Unicode Version
ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဝေးကွင်းနိုင်ပွဲ(၂)ပွဲသာရှိသေးတဲ့ လီဗာပူးလ်အသင်းဟ အဝေးကွင်းမှာ အိမ်ရှင်စပါးကို အနိုင်ယူပြီး ပြိုင်ပွဲစုံ(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးမှုက (၄၈၆)မိနစ်အကြာမှာ အဆုံးသတ်ခဲ့တဲ့အပြင် သွင်းဂိုး(၃)ဂိုးနဲ့ နိုင်ပွဲပြန်ရခဲ့ပါတယ်။ စပါးက ခံစစ်ကို ဦးစားပေးခဲ့ပေမဲ့ အပြန်အလှန် တိုက်စစ်ဆင် နိုင်ခဲ့တာကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းမှာတော့ မာနေနဲ့ ဆွန်ဟောင်မင်တို့ရဲ့ အားပြိုင်ပွဲလို ဖြစ်ခဲ့ပါတယ်။
ပွဲအစ(၂)မိနစ်ဝန်းကျင်မှာပဲ ဆွန်ဟောင်မင်က ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ VAR က လူကျွံဘောအဖြစ် သတ်မှတ်ပြီး ပြန်ပယ်ဖျက်ခဲ့သလို၊ ဒုတိယပိုင်းမှာ ဆာလာ သွင်းယူတဲ့ဂိုးကိုလည်း VAR ပြန်ကြည့်ပြီး ဖေမီနိုရဲ့ လက်ထိဘောအဖြစ် သတ်မှတ်ကာ ပြန်ပယ်ဖျက်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းက လူမစုံပေမဲ့ ပိုကောင်းတဲ့အသင်းဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီး တိုက်စစ်အခွင့်အရေးတွေလည်း အများအပြားရရှိခဲ့ပါတယ်။ စပါးကတော့ ဟာရီကိန်း ဒဏ်ရာရသွားတာကြောင့် ဒုတိယပိုင်းမှာ ပိုအားနည်းသွားခဲ့ပါတယ်။
လီဗာပူးလ်အတွက် ဂိုးတွေကို ပထမပိုင်းနာကျင်အချိန်ပိုမှာ ဖေမီနို၊ (၄၇)မိနစ်မှာ အာနိုးလ်နဲ့ (၆၅)မိနစ်မှာ မာနေတို့က သွင်းယူခဲ့ပြီး စပါးအတွက်ဂိုးကိုတော့ (၄၉)မိနစ်မှာ ဟူဘယက်က သွင်းယူခဲ့ပါတယ်။
Zawgyi Version
ဒီႏွစ္ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း အေဝးကြင္းနိုင္ပြဲ(၂)ပြဲသာရွိေသးတဲ့ လီဗာပူးလ္အသင္းဟ အေဝးကြင္းမွာ အိမ္ရွင္စပါးကို အနိုင္ယူၿပီး ၿပိဳင္ပြဲစုံ(၃)ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနမႈကို အဆုံးသတ္နိုင္ခဲ့ပါတယ္။
လီဗာပူးလ္အသင္းရဲ႕ ပရီးမီးယားလိဂ္ ဂိုးေပါက္ေပ်ာက္ဆုံးမႈက (၄၈၆)မိနစ္အၾကာမွာ အဆုံးသတ္ခဲ့တဲ့အျပင္ သြင္းဂိုး(၃)ဂိုးနဲ႕ နိုင္ပြဲျပန္ရခဲ့ပါတယ္။ စပါးက ခံစစ္ကို ဦးစားေပးခဲ့ေပမဲ့ အျပန္အလွန္ တိုက္စစ္ဆင္ နိုင္ခဲ့တာေၾကာင့္ အႀကိတ္အနယ္ရွိခဲ့ၿပီး ပထမပိုင္းမွာေတာ့ မာေနနဲ႕ ဆြန္ေဟာင္မင္တို႔ရဲ႕ အားၿပိဳင္ပြဲလို ျဖစ္ခဲ့ပါတယ္။
ပြဲအစ(၂)မိနစ္ဝန္းက်င္မွာပဲ ဆြန္ေဟာင္မင္က ဂိုးသြင္းယူနိုင္ခဲ့ေပမဲ့ VAR က လူကြၽံေဘာအျဖစ္ သတ္မွတ္ၿပီး ျပန္ပယ္ဖ်က္ခဲ့သလို၊ ဒုတိယပိုင္းမွာ ဆာလာ သြင္းယူတဲ့ဂိုးကိုလည္း VAR ျပန္ၾကည့္ၿပီး ေဖမီနိုရဲ႕ လက္ထိေဘာအျဖစ္ သတ္မွတ္ကာ ျပန္ပယ္ဖ်က္ခဲ့ပါတယ္။
လီဗာပူးလ္အသင္းက လူမစုံေပမဲ့ ပိုေကာင္းတဲ့အသင္းျဖစ္ေၾကာင္း ျပသနိုင္ခဲ့ၿပီး တိုက္စစ္အခြင့္အေရးေတြလည္း အမ်ားအျပားရရွိခဲ့ပါတယ္။ စပါးကေတာ့ ဟာရီကိန္း ဒဏ္ရာရသြားတာေၾကာင့္ ဒုတိယပိုင္းမွာ ပိုအားနည္းသြားခဲ့ပါတယ္။
လီဗာပူးလ္အတြက္ ဂိုးေတြကို ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ေဖမီနို၊ (၄၇)မိနစ္မွာ အာနိုးလ္နဲ႕ (၆၅)မိနစ္မွာ မာေနတို႔က သြင္းယူခဲ့ၿပီး စပါးအတြက္ဂိုးကိုေတာ့ (၄၉)မိနစ္မွာ ဟူဘယက္က သြင္းယူခဲ့ပါတယ္။