Spots news

မန်ချက်စတာယူနိုက်တက် ခေါ်ယူမယ့် နွေရာသီ ပစ်မှတ်

Unicode Version

သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက် ဟာ ဟော့ဖန်ဟိမ်း ကွင်းလယ်လူ ခရစ္စတိုဖာ ဘန်ဂတ်နာ ကို နွေရာသီ မှာ ခေါ်ယူဖို့ ပစ်မှတ်ထား နေတယ်လို့

သိရပါတယ်။ သြစတြေးလျ သားဟာ ပြီးခဲ့တဲ့နှစ်တွေ  ကတည်းက ထွန်းတောက် လာခဲ့တဲ့ ကြယ်ပွင့် တစ်ဦး အဖြစ် သတ်မှတ်ခံ ထားရ ပါတယ်။

အသက် ၂၁ အရွယ် သာ ရှိသေး ပေမယ့် ခရစ္စတိုဖာဟာ ဟော့ဖန်ဟိမ်း အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရနေပြီး အသင်းကြီး တွေရဲ့ အာရုံကို ဆွဲဆောင် နေပါတယ်။

The Sun သတင်း ဌာနက ယူနိုက်တက် ဟာ နွေရာသီမှာ ကွင်းလယ် နေရာ အတွက် ခရစ္စတိုဖာကို မျက်စိကျ နေတယ်လို့  ဖော်ပြခဲ့ပါတယ်။

ဆိုးလ်ရှားက ပေါ့ဂ်ဘာသာ ယူနိုက်တက် ကနေ  ထွက်ခွာ ဖြစ်ရင် အဆိုပါ နေရာ အတွက် ခရစ္စတိုဖာ ကို အစား ထိုးချင် နေပါတယ်။

ဘန်ဂတ်နာ ရဲ့ တန်ကြေးဟာ ပေါင် ၁၆ သန်းလောက် ရှိနေပေမယ့် ခြေစွမ်းကောင်း တွေကြောင့် တန်ကြေးက တိုးလာဖွယ် ရှိနေပါတယ်။ ဟော့ဖန်ဟိမ်း နဲ့ ခရစ္စတိုဖာ တို့ရဲ့စာချုပ် သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာ

ကုန်ဆုံးမှာ ဖြစ်တာကြောင့် အလျင်စလို ရောင်းချဖို့ ဖိအား မရှိတာ ဖြစ်ပါတယ်။ ဘန်ဂတ်နာ ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ ၁၇ ပွဲမှာ ၃ ဂိုးသွင်း ၅ ဂိုး ဖန်တီးထား နိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာလည်း စွမ်းဆောင်ရည် ကောင်းတွေ ပြသ နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်း ကလဲ လိဂ် ၂၆ ပွဲမှာ ၇ ဂိုးအထိ သွင်းယူကာ ခြေစွမ်းကောင်း တစ်ရပ် ပြသနိုင်ခဲ့ သေးတာ ဖြစ်ပါတယ်။

ယူနိုက်တက် ဟာ ဒီယာလိုကို ခေါ်ယူခဲ့ပြီး နောက် အခု အပြောင်းအရွှေ့ မှာ ကစား သမားသစ် တွေထပ်မံ ရောက်ရှိ လာမှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။