Spots news

မာနေးရဲ့ ကစားပုံကို ကြိုက်လို့ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တဲ့ လီယွန်နယ် မက်ဆီ

Unicode Version

ဘာစီလိုနာ အသင်းခေါင်းဆောင်ဟောင်း လီယွန်နယ် မက်ဆီဟာ ဘာစီကနေ မထွက်ခွာခင်မှာ မာနေးကို ခေါ်ပေးရင် မက်ဆီက အသင်းမှာ ဆက်နေမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း မာနေးရဲ့အေးဂျင့် ဆစ်ဆေးက ဖောက်သည်ချ လိုက်ပါတယ်။ ဒါပေမယ့် မက်ဆီ ကမ်းလှမ်းခဲ့သလိုတော့ မဖြစ်ခဲ့ဘဲ သူပဲ ပီအက်စ်ဂျီကို ရောက်သွားခဲ့ ပါတယ်။

မက်ဆီက မာနေးနဲ့အတူ အာဂျင်တီးနား ဗဟိုနောက်ခံလူ တဦးကိုပါ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆစ်ဆေးက ပြောခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့ တွေ့ဆုံခဲ့အပြီး မက်ဆီက မာနေးခြေစွမ်းကို သဘောကျခဲ့ပုံ ရပါတယ်။ အသင်းတိုက်စစ်မှာ သူ့လိုမျိုးပဲ ရုန်းပေးနိုင်မယ့် ဆီနီဂေါသားနဲ့ ဘာကာမှာ တွဲကစားချင် တယ်လို့လည်း ဆိုနိုင် ပါတယ်။

အခုတော့ မာနေးလည်း ဘိုင်ယန်မြူးနစ်ကိုရောက်သွားပါပြီ။ မာနေးဟာ အသင်းသစ် ဘိုင်ယန်မြူးနစ်မှာ တနှစ်အတွက် ယူရိုသန်း ၂၀ နီးပါးရရှိမှာ ဖြစ်ပြီး တပတ်ကို ယူရို ၄ သိန်းကျော်အထိ ခံစားခွင့်ရရှိမယ်လို့ သိရပါတယ်။ ဒီပမာဏက ကမ္ဘာ့လုပ်ခလစာ အများဆုံးရ ကစားသမား စာရင်းထဲမှာ မာနေးကို ပါဝင်လာစေ တော့မှာပါ။



မာ‌နေးကို ခေါ်ယူဖို့ တောင်းဆိုခဲ့တဲ့ ဘာစီလိုနာ ဂန္တဝင်ကြီး မက်ဆီကလည်း ဘာစီက ထွက်ခွာကာ ပြင်သစ်လိဂ်မှာ တရာသီ ကစားခဲ့ပြီးပါပြီ။ မက်ဆီကိုယ်တိုင်က ခေါ်ယူပေးဖို့ တောင်းဆိုခံခဲ့ရဖူးတဲ့ ကစားသမားစာရင်းထဲ မာနေးကို ထည့်သွင်းရ တော့မှာ ဖြစ်ပါတယ်။

Zawgyi Version

ဘာစီလိုနာ အသင္းေခါင္းေဆာင္ေဟာင္း လီယြန္နယ္ မက္ဆီဟာ ဘာစီကေန မထြက္ခြာခင္မွာ မာေနးကို ေခၚေပးရင္ မက္ဆီက အသင္းမွာ ဆက္ေနမယ္လို႔ ကမ္းလွမ္းခဲ့ေၾကာင္း မာေနးရဲ႕ေအးဂ်င့္ ဆစ္ေဆးက ေဖာက္သည္ခ် လိုက္ပါတယ္။ ဒါေပမယ့္ မက္ဆီ ကမ္းလွမ္းခဲ့သလိုေတာ့ မျဖစ္ခဲ့ဘဲ သူပဲ ပီအက္စ္ဂ်ီကို ေရာက္သြားခဲ့ ပါတယ္။

မက္ဆီက မာေနးနဲ႕အတူ အာဂ်င္တီးနား ဗဟိုေနာက္ခံလူ တဦးကိုပါ ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ဆစ္ေဆးက ေျပာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာ လီဗာပူးနဲ႕ ေတြ႕ဆုံခဲ့အၿပီး မက္ဆီက မာေနးေျခစြမ္းကို သေဘာက်ခဲ့ပုံ ရပါတယ္။ အသင္းတိုက္စစ္မွာ သူ႕လိုမ်ိဳးပဲ ႐ုန္းေပးနိုင္မယ့္ ဆီနီေဂါသားနဲ႕ ဘာကာမွာ တြဲကစားခ်င္ တယ္လို႔လည္း ဆိုနိုင္ ပါတယ္။

အခုေတာ့ မာေနးလည္း ဘိုင္ယန္ျမဴးနစ္ကိုေရာက္သြားပါၿပီ။ မာေနးဟာ အသင္းသစ္ ဘိုင္ယန္ျမဴးနစ္မွာ တႏွစ္အတြက္ ယူရိုသန္း ၂၀ နီးပါးရရွိမွာ ျဖစ္ၿပီး တပတ္ကို ယူရို ၄ သိန္းေက်ာ္အထိ ခံစားခြင့္ရရွိမယ္လို႔ သိရပါတယ္။ ဒီပမာဏက ကမာၻ႔လုပ္ခလစာ အမ်ားဆုံးရ ကစားသမား စာရင္းထဲမွာ မာေနးကို ပါဝင္လာေစ ေတာ့မွာပါ။

မာ‌ေနးကို ေခၚယူဖို႔ ေတာင္းဆိုခဲ့တဲ့ ဘာစီလိုနာ ဂႏၲဝင္ႀကီး မက္ဆီကလည္း ဘာစီက ထြက္ခြာကာ ျပင္သစ္လိဂ္မွာ တရာသီ ကစားခဲ့ၿပီးပါၿပီ။ မက္ဆီကိုယ္တိုင္က ေခၚယူေပးဖို႔ ေတာင္းဆိုခံခဲ့ရဖူးတဲ့ ကစားသမားစာရင္းထဲ မာေနးကို ထည့္သြင္းရ ေတာ့မွာ ျဖစ္ပါတယ္။