Spots news

ယူနိုက်တက်ကို ပြောင်းရွေ့ခွင့်ပေးရန် အေဂျက်ကို တောင်းဆိုလိုက်ပြီ ဖြစ်တဲ့ အန်တိုနီ

Unicode Version

အေဂျက် တိုက်စစ်ကစားသမား အန်တိုနီကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို စိတ်ဝင်စား နေတဲ့ ဆရာဟောင်း တန်ဟက် နည်းပြမယ့် အသင်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းခွင့် ပေးဖို့ အေဂျက်ထံ တောင်းဆိုထားကြောင်း ဘောလုံး သတင်းတွေနဲ့ ပတ်သက်ရင် စိတ်ချ ယုံကြည်ရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးပြီး ခြေစွမ်းကောင်းတွေ ပြသထားတဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ အေဂျက်ရဲ့ မရှိမဖြစ် ကစားသမား တဦးဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီကလဲ အေဂျက်အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲမှာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟက်ဟာ ပြီးခဲ့တဲ့ ရာသီက အေဂျက်မှာ သူနဲ့အတူ လက်တွဲခဲ့တဲ့ တန်ဟက်ဂ်က တပည့်ဟောင်းကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူချင်နေသလို အန်တိုနီ ကိုယ်တိုင်ကလည်း ဘရာဇီးနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ နယ်သာလန်လိဂ် မှာထက် အဂ်လန် ပရီးမီးယားလိဂ်မှာ ကစားချင်နေပါတယ်။

 

ဘရာဇီး တိုက်စစ် ကစားသမား အန်တိုနီဟာ ယခု နွေဈေးကွက် အတွင်းမှာပဲ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အပြီးသတ် ဆုံးဖြတ်ချက် ချထားပြီး အေဂျက်ရဲ့ တာဝန်ရှိသူတွေကိုလည်း သူ့အား အတင်းအကျပ် အသင်းမှာ ဆက်မနေခိုင်းရန်နဲ့ အသင်းပြောင်းခွင့် ပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။

အေဂျက်ကတော့ အန်တိုနီကို လက်မလွှတ်လိုပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းမှာ ဆက်မနေချင်တာကြောင့် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း လိုချင်နေပါတယ်။ ယူနိုက်တက်က တော့ ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဒီဂျောင်ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေပြီး ဒီဂျောင်ကို ခေါ်ယူပြီးတာနဲ့ အန်တိုနီ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Zawgyi Version

ေအဂ်က္ တိုက္စစ္ကစားသမား အန္တိုနီကေတာ့ ယခု ေႏြေဈးကြက္ အတြင္းမွာ သူ႕ကို စိတ္ဝင္စား ေနတဲ့ ဆရာေဟာင္း တန္ဟက္ နည္းျပမယ့္ အသင္း မန္ခ်က္စတာ ယူနိုက္တက္ဆီ ေျပာင္းခြင့္ ေပးဖို႔ ေအဂ်က္ထံ ေတာင္းဆိုထားေၾကာင္း ေဘာလုံး သတင္းေတြနဲ႕ ပတ္သက္ရင္ စိတ္ခ် ယုံၾကည္ရတဲ့ သတင္းေထာက္ ဖာဘရီဇီယို ရိုမာနိုက ေဖာ္ျပသြားပါတယ္။

အသက္ ၂၂ႏွစ္ အ႐ြယ္သာ ရွိေသးၿပီး ေျခစြမ္းေကာင္းေတြ ျပသထားတဲ့ ေတာင္ပံတိုက္စစ္ ကစားသမား အန္တိုနီဟာ ေအဂ်က္ရဲ႕ မရွိမျဖစ္ ကစားသမား တဦးျဖစ္သလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီကလဲ ေအဂ်က္အတြက္ ၿပိဳင္ပြဲစုံ ၃၂ ပြဲမွာ သြင္းဂိုး ၁၂ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၀ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ နည္းျပသစ္ တန္ဟက္ဟာ ၿပီးခဲ့တဲ့ ရာသီက ေအဂ်က္မွာ သူနဲ႕အတူ လက္တြဲခဲ့တဲ့ တန္ဟက္ဂ္က တပည့္ေဟာင္းကို အိုးထရက္ဖို႔ဒ္ဆီ ေခၚယူခ်င္ေနသလို အန္တိုနီ ကိုယ္တိုင္ကလည္း ဘရာဇီးနဲ႕အတူ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအား ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရဖို႔ နယ္သာလန္လိဂ္ မွာထက္ အဂ္လန္ ပရီးမီးယားလိဂ္မွာ ကစားခ်င္ေနပါတယ္။

ဘရာဇီး တိုက္စစ္ ကစားသမား အန္တိုနီဟာ ယခု ေႏြေဈးကြက္ အတြင္းမွာပဲ ယူနိုက္တက္ဆီ ေျပာင္းေ႐ႊ႕ဖို႔ အၿပီးသတ္ ဆုံးျဖတ္ခ်က္ ခ်ထားၿပီး ေအဂ်က္ရဲ႕ တာဝန္ရွိသူေတြကိုလည္း သူ႕အား အတင္းအက်ပ္ အသင္းမွာ ဆက္မေနခိုင္းရန္နဲ႕ အသင္းေျပာင္းခြင့္ ေပးရန္ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

ေအဂ်က္ကေတာ့ အန္တိုနီကို လက္မလႊတ္လိုေပမယ့္ ကစားသမား ကိုယ္တိုင္က အသင္းမွာ ဆက္မေနခ်င္တာေၾကာင့္ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၀သန္း လိုခ်င္ေနပါတယ္။ ယူနိုက္တက္က ေတာ့ ဘာစီလိုနာ ကြင္းလယ္ၾကယ္ပြင့္ ဒီေဂ်ာင္ကို ေခၚယူဖို႔ အရွိန္ျမႇင့္ ႀကိဳးပမ္းေနၿပီး ဒီေဂ်ာင္ကို ေခၚယူၿပီးတာနဲ႕ အန္တိုနီ အတြက္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။