Spots news

ဝက်စ်ဟမ်းကို ရာသီကုန်ထိ အငှားဖြင့်ပြောင်းရွှေ့သွားတဲ့ လင်ဂတ်နဲ့ မနက်ခင်းသတင်းတိုများ

Unicode Version

ဝက်စ်ဟမ်းအသင်းဟာမန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့တောင်ပံကစားသမား ဂျက်ဆီ လင်ဂတ်ကို
ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ် ။ အပြီးသတ်ခေါ်ယူခွင့် မပါရှိကြောင်း သိရပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းကနေ အသက်လက်တီကိုမက်ဒရစ်အသင်းဆီ တစ်ရာသီအငှားနဲ့ လာရောက်ကစားလို့နေတဲ့ ကွင်းလယ်လူတော်ရဲရားဟာ

အသက်လက်တီကိုမှာ နေရာမရတာကြောင့် အငှားစာချုပ် ဖျက်သိမ်းဖွယ်ရှိနေတဲ့အတွက် သူ့ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့ မိုနာကိုအသင်းဘက်ကနေ ကြိုးပမ်းလာခဲ့တယ်လို့ သိရှိရပါတယ်။

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဝေးကွင်းနိုင်ပွဲ(၂)ပွဲသာရှိသေးတဲ့ လီဗာပူးလ်အသင်းက Tottenham Hotspur ကွင်းထဲမှာ အိမ်ရှင်စပါးကို ၁-၃ ရလဒ်ဖြင့် အနိုင်ယူပြီး ပြိုင်ပွဲစုံ(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့

ဆာဂျီယို ရာမို့စ်ရဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း နာမည်ကြီး စပိန် အခြေစိုက် သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။

Zawgyi Version

ဝက္စ္ဟမ္းအသင္းဟာမန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ေတာင္ပံကစားသမား ဂ်က္ဆီ လင္ဂတ္ကို
ရာသီကုန္အထိ အငွားျဖင့္ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္ ။ အၿပီးသတ္ေခၚယူခြင့္ မပါရွိေၾကာင္း သိရပါတယ္။

ဒီႏွစ္ေဘာလုံးရာသီအတြင္း အာဆင္နယ္အသင္းကေန အသက္လက္တီကိုမက္ဒရစ္အသင္းဆီ တစ္ရာသီအငွားနဲ႕ လာေရာက္ကစားလို႔ေနတဲ့ ကြင္းလယ္လူေတာ္ရဲရားဟာ အသက္လက္တီကိုမွာ ေနရာမရတာေၾကာင့္ အငွားစာခ်ဳပ္ ဖ်က္သိမ္းဖြယ္ရွိေနတဲ့အတြက္ သူ႕ကို ရာသီကုန္အထိ အငွားနဲ႕ ေခၚယူဖို႔ မိုနာကိုအသင္းဘက္ကေန ႀကိဳးပမ္းလာခဲ့တယ္လို႔ သိရွိရပါတယ္။

ဒီႏွစ္ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း အေဝးကြင္းနိုင္ပြဲ(၂)ပြဲသာရွိေသးတဲ့ လီဗာပူးလ္အသင္းက Tottenham Hotspur ကြင္းထဲမွာ အိမ္ရွင္စပါးကို ၁-၃ ရလဒ္ျဖင့္ အနိုင္ယူၿပီး ၿပိဳင္ပြဲစုံ(၃)ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနမႈကို အဆုံးသတ္နိုင္ခဲ့ပါတယ္။

စပိန္ အင္အားႀကီး အသင္းတစ္သင္း ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ အသင္းဟာ သူတို႔အသင္းရဲ႕ အဓိက ေနာက္ခံလူလည္းျဖစ္ ၊ အသင္းေခါင္းေဆာင္လည္း ျဖစ္တဲ့ ဆာဂ်ီယို ရာမို႔စ္ရဲ႕ စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈေတြ အားလုံးကို ရပ္ဆိုင္းလိုက္ၿပီ ျဖစ္ေၾကာင္း နာမည္ႀကီး စပိန္ အေျခစိုက္ သတင္းဌာန အမ်ားစုက အခိုင္အမာ ေဖာ္ျပ သြားၾကပါတယ္။