Spots news

ဆဲလ်တစ်အသင်းကိုနည်းပြပြီး ဂုဏ်သိက္ခာပြန်တည်‌ဆောက်မယ့် လမ်းပတ်

Unicode Version

ယမန်နေ့ညက ပရီးမီးယား လိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ သူတို့ အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ အချိန်မှာ နည်းပြတစ်ဦး အဖြစ် တာဝန်ယူထားတဲ့ ဖရန့်လမ်းပတ်ကို နည်းပြရာထူး ကနေ ထုတ်ပယ် လိုက်ပြီး ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ်ကို ၁၈ လစာချုပ် နဲ့ တရားဝင်ခန့်အပ် ခဲ့ပါတယ်။

ဖရန့်လမ်းပတ်တစ်ယောက်ကတော့  ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲတာ မကြာသေး ပေမယ့်နောက်ထပ် အသင်းတစ်သင်းရဲ့ နည်းပြ ဖြစ်လာဖို့ အတွက် ရေပန်စား‌လို့ နေပြန်ပါတယ်။ ဖရန့်လမ်းပတ်ဟာ

စကော့တလန် နိုင်ငံက နာမည်ကြီး ထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တစ် အသင်းရဲ့ နည်းပြ ဖြစ်လာဖို့ အတွက် အလားအလာ ရှိနေပြီးတော့ သူ့ရဲ့ ဂုဏ်သိက္ခာပိုင်းကို ပြန်လည်တည်ဆောက်ဖို့ အခြေအနေပေးနေတာ ဖြစ်ပါတယ်။

ဆဲတစ်လ် အသင်းဟာလည်း ဒီရာသီ အမှတ်ပေးဇယား ရပ်တည်မှုမှာ ဒုတိယနေရာက ရပ်တည်နေပေမယ့်လည်း ဇယားထိပ်ဆုံးက စတီဗင်ဂျရတ်ကိုင်တွယ်တဲ့ ရိန်းဂျားစ် အသင်းနဲ့ ရမှတ် ကွာဟမှုက ၂၃ မှတ်အထိ ရှိနေတာကြောင့်

လက်ရှိနည်းပြ ဖြစ်သူ နီးလ်လန်နွန် ကို ထုတ်ပယ်ဖို့ရာ အတွက် စဉ်းစားလျက်ရှိနေပြီး ဖရန့်လမ်းပတ်နဲ့ နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ် ကို နည်းပြသစ်အဖြစ် အစားထိုးချင်နေခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

လက်ရှိ အချိန်မှာ ဆဲတစ်လ် အသင်းဟာ ယခုနှစ် စကော့တလန်ပရီးမီးယားရှစ်မှာတော့ ပွဲပေါင်း ၂၂ပွဲ ကစားထားကာ ၁၃ပွဲနိုင် ၇ပွဲသရေ ၂ပွဲ ရှုံးထားပြီး အမှတ် ၄၆ မှတ်နေရာကလေ ရိမ်းဂျားအသင်းနဲ့ အမှတ် ၂၃မှတ် အထိ ကွာဟနေခဲ့ပါတယ်။

ဖရန့်လမ်းပတ်နဲ့ ချဲလ်ဆီးအသင်းကြား စာချုပ်ဟာလည်း ၂နှစ်ကာလရှိနေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဖရန့်လမ်းပတ်ကို နောက်ထပ် ၆လအထိ လစာပေးချေရအုံးမှာဖြစ်ပါတယ်။ သို့ပေမယ့် ဖရန့်လမ်းပတ်ဟာ ဆဲတစ်လ်အသင်းရဲ့ နည်းပြရာထူးကို ဆက်ခံခဲ့ပါက အဆိုပါ စာချုပ်ဟာ အကျုံးမဝင်တော့ဘူးလို့ သိရှိရပါတယ်။