Spots news

၂၃ ပွဲမှာ ၂၁ ဂိုးထိ ရရှိအောင်စွမ်းဆောင်ထားတဲ့ ဂျုဗင်တပ်စ် တိုက်စစ်မှူး မိုရာတာ

Unicode Version

ဂျူဗင်တပ်စ် အသင်းမှာ တစ်ကျော့ပြန် ကစားလျက် ရှိနေတဲ့ တိုက်စစ်မှူး မိုရာတာဟာ ဒီနှစ်ဘောလုံးရာသီမှာ အထူး ခြေစွမ်းပြပြီး ဂိုးတွေဆက်တိုက် သွင်းယူ နေခဲ့ပါတယ်။

အသက်၂၈ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ မိုရာတာဟာ  အက်တလက်တီကို အသင်းကနေ အငှါး စာချုပ်နဲ့ ဂျူဗီကို တစ်ကျော့ပြန် ရောက်ရှိ နေခဲ့တာဖြစ်ပြီး ဂျူဗီရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ၆ ပွဲမှာ ၆ ဂိုးသွင်းယူ ပေးနိုင် ခဲ့ပါတယ်။

ဂျူဗင်တပ်စ် အသင်းဟာ မိုရာတာကို ယူရို ၁၀ သန်း တန် တစ်နှစ်အငှါး စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ရာသီကုန်မှာ ယူရို ၄၅ သန်းနဲ့ အပြီးသတ်  ဝယ်ယူခွင့်လည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ် အသင်းအနေနဲ့ နောက်ထပ်ယူရို ၁၀ သန်းနဲ့ အငှါးစာချုပ်ကို တစ်နှစ်သက်တမ်း ထပ်တိုး ခွင့်လည်း ရှိနေပြီး ဒီလိုဆို ရင်တော့ အပြီးသတ် ခေါ်ယူချိန်မှာ ပြောင်းရွှေ့ကြေးက ယူရို ၃၅ သန်းထိ လျော့ကျ သွား မှာလည်း ဖြစ်ပါတယ်။

မိုရာတာ ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ အက်တလက်တီကို အသင်းမှာတော့ အထူးတလည် ခြေစွမ်းပြ ကစား နိုင်ခဲ့ခြင်း မရှိဘဲ ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၁၆ ဂိုးသာ သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိုရာတာဟာ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိ လာခဲ့ပြီး နောက်မှာတော့ အကောင်းဆုံး ခြေစွမ်းပြ ကစားလျက် ရှိနေပြီး

ပြိုင်ပွဲစုံ၂၃ ပွဲပါဝင် ကစားထား ချိန်မှာ ဂိုး ပါဝင်ပတ်သက်မှုက ၂၁ ဂိုးထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင် ၁၃ ဂိုးသွင်း ယူပြီး အသင်းဖော် တွေကိုတော့ ၈ ဂိုးဖန်တီး ပေးထား ခဲ့တာပါ။