနတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ အျခားတစ္ဖက္မွာလည္း တခ်ိဳ႕ကစားသမားေတြကို ရွင္းထုတ္ဖို႔ အရင္ႀကိဳးစားမွာျဖစ္ၿပီး အဲဒီကရတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ကစားသမား အဝယ္ေနာက္ကို လိုက္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ လက္ရွိ ယူနိုက္တက္ ျပန္ေရာင္းမယ့္ စာရင္းထဲမွာ မာရွယ္ ၊ ဝမ္ဘစၥကာတို႔က ထိပ္ဆုံးက ေနပါေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာ အေျပာင္းအေ႐ႊ႕ ေဈးကြက္အတြင္း ေျခလွမ္း ခပ္ေႏွးေႏွးသြားေနေပမယ့္ ယူနိုက္တက္ဟာ အဓိကက်တဲ့ ေျပာင္းေ႐ႊ႕မႈေပါင္း အနည္းဆုံး ၂ ခုေလာက္ ေသခ်ာေပါက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ပရိသတ္ေတြကေတာ့ အသင္းပိုင္ရွင္ဂေလဇာတို႔ကို ဆႏၵျပဖို႔ စီစဥ္ေနၾကတယ္လို႔လည္း သိရပါတယ္