Spots news

တိုက်စစ်အင်အား အရန်အဖြစ် ဝါရင့်တိုက်စစ်မှူးဂျင်မီဗာဒီကို ခေါ်ယူချင်နေတဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ လက်စတာ စီးတီးရဲ့ ဝါရင့် တိုက်စစ်မှူး ဗာဒီကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိ လူစာရင်းထဲမှာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိသူက ရော်နယ်ဒိုနဲ့ မာရှယ်တို့ နှစ်ဦးထဲသာ ရှိသလို ရော်နယ်ဒိုရဲ့ အနာဂတ်ကလည်း မရေရာ မသေချာတာကြောင့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေကြတာပါ။

ယူနိုက်တက်ဟာ ရက်ဘူးလ် ဆဲလ်ဘက်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေသလို တဖက်မှာလည်း ယူနိုက်တက်ရဲ့ ကင်းထောက်တွေက ရော်နယ်ဒိုသာ ထွက်ခွာသွားခဲ့ရင် သူ့ရဲ့နေရာကို အစားဝင်နိုင်မယ့် အရန် တိုက်စစ်မှူး တဦးကို ဆက်လက် ရှာဖွေနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်စတာ စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ဝါရင့် တိုက်စစ်မှူး ဗာဒီရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ လိုအပ်လာမယ် ဆိုရင် ဗာဒီကို ချက်ချင်း ကမ်းလှမ်းဖို့ အစီအစဉ် ရှိနေကြောင်း သိရပါတယ်။

အသက် ၃၅နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဗာဒီဟာ လက်စတာနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တာကြောင့် အနာဂတ် မရေမရာ ဖြစ်နေသူ ဖြစ်ပြီး အကယ်၍ ယူနိုက်တက်ကသာ ဗာဒီကို ခေါ်ယူဖို့ ကမ်းလှမ်းလာမယ် ဆိုရင် ဗာဒီဘက်က ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံဖွယ် ရှိကြောင်း နီးစပ်တဲ့ လူတွေက ပြောကြားထားကြပါတယ်။

လက်စတာ စီးတီးကတော့ သူတို့ရဲ့ ဝါရင့် တိုက်စစ်မှူး ဗာဒီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အသင္းရဲ႕ တိုက္စစ္ပိုင္း အတြက္ အင္အားျဖည့္တင္းမႈ တရပ္အေနနဲ႕ လက္စတာ စီးတီးရဲ႕ ဝါရင့္ တိုက္စစ္မႉး ဗာဒီကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနေၾကာင္း သိရပါတယ္။

ယူနိုက္တက္ရဲ႕ လက္ရွိ လူစာရင္းထဲမွာ အေထာင္တိုက္စစ္မႉး အျဖစ္ ကစားနိုင္စြမ္း ရွိသူက ေရာ္နယ္ဒိုနဲ႕ မာရွယ္တို႔ ႏွစ္ဦးထဲသာ ရွိသလို ေရာ္နယ္ဒိုရဲ႕ အနာဂတ္ကလည္း မေရရာ မေသခ်ာတာေၾကာင့္ ယူနိုက္တက္ရဲ႕ တာဝန္ရွိသူေတြက တိုက္စစ္မႉးသစ္ တဦးကို ေခၚယူဖို႔ ႀကိဳးစားေနၾကတာပါ။

ယူနိုက္တက္ဟာ ရက္ဘူးလ္ ဆဲလ္ဘက္ရဲ႕ လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး ဆက္စ္ကိုကို ေခၚယူဖို႔ အျပင္းအထန္ ႀကိဳးပမ္းေနသလို တဖက္မွာလည္း ယူနိုက္တက္ရဲ႕ ကင္းေထာက္ေတြက ေရာ္နယ္ဒိုသာ ထြက္ခြာသြားခဲ့ရင္ သူ႕ရဲ႕ေနရာကို အစားဝင္နိုင္မယ့္ အရန္ တိုက္စစ္မႉး တဦးကို ဆက္လက္ ရွာေဖြေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္က လက္စတာ စီးတီးအသင္းရဲ႕ ပရီးမီးယားလိဂ္ ဝါရင့္ တိုက္စစ္မႉး ဗာဒီရဲ႕ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီး အကယ္၍ လိုအပ္လာမယ္ ဆိုရင္ ဗာဒီကို ခ်က္ခ်င္း ကမ္းလွမ္းဖို႔ အစီအစဥ္ ရွိေနေၾကာင္း သိရပါတယ္။

အသက္ ၃၅ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္တဲ့ ဗာဒီဟာ လက္စတာနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တာေၾကာင့္ အနာဂတ္ မေရမရာ ျဖစ္ေနသူ ျဖစ္ၿပီး အကယ္၍ ယူနိုက္တက္ကသာ ဗာဒီကို ေခၚယူဖို႔ ကမ္းလွမ္းလာမယ္ ဆိုရင္ ဗာဒီဘက္က ကမ္းလွမ္းမႈကို ခ်က္ခ်င္း လက္ခံဖြယ္ ရွိေၾကာင္း နီးစပ္တဲ့ လူေတြက ေျပာၾကားထားၾကပါတယ္။

လက္စတာ စီးတီးကေတာ့ သူတို႔ရဲ႕ ဝါရင့္ တိုက္စစ္မႉး ဗာဒီအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃သန္း ဝန္းက်င္ ေတာင္းဆိုဖြယ္ ရွိေၾကာင္း အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။