Unicode Version
အာဂျင်တီးနား နဲ့ ပီအက်စ်ဂျီ ကစားသမ အိန်ဂျယ်ဒီမာရီယာ အနေနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်လို့ ပရီးမီးယားလိဂ် ကလပ် စပါးအသင်းဘက်ကနေ ဒီကစားသမားကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။
အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းနဲ့ အံ့ဝင်နိုင်ခြင်းမရှိပဲ တစ်နှစ်အကြာမှာပဲ ပီအက်စ်ဂျီအသင်းဆီကို ပြန်လည်ရောင်းချဖြစ်လိုက်ရပါတယ်။
အခုဆိုရင်တော့ ဒီမာရီယာဟာ ပီအက်စ်ဂျီအသင်းနဲ့ (၆)ရာသီမြောက်ကို ဖြတ်သန်းလို့ရှိနေပေမယ့် ဒီရာသီအကုန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အခုဆောင်းစျေးကွက်မှာပဲ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနိုင်တော့မှာဖြစ်ပါတယ်။
ဒီမာရီယာက ပိုချက်တီနိုလက်အောက်မှာ အသင်းအတွင်း ပွဲထွက်ခွင့်တွေ ပိုပြီးရလာနိုင်တယ်ဆိုပေမယ့် ဒီမာရီယာက အသက်အရွှယ်အရ (၃၃)နှစ်နားကပ်နေပြီဖြစ်တာကြောင့် အသင်းဘက်ကနေ သူ့ကို တစ်နှစ်လောက်သာ သက်တမ်းတိုးဖွယ် ရှိနိုင်တာတွေကြောင့် ဒီမာရီယာကိုယ်တိုင် အခြားသော ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကိုပါ စောင့်ကြည့်သွားဖွယ် ရှိနေပါတယ်။
ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်မှ ဆရာဟောင်း ဖြစ်ခဲ့ဘူးတဲ့ နည်းပြ မောင်ရင်ဟိုက ဒီမာရီယာ ကို ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပြီး ဒီမာရီယာ အနေနဲ့လဲ ပရီးမီးယားလိဂ်ကို တကျော့ပြန်လာ မလား စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ ပီအက်စ်ဂျီအသင်းကလဲ စပါးရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေကြောင်း သိရပါတယ်။