Articles

အဆင်မပြေမှုတွေ ချန်ထားခဲ့ပြီး ‌အကောင်းဆုံးပြန်လာမယ်လို့ တိုက်စစ်မှူး ရပ်ဖို့ဒ် ကတိပေး

Unicode Version

ဒဏ်ရာ ပြဿနာတွေ၊ တခြားသော အဆင်မပြေမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် လာမယ့်နှစ်မှာ စိတ်သစ်လူသစ်နဲ့ အကောင်းဆုံး ပြန်လာမယ်လို့ မားကပ်စ်ရပ်ဖို့ဒ်က ကတိပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ သူ့အနေနဲ့ ပုံမှန်ခြေစွမ်းအောက်ကို သိသိသာသာလရောက်နေခဲ့တယ်လို့ ရပ်ဖို့ဒ်က ဝန်ခံခဲ့ပြီး အခုတော့ ထိုက်သင့်သလောက် အနားယူပြီး ဖြစ်တာကြောင့် တက်ကြွ လန်းဆန်းစွာနဲ့ ရာသီသစ်ကို စတင်ဖို့ အသင့်ဖြစ်နေပြီလို့ ရပ်ဖို့ဒ်က ဆိုပါတယ်။

မားကပ်စ်ရပ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ၊ မန်ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲပါဝင် ကစားပေးခဲ့ပေမယ့် လူစားဝင်ပွဲတွေ များစွာ ပါဝင်နေတာကြောင့် စုစုပေါင်း မိနစ် ၁၅၀၀ ကျော် လောက်သာ ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ တစ်ရာသီလုံး အတိုင်းအတာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ် နိုင်ခဲ့သည်အထိ ခြေစွမ်း ကျဆင်းမှုတွေ ရှိခဲ့ပါတယ်။

 

ရပ်ဖို့ဒ်က “နည်းပြသစ် အဲရစ်တန်ဟတ်နဲ့ လက်တွဲ အလုပ်လုပ်ရတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော် စိတ်လှုပ်ရှား နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကျွန်တော့်အနေနဲ့ ခြေစွမ်း ကျဆင်းမှုတွေ၊ အဆင်မပြေမှုတွေ များစွာရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို ကျွန်တော် သေချာပြုပြင်ပြီး လာမယ့်နှစ်မှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့လည်း စိတ်ပိုင်းဖြတ် ထားပါတယ်။

လောလောဆယ်တော့ နည်းပြ တန်ဟတ် ကစားစေချင်တဲ့ ပုံစံတစ်ခုကို နားလည် သဘောပေါက်အောင် ကျွန်တော်တို့အားလုံး ကြိုးစားနေပါတယ်။ ရာသီသစ် အတွက်လည်း မျှော်လင့်ချက်တွေ အပြည့်ပါပဲ”လို့ မားကပ်စ် ရပ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ မားကပ်စ်ရပ်ဖို့ဒ်ဟာ မန်ယူနိုက်တက် အတွက် ပြိုင်ပွဲစုံပွဲ ၃၀၀ ကျော် ပါဝင်ကစားပေး ထားပြီး ၉၃ ဂိုးသွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ လာမယ့် ရာသီမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့် ရပါလိမ့်မယ်။

Zawgyi Version

ဒဏ္ရာ ျပႆနာေတြ၊ တျခားေသာ အဆင္မေျပမႈေတြေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီမွာ ႐ုန္းကန္ခဲ့ရေပမယ့္ လာမယ့္ႏွစ္မွာ စိတ္သစ္လူသစ္နဲ႕ အေကာင္းဆုံး ျပန္လာမယ္လို႔ မားကပ္စ္ရပ္ဖို႔ဒ္က ကတိေပး လိုက္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီမွာ သူ႕အေနနဲ႕ ပုံမွန္ေျခစြမ္းေအာက္ကို သိသိသာသာလေရာက္ေနခဲ့တယ္လို႔ ရပ္ဖို႔ဒ္က ဝန္ခံခဲ့ၿပီး အခုေတာ့ ထိုက္သင့္သေလာက္ အနားယူၿပီး ျဖစ္တာေၾကာင့္ တက္ႂကြ လန္းဆန္းစြာနဲ႕ ရာသီသစ္ကို စတင္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ ရပ္ဖို႔ဒ္က ဆိုပါတယ္။

မားကပ္စ္ရပ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီ၊ မန္ယူနိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၁ ပြဲပါဝင္ ကစားေပးခဲ့ေပမယ့္ လူစားဝင္ပြဲေတြ မ်ားစြာ ပါဝင္ေနတာေၾကာင့္ စုစုေပါင္း မိနစ္ ၁၅၀၀ ေက်ာ္ ေလာက္သာ ပြဲထြက္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။ တစ္ရာသီလုံး အတိုင္းအတာမွာ သြင္းဂိုး ၅ ဂိုးနဲ႕ ဂိုးဖန္တီးမႈ ၂ ႀကိမ္သာ ျပဳလုပ္ နိုင္ခဲ့သည္အထိ ေျခစြမ္း က်ဆင္းမႈေတြ ရွိခဲ့ပါတယ္။

ရပ္ဖို႔ဒ္က “နည္းျပသစ္ အဲရစ္တန္ဟတ္နဲ႕ လက္တြဲ အလုပ္လုပ္ရေတာ့မွာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္ စိတ္လႈပ္ရွား ေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ကြၽန္ေတာ့္အေနနဲ႕ ေျခစြမ္း က်ဆင္းမႈေတြ၊ အဆင္မေျပမႈေတြ မ်ားစြာရွိခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒါေတြကို ကြၽန္ေတာ္ ေသခ်ာျပဳျပင္ၿပီး လာမယ့္ႏွစ္မွာ အေကာင္းဆုံးပုံစံနဲ႕ ျပန္လာနိုင္ဖို႔လည္း စိတ္ပိုင္းျဖတ္ ထားပါတယ္။

ေလာေလာဆယ္ေတာ့ နည္းျပ တန္ဟတ္ ကစားေစခ်င္တဲ့ ပုံစံတစ္ခုကို နားလည္ သေဘာေပါက္ေအာင္ ကြၽန္ေတာ္တို႔အားလုံး ႀကိဳးစားေနပါတယ္။ ရာသီသစ္ အတြက္လည္း ေမွ်ာ္လင့္ခ်က္ေတြ အျပည့္ပါပဲ”လို႔ မားကပ္စ္ ရပ္ဖို႔ဒ္က ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္တဲ့ မားကပ္စ္ရပ္ဖို႔ဒ္ဟာ မန္ယူနိုက္တက္ အတြက္ ၿပိဳင္ပြဲစုံပြဲ ၃၀၀ ေက်ာ္ ပါဝင္ကစားေပး ထားၿပီး ၉၃ ဂိုးသြင္းယူထားနိုင္သူလည္း ျဖစ္ပါတယ္။ သူ႕အေနနဲ႕ လာမယ့္ ရာသီမွာ အေကာင္းဆုံးပုံစံနဲ႕ ျပန္လာနိုင္မလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ ရပါလိမ့္မယ္။