Articles

ဘာစီလိုနာက ပြောင်းရွေ့ကြေး မပေးနိုင်ရင် ချယ်လ်ဆီးကို ပြောင်းရွေ့မယ့် လီဝန်ဒေါစကီး

Unicode Version

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာဆီသာ မပြောင်းရွှေ့နိုင်ခဲ့ရင် ဘိုင်ယန်မြူးနစ်မှာ ဆက်နေဖို့ထက် ပရီးမီးယားလိဂ် အင်အားကြီး ကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း သတင်းတွေက ဖော်ပြ သွားကြပါတယ်။

လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် လီဝန်ဒေါစကီး ကတော့ ဘိုင်ယန်မြူးနစ် နည်းပြ နစ်ဂယ်စမန်းနဲ့ ဆက်ဆံရေး အဆင်မပြေ တာကြောင့် အသင်းကနေ ထွက်ခွာဖို့ပဲ ဆုံးဖြတ် ထားပါတယ်။

လီဝန်ဒေါစကီးက ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ဘာစီလိုနာကလည်း သူ့ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် ဘာစီလိုနာဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ဘိုင်ယန်မြူးနစ်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို တလုံးတခဲထဲ ပေးချေရမယ် ဆိုတဲ့ အချက်ကို မလိုက်လျောနိုင်ပဲ ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ လီဝန်ဒေါစကီး တယောက် ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်ဖို့ ခက်ခဲနေပြီး လီဝန်ဒေါစကီး ကတော့ ဘိုင်ယန်မြူးနစ်မှာ ဆက်မနေဖို့ ဆုံးဖြတ်ထားတာကြောင့် ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်သွားရင် ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

 

သတင်းတွေ အရ လီဝန်ဒေါစကီးက ဘာစီလိုနာနဲ့သာ ဆွေးနွေးမှုတွေ လုပ်ထားပေမယ့် ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့က သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပြီး ဘာစီလိုနာနဲ့သာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရင် ဘိုင်ယန်မြူးနစ်မှာ ဆက်နေတာ နဲ့ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့တာထက် သူ့ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Zawgyi Version

ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝန္ေဒါစကီးက ဘာစီလိုနာဆီသာ မေျပာင္းေ႐ႊ႕နိုင္ခဲ့ရင္ ဘိုင္ယန္ျမဴးနစ္မွာ ဆက္ေနဖို႔ထက္ ပရီးမီးယားလိဂ္ အင္အားႀကီး ကလပ္ ခ်ယ္လ္ဆီးဆီ ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားထားေၾကာင္း သတင္းေတြက ေဖာ္ျပ သြားၾကပါတယ္။

လီဝန္ေဒါစကီးက ဘိုင္ယန္ျမဴးနစ္နဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္က သူ႕ကို စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့ေပမယ့္ လီဝန္ေဒါစကီး ကေတာ့ ဘိုင္ယန္ျမဴးနစ္ နည္းျပ နစ္ဂယ္စမန္းနဲ႕ ဆက္ဆံေရး အဆင္မေျပ တာေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ပဲ ဆုံးျဖတ္ ထားပါတယ္။

လီဝန္ေဒါစကီးက ဘာစီလိုနာဆီ ေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိထားသလို ဘာစီလိုနာကလည္း သူ႕ကို ေခၚယူနိုင္ဖို႔ အစြမ္းကုန္ ႀကိဳးစားေနေပမယ့္ ဘာစီလိုနာဟာ ဘ႑ာေရး အၾကပ္အတည္းနဲ႕ ရင္ဆိုင္ေနရတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္က ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၅၀သန္းကို တလုံးတခဲထဲ ေပးေခ်ရမယ္ ဆိုတဲ့ အခ်က္ကို မလိုက္ေလ်ာနိုင္ပဲ ျဖစ္ေနပါတယ္။

ဒါေၾကာင့္ပဲ လီဝန္ေဒါစကီး တေယာက္ ယခု ေႏြေဈးကြက္ အတြင္းမွာ ဘာစီလိုနာဆီ ေျပာင္းေ႐ႊ႕နိုင္ဖို႔ ခက္ခဲေနၿပီး လီဝန္ေဒါစကီး ကေတာ့ ဘိုင္ယန္ျမဴးနစ္မွာ ဆက္မေနဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ဘာစီလိုနာနဲ႕ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္သြားရင္ ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ ခ်ယ္လ္ဆီးဆီ ေျပာင္းေ႐ႊ႕ဖြယ္ ရွိေနပါတယ္။

သတင္းေတြ အရ လီဝန္ေဒါစကီးက ဘာစီလိုနာနဲ႕သာ ေဆြးေႏြးမႈေတြ လုပ္ထားေပမယ့္ ပီအက္စ္ဂ်ီနဲ႕ ခ်ယ္လ္ဆီးတို႔က သူ႕ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၾကၿပီး ဘာစီလိုနာနဲ႕သာ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္ခဲ့ရင္ ဘိုင္ယန္ျမဴးနစ္မွာ ဆက္ေနတာ နဲ႕ ပီအက္စ္ဂ်ီဆီ ေျပာင္းေ႐ႊ႕တာထက္ သူ႕ကို ေခၚယူဖို႔ ကာလရွည္ စိတ္ဝင္စားခဲ့တဲ့ ခ်ယ္လ္ဆီးဆီသာ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရပါတယ္။