Spots news

လီဗာပူးကပဲ ထပ်နိုင်မလား စပါးကပဲ လက်စားချေမလား ပွဲကြီးပွဲကောင်း

Unicode Version

ယနေ့ညမှာတော့ ည ၂ နာရီ ၃၀ အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ လီဗာပူး အသင်းတို့ရဲ့ ပွဲကြီး ပွဲကောင်းရှိနေပါတယ်။ လက်ရှိမှာတော့ ၂ သင်းစလုံးက အထက်အောက် ရပ်တည်နေတာပဲဖြစ်ပါတယ်။ လီဗာပူးအသင်းက ၃၄ မှတ်ရရှိထားသလို စပါးကတော့ ၃၃ မှတ် ရရှိထားပြီး ပထမအကျော့တွေ့ချိန်တုန်းကတော့ လီဗာပူးအသင်းက အိမ်ကွင်းမှာ ၂ – ၁ နဲ့ နိုင်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ စပါးအသင်းက ရလဒ်ကောင်းတွေရရှိနေပါတယ်။ သူတို့ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ ၆ ပွဲနိုင်ကာ ၂ ပွဲသရေကျထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ တိုက်စစ်ပိုင်းက မြင့်မားတဲ့အနေအထားမှာရှိနေပြီး စုဖွဲ့မှုကလည်း မဆိုးလှတာပဲဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ လက်ရှိမှာ ပြိုင်ပွဲစုံ ၂ ပွဲဆက် ရှုံးထားပါတယ်။ သူတို့ဟာ နောက်ဆုံး ပြိုင်ပွဲစုံ ၇ ပွဲမှာ ၁ ပွဲသာနိုင်တဲ့အထိ အခြေအနေဆိုးနေတာပဲဖြစ်ပါတယ်။ သူတို့အနေနဲ့တော့ တိုက်စစ်ပိုင်းမှာ ဂိုးရခက်ခဲနေတဲ့အတွက် အဲ့ဒီအတွက် အဖြေရှာရတော့မှာပဲဖြစ်ပါတယ်။

လက်ရှိ ဒဏ်ရာရစာရင်းထဲမှာလည်း လီဗာပူးက အတော်လေး များပြားနေတာပဲဖြစ်ပါတယ်။ စပါးအသင်းမှာ ဒိုဟာတီ ၊ လိုဆယ်ဆို ၊ အလီတို့ ဒဏ်ရာရနေပေမယ့် လီဗာပူးမှာတော့ အဓိက ကစားသမားတော်တော်များများက ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးအနေနဲ့ စုဖွဲ့မှုမှာ အနည်းငယ်အားနည်းနေတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

လက်ရှိမှာ ၂ သင်းစလုံးရဲ့အနေအထားက နိုင်ပွဲတွေဖော်ဆောင်မှ ချန်ပီယံဆုအတွက်မျှော်လင့်ချက်တွေ ဆက်ရှိမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံလီဗာပူးအသင်းအတွက်တော့ နိုင်ပွဲပျောက်ဆုံးဦးမယ်ဆိုရင်တော့ ဆုဖလားမျှော်လင့်ချက်ကို လက်လွှတ်ရဖို့ များသွားပြီဖြစ်သလို စပါးအသင်းအနေနဲ့ ရှုံးနိမ့်မယ်ဆိုရင်တော့ အခြေအနေက ခက်ခဲသွားနိုင်တာပဲဖြစ်ပါတယ်။

၂ သင်းစလုံးက တိုက်စစ်စုဖွဲ့မှုချင်းကောင်းမွန်တဲ့အတွက် ဒီပွဲမှာတော့ တိုက်စစ်ချင်း အားပြိုင်မှုကို တွေ့မြင်ရဖို့ရှိနေပြီး ဂိုးတွေကိုလည်း တွေ့မြင်ရဖို့ရှိနေပါတယ်။ လက်ရှိစုဖွဲ့မှုနဲ့ တည်ငြိမ်မှုအရ စပါးအသင်းက အသာရနေပါတယ်။ လီဗာပူးအနေနဲ့ သတိကြီးကြီးထားကစားဖို့ရှိနေပေမယ့် စပါးအသင်းကပဲ အိမ်ကွင်းမှာကစားရတဲ့ပွဲမှာတော့ ပထမအကျော့က ရှုံးပွဲကို ချေဖျက်သွားနိုင်ချေရှိနေတာပဲဖြစ်ပါတယ်။