Spots news

ဇာတ်မျောကြီးကို အဆုံးသတ်ပြီး ယခုတစ်ပတ်မှာ ဒီဂျောင်ကို တရားဝင် ကြေငြာမယ့် မန်ယူ

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီး ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ အသင်းနဲ့ အကြိတ်အနယ် ဆွေးနွေးပြီး နောက်မှာ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင် အတွက် သဘောတူညီမှု ရရှိတော့မယ်လို့ သိရပြီး မကြာခင်မှာ အပြောင်းအရွေ့ အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင် အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း + အပိုဆုကြေး ယူရို ၂၀သန်းနဲ့ ကမ်းလှမ်းထားပြီး အဆိုပါ ပမာဏဟာ ဘာစီလိုနာဘက်က ဒီဂျောင်အတွက် သတ်မှတ်ထားတဲ့ တန်ကြေး ယူရို ၈၅သန်းနဲ့ ကိုက်ညီနေပါတယ်။

ဒါကြောင့် ဘာစီလိုနာက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ပြီး ယခုအချိန်မှာတော့ နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး ပေးချေမှု နည်းလမ်းတွေ ၊ အပိုဆုကြေး အဖြစ် ဘယ်လိုအရာတွေကို ထည့်သွင်းမလဲ ဆိုတဲ့ အချက်တွေကို ညှိနှိုင်း ဆွေးနွေးနေပါပြီ။

ဖရန်ကီ ဒီဂျောင်ကတော့ ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေကတော့ သူတို့အသင်းဟာ ဒီဂျောင်ကို လာမယ့် ကြာသပတေးနေ့မတိုင်မီ အရခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း နီးစပ်ရာ သတင်းဌာနတွေကို ပြောကြား ထားပါတယ်။

ဇာတ်မျှောကြီး ဖြစ်နေခဲ့တဲ့ ဖရန်ကီ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့က မကြာခင် အဆုံးသတ်ပါတော့မယ်။ ယူနိုက်တက်ဟာ ဒီဂျောင်ရဲ့ အပြောင်းအရွေ့ကို ယခုတစ်ပတ်မှာ တရားဝင် ကြေငြာမှာ ဖြစ်ပြီး နောက်ထပ် ကွင်းလယ်လူ အနေနဲ့ အဲရစ်ဆင်ကို ခေါ်ယူမယ်လို့ သိရပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီး ကလပ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဘာစီလိုနာ အသင္းနဲ႕ အႀကိတ္အနယ္ ေဆြးေႏြးၿပီး ေနာက္မွာ ကြင္းလယ္ၾကယ္ပြင့္ ဖရန္ကီ ဒီေဂ်ာင္ အတြက္ သေဘာတူညီမႈ ရရွိေတာ့မယ္လို႔ သိရၿပီး မၾကာခင္မွာ အေျပာင္းအေ႐ြ႕ အၿပီးသတ္နိုင္ေတာ့မယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေဂ်ာင္ အတြက္ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၅ သန္း + အပိုဆုေၾကး ယူရို ၂၀သန္းနဲ႕ ကမ္းလွမ္းထားၿပီး အဆိုပါ ပမာဏဟာ ဘာစီလိုနာဘက္က ဒီေဂ်ာင္အတြက္ သတ္မွတ္ထားတဲ့ တန္ေၾကး ယူရို ၈၅သန္းနဲ႕ ကိုက္ညီေနပါတယ္။

ဒါေၾကာင့္ ဘာစီလိုနာက မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံဖို႔ ဆုံးျဖတ္ခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ ႏွစ္သင္းၾကားမွာ ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်မႈ နည္းလမ္းေတြ ၊ အပိုဆုေၾကး အျဖစ္ ဘယ္လိုအရာေတြကို ထည့္သြင္းမလဲ ဆိုတဲ့ အခ်က္ေတြကို ညွိႏွိုင္း ေဆြးေႏြးေနပါၿပီ။

ဖရန္ကီ ဒီေဂ်ာင္ကေတာ့ ဆရာေဟာင္း တန္ဟက္ဂ္ ရွိေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ဆီ ေျပာင္းေ႐ႊ႕ဖို႔ ေခါင္းညိတ္ထားပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ နီးစပ္သူေတြကေတာ့ သူတို႔အသင္းဟာ ဒီေဂ်ာင္ကို လာမယ့္ ၾကာသပေတးေန႕မတိုင္မီ အရေခၚယူဖို႔ ဆုံးျဖတ္ထားေၾကာင္း နီးစပ္ရာ သတင္းဌာနေတြကို ေျပာၾကား ထားပါတယ္။

ဇာတ္ေမွ်ာႀကီး ျဖစ္ေနခဲ့တဲ့ ဖရန္ကီ ဒီေဂ်ာင္ရဲ႕ အေျပာင္းအေ႐ႊ႕က မၾကာခင္ အဆုံးသတ္ပါေတာ့မယ္။ ယူနိုက္တက္ဟာ ဒီေဂ်ာင္ရဲ႕ အေျပာင္းအေ႐ြ႕ကို ယခုတစ္ပတ္မွာ တရားဝင္ ေၾကျငာမွာ ျဖစ္ၿပီး ေနာက္ထပ္ ကြင္းလယ္လူ အေနနဲ႕ အဲရစ္ဆင္ကို ေခၚယူမယ္လို႔ သိရပါတယ္။