Spots news

စပါးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာမယ့် ဟယ်ရီကိန်းရဲ့ ဒဏ်ရာ

Unicode Version

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဝေးကွင်းနိုင်ပွဲ(၂)ပွဲသာရှိသေးတဲ့ လီဗာပူးလ် အသင်းက အိမ်ရှင်စပါးကို ၁-၃ ရလဒ်ဖြင့် အနိုင်ယူပြီး ပြိုင်ပွဲစုံ(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့ပါတယ်။အဆိုပါ ပွဲဟာ စပါး အနေနဲ့ အထိနာစရာ ဖြစ်ခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်း ကလဲ ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာ ၂ဖက်စလုံး ရရှိသွားတဲ့ သတင်းက နည်းပြ မော်ရင်ဟိုအတွက်တော့ စိတ်ပူစရာ ဖြစ်လာခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ပထမပိုင်း အပြီးမှာ ထော့နဲ့ထော့နဲ့ဖြင့် ကွင်းထဲကနေ ထွက်သွားခဲ့ရပြီး ဒုတိယပိုင်း အစမှာတော့ လာမယ်လာနဲ့ လူစားလဲခဲ့ ရပါတယ်။

တိုက်စစ်မှူးရဲ့ ဒဏ်ရာကို လာမယ့် ၄၈နာရီအတွင်း စစ်ဆေး သွားမှာ ဖြစ်ပေမဲ့ မော်ရင်ဟိုက “ခြေကျင်းဝတ် ၂ခု၊ ပထမ တစ်ခုက ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှု ကြောင့်ပါ။ သီယာဂို ဖြတ်ထုတ်ခဲ့တာပါ။ ဒုတိယ တစ်ခုကတော့ ကောင်းကောင်း  မမှတ်မိပါဘူး”

ဒါပေမဲ့ ခြေကျင်းဝတ် ၂ခုစလုံးမှာ ဒဏ်ရာ ၂ခုရသွားတာပါ။ ဒုတိယ တစ်ခုက ပထမတစ်ခု ထက် ပို ပြင်းထန်ပါတယ်။ ရက်သတ္တပတ် အနည်းငယ် နားရမလား မသိသေး ပါဘူး။ ဟယ်ရီအတွက်တော့ သူ ပွဲကစား ချင်နေချိန်မှာ ထွက်သွားရတာပါပဲ။ ဘယ်လောက် ကြာမယ် ဆိုတာတော့ စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရရှိ သွားခဲ့တာကြောင့် စပါးဟာ လီဗာပူးလ် အသင်းကို ဆွန်ယောင်မင် ရဲ့ တိုက်စစ် ဖိအားပေးမှု နဲ့သာ ရင်ဆိုင်ရဲ့ရပြီး လီဗာပူးလ် အတွက် ဂိုးတွေကို ပထမပိုင်း နာကျင် အချိန်ပိုမှာ ဖေမီနို၊ (၄၇) မိနစ်မှာ အာနိုးလ်နဲ့ (၆၅) မိနစ်မှာ မာနေတို့က သွင်းယူခဲ့ပြီး စပါး အတွက် ဂိုးကိုတော့ (၄၉)မိနစ်မှာ ဟူဘယက် ဝိုင် သွင်းယူ ခဲ့ပါတယ်။

Zawgyi Version

ဒီႏွစ္ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း အေဝးကြင္းနိုင္ပြဲ(၂)ပြဲသာရွိေသးတဲ့ လီဗာပူးလ္အသင္းက အိမ္ရွင္စပါးကို ၁-၃ ရလဒ္ျဖင့္ အနိုင္ယူၿပီး ၿပိဳင္ပြဲစုံ(၃)ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနမႈကို အဆုံးသတ္နိုင္ခဲ့ပါတယ္။အဆိုပါ ပြဲဟာ စပါး အေနနဲ႕ အထိနာစရာ ျဖစ္ခဲ့ၿပီး တိုက္စစ္မႉး ဟယ္ရီကိန္း ကလဲ ဒဏ္ရာရရွိခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္မွာ တိုက္စစ္မႉး ဟယ္ရီကိန္းတစ္ေယာက္ ေျခက်င္းဝတ္ဒဏ္ရာ ၂ဖက္စလုံး ရရွိသြားတဲ့ သတင္းက နည္းျပ ေမာ္ရင္ဟိုအတြက္ေတာ့ စိတ္ပူစရာ ျဖစ္လာခဲ့ပါတယ္။ ဟယ္ရီကိန္းဟာ ပထမပိုင္းအၿပီးမွာ ေထာ့နဲ႕ေထာ့နဲ႕ျဖင့္ ကြင္းထဲကေန ထြက္သြားခဲ့ရၿပီး ဒုတိယပိုင္းအစမွာေတာ့ လာမယ္လာနဲ႕ လူစားလဲခဲ့ရပါတယ္။

တိုက္စစ္မႉးရဲ႕ ဒဏ္ရာကို လာမယ့္ ၄၈နာရီအတြင္း စစ္ေဆးသြားမွာ ျဖစ္ေပမဲ့ ေမာ္ရင္ဟိုက “ေျခက်င္းဝတ္ ၂ခု၊ ပထမတစ္ခုက ၾကမ္းတမ္းတဲ့ ျဖတ္ထုတ္မႈေၾကာင့္ပါ။ သီယာဂို ျဖတ္ထုတ္ခဲ့တာပါ။ ဒုတိယတစ္ခုကေတာ့ ေကာင္းေကာင္း မမွတ္မိပါဘူး”

ဒါေပမဲ့ ေျခက်င္းဝတ္ ၂ခုစလုံးမွာ ဒဏ္ရာ ၂ခုရသြားတာပါ။ ဒုတိယတစ္ခုက ပထမတစ္ခုထက္ ပိုျပင္းထန္ပါတယ္။ ရက္သတၱပတ္ အနည္းငယ္ နားရမလား မသိေသးပါဘူး။ ဟယ္ရီအတြက္ေတာ့ သူ ပြဲကစားခ်င္ေနခ်ိန္မွာ ထြက္သြားရတာပါပဲ။ ဘယ္ေလာက္ ၾကာမယ္ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ”လို႔ ေျပာခဲ့ပါတယ္။

တိုက္စစ္မႉး ဟယ္ရီကိန္း ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ စပါးဟာ လီဗာပူးလ္အသင္းကို ဆြန္ေယာင္မင္ ရဲ႕ တိုက္စစ္ဖိအားေပးမႈ နဲ႕သာ ရင္ဆိုင္ရဲ႕ရၿပီး လီဗာပူးလ္အတြက္ ဂိုးေတြကို ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ေဖမီနို၊ (၄၇)မိနစ္မွာ အာနိုးလ္နဲ႕ (၆၅)မိနစ္မွာ မာေနတို႔က သြင္းယူခဲ့ၿပီး စပါးအတြက္ဂိုးကိုေတာ့ (၄၉)မိနစ္မွာ ဟူဘယက္က သြင္းယူခဲ့ပါတယ္။