Spots news

ရာမိုစ့်ကို စာချုပ်သစ် မချုပ်တော့ပဲ အလွတ်ထွက်ခွာခွင့် ပေးမယ့် ရီးရဲလ်

Unicode Version

စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ရဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း နာမည်ကြီး စပိန် အခြေစိုက် သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရာမို့စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တစ်ဦးဖြစ်ကာ စာချုပ်သစ် မချုပ်ဆိုနိုင်ပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာမှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရာမို့စ်ကိုစာချုပ်သစ် ကမ်းလှမ်းမှုကို ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် အသက် ၃၀ အထက် ကစားသမားတွေကို ၁နှစ်ထက် ပိုတဲ့ စာချုပ်သစ် ကမ်းလှမ်းခြင်း မပြုရ ဆိုတဲ့ ပေါ်လစီကြောင့် ရာမို့စ်ကို ၁နှစ် + ၁နှစ် ဆိုတဲ့ စာချုပ်နဲ့သာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရပြီး ရာမို့စ်ကတော့ အနိမ့်ဆုံး ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ်ကို လိုချင်နေကြောင်း ဆိုပါတယ်။

ရာမို့စ် နဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကြားမှာ စာချုပ်သက်တမ်းနဲ့ ပတ်သတ်ပြီး အနည်းငယ် ညှိနှိုင်းစရာတွေ ရှိနေသေးသလို လစာငွေကိစ္စနဲ့ ပတ်သတ်ပြီးလည်း သဘောတူညီမှုတွေ မရခဲ့တာကြောင့် ဆွေးနွေးမှုတွေကို ရပ်တန့်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ စာချုပ်သစ်မှာ ရာမို့စ်ကို လက်ရှိ ရရှိနေတဲ့ လုပ်ခလစာထက် ၁၀ရာခိုင်နှုန်း ပိုမို နည်းပါးတဲ့ ပမာဏမျိုးကိုသာ ပေးချေဖို့ ဆန္ဒရှိနေပြီး ရာမို့စ် ကတော့ အဆိုပါ ကမ်းလှမ်းချက်ဟာ သူ့အပေါ် လေးစားမှု မရှိတဲ့ လုပ်ရပ်လို့ ယူဆနေကြောင်း သိရှိ ရပါတယ်။