Spots news

အသင်းရဲ့ စည်းလုံးမှုအတွက် ထိရောက်တဲ့ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့တဲ့ နည်းပြတန်ဟက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း အစီစဥ်မှာ အရင်နဲ့ မတူတဲ့ပုံစံ တခုထွက်ပေါ် လာ​ပါတယ်။ ဒါက ယူနိုက်တက် နည်းပြသစ် တန်ဟတ်ရဲ့ ပုံမှန် အစီစဥ်ကောင်း တခုလဲ ဖြစ်နိုင်သလို၊ ယူနိုက်တက် အသင်း ကစားသမားတွေရဲ့ ပုံစံကိုလိုက်ပြီး ဖန်တီးလေ့ကျင့်ဖို့ ဆုံးဖြတ်ထားတဲ့ အစီစဥ်တခုလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အဲ့ဒီအစီစဥ်ဟာ ဆိုရင်ဖြင့် ပုံမှန် လေ့ကျင့်ခန်းပြီးတာနဲ့ မပြန်ခင်မှာ စုဝေးပြီး စကားပြောတဲ့ အခန်းကဏ္ဍပါဘဲ။ ဒါဟာ နည်းပြက ကစားသမားတွေကို ပြောခြင်း မဟုတ်ပဲ အသင်းရဲ့ ကစားသမားတွေ အချင်းချင်း လေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီးပြောစရာရှိတာ တဦးနဲ့တဦး အဆင်မပြေခဲ့တာ စတဲ့ အရာတွေဘဲ ဖြစ်ပါတယ်။

လေ့ကျင့်ရင်းမှာ အဆင်မပြေခဲ့တာ ရှိရင် အသင်းရဲ့ အဝတ်လဲခန်း ထဲထိ မပါသွားရအောင်၊ ယင်းမှတဆင့်ကွင်းထဲထိ မပါသွားရအောင် ယုံကြည်မူ ပိုပြင်းထန်ပြီး အသင်းလိုက် စုစည်းမူပိုအားကောင်းအောင် အတွက် ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

နည်းပြသစ် တန်ဟက်နဲ့ အတူ စတင်လေ့ကျင့် နေပြီ ဖြစ်တဲ့ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ အသင်းနဲ့လဲ အကြိတ်အနယ် ဆွေးနွေးပြီး နောက်မှာ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင် အတွက် သဘောတူညီမှု ရရှိတော့မယ်လို့ သိရပြီး မကြာခင်မှာ အပြောင်းအရွေ့ အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။

Zawgyi Version



