Spots news

ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင်စ့်ကို ခေါ်ယူမယ့် လက်စတာနဲ့ အဲဗာတန်

Unicode Version

လက်စတာအသင်းနဲ့ အဲဗာတန်အသင်းကတော့ ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား ဒန်နီအင်စ့်ကိုခေါ်ယူဖို့အတွက် ချဉ်းကပ်နေကြတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

လက်ရှိမှာ ဒန်နီအင်စ့်ကလည်း စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးတာကြောင့် အပြောင်းအရွှေ့က ဖြစ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ဒန်နီအင်စ့် ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဆောက်သမ်တန် အတွက် ပရီးမီးယားလိဂ် မှာ ၂၂ ဂိုး အထိသွင်းပေးခဲ့သူ ဖြစ်ပြီး အကောင်းဆုံး ပုံစံကို ရရှိခဲ့သူပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ သူ့အပေါ်  စိတ်ဝင်စားလာတဲ့ အသင်းတွေ ရှိခဲ့တာဖြစ်ပြီး အခုတော့ အဲဗာတန်နဲ့ လက်စတာတို့က အခိုင်အမာ သတင်းထွက်လာခဲ့တာပါ။

လက်စတာ အသင်း ဟာ အသက်အရွယ်ရလာတဲ့ တိုက်စစ်မှူး ဗာဒီနေရာအတွက် ကြိုတင်ပြင်ဆင်လာခဲ့တာဖြစ်သလို အဲဗာတန်အသင်း ကလည်း ကောလ်ဗတ်လီဝင် နဲ့

အပြိုင် ကစားနိုင်မယ့် ကစားသမားကို ရှာဖွေလာခဲ့တာပါ။ အဲ့ဒီမှာတော့ ပရီးမီးယားလိဂ်အတွေ့အကြုံ ရှိနေတဲ့ ဒန်နီအင်စ့်က ရွေးချယ်စရာ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒန်နီအင်စ့်ကလည်း ဆောက်သမ်တန် အသင်းနဲ့ စာချုပ် သက်တမ်းက ၁၈ လသာ ကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သစ် ကမ်းလှမ်းမှု ကိုတော့ ငြင်းပယ် ထားတယ်လို့ သိရပါတယ်။

သတင်းတွေအရ ကစားသမားဟာ ချန်ပီယံလိဂ်ဝင် ကစားချင်နေတယ်လို့ သိရပြီး အဲ့ဒီအတွက်လည်း လက်စတာလို အသင်းက ရွေးချယ်စရာဖြစ်လာခဲ့တာပါ။

ဘဏ္ဍာရေး အခြေအနေအရ ဆောက်သမ်တန်အသင်းဟာ ဒန်နီအင်စ့်ကို အလွတ်နဲ့ လက်မလွှတ် ရဖို့အတွက် စာချုပ်သစ်သာ သဘောတူညီမှု မရခဲ့ရင် လာမယ့် အပြောင်းအရွှေ့မှာပဲ ထုတ်ရောင်း သွားဖွယ်ရှိနေပါတယ်။

ဒါကြောင့် ဒန်နီအင်စ့်ရဲ့အခြေားအရွှေ့က ဖြစ်မြောက်သွားဖို့ များနေပြီး ဘယ်အသင်းက လက်ဦးမှုယူနိုင်မလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။