Spots news

ပွဲပယ်ပြစ်ဒ ဏ်ခံရတဲ့ လူကာကူ ၊ မိုဗစ် နဲ့ သတင်းတိုများ

လီဗာပူး နောက်ခံလူ မာတစ်ဟာ ပြင်းထန်တဲ့ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး လအနည်းငယ်ခန့် နားရဖွယ် ရှိနေပါတယ်။နည်းပြ ဂျာဂင်ကလော့ပ်က တော့တင်ဟမ်နဲ့ပွဲအပြီး အသင်းအတွက် သင့်လျော် မှန်ကန်တဲ့ ကစားသမားတစ်ဦး ရှာဖွေသွားမယ်လို့ ဆိုခဲ့ပေမယ့် အပြောင်းအရွေ့ကာလ ပိတ်သိမ်းဖို့ ရက်ပိုင်းမျှသာ ကျန်တော့တာကြောင့် ကစားသမားသစ် ခေါ်ယူဖို့ ခဲယဥ်းဖွယ် ရှိနေပါတယ်။

ကိုပါအီတလီယာ ဖလားပွဲမှာ အချင်းများ ၊ အပြန်အလှန် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမှုတွေ အတွက် ဇလာတန် ( အနီကတ်ထိသူ ) ရော လူကာကူ ပါ ၁ ပွဲပယ် အပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ် ။ဘောလုံးအဖွဲ့ချုပ်က ဖြစ်စဉ်ကို ဆက်လက်စစ်ဆေးနေပြီး ထပ်တိုးအပြစ်ဒဏ်တွေ ချမှတ်နိုင်ချေ ရှိနေသေးတယ်လို့ ကြားသိရပါတယ်။

 

အာဆင်နယ် ၊ ပီအက်စ်ဂျီအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ မန်စီးတီးနောက်ခံကစားသမားလေး အဲရစ်ဂါဆီယာဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မှာဖြစ်ပြီး ဒီဇင်ဘာလကတည်းက ဘာစီလိုနာနဲ့ သဘောတူညီမှု ရယူခဲ့ပြီးသားလို့လည်း သိရပါတယ်။

 

အင်တာမီလန်နည်းပြ အန်တိုနီယိုကွန်တီကတော့ သူရဲ့ကစားသမားဆန်းချက်ဇ်နဲ့ ရိုးမားတိုက်စစ်မှူးဒီဇီကိုတို့ကို အလဲအထပ်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သူဘက်က ဘာမှကို မပြောဆိုလိုကြောင်း ဆန်းချက်ဇ်ကလည်း သူတို့ကစားသမားအဖြစ်သာ ရှိနေသေးကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။