Spots news

ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ဖို့ ပီကေးနဲ့ ဘူးစကတ်စ်ကို လစာလျော့ယူဖို့ ဘာစီတောင်းဆို

Unicode Version

ဘဏ္ဍာရေး ပြသာနာတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ခေါ်ယူထားတဲ့ ကစားသမား တချို့ကို မှတ်ပုံတင်ဖို့ နောက်ခံလူ ပီကေးနဲ့ ကွင်းလယ်လူ ဘူးစကတ်စ်တို့ရဲ့ လစာတွေကို လျှော့ချဖို့ တောင်းဆိုခဲ့ရပြီး ဒီတောင်းဆိုမှုကိုလည်း ဒီကစားသမားကြီးတွေက လက်ခံ သွားခဲ့ပါတယ်။

အခုလည်း နွေဈေးကွက်ကမှ ခေါ်ယူထားတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး တောင်ပံကစားသမား ရာဖင်ဟာနဲ့ နောက်ခံလူ ခွန်ဒဲတို့ကို လာလီဂါမှာ စာရင်းသွင်းနိုင်ဖို့အတွက် ပီကေးနဲ့ ဘူးစကတ်စ်တို့ကိုပါ ထပ်မံပြီး လစာ လျှော့ယူပေးဖို့ တောင်းဆိုလာခဲ့ ရပြန်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နှစ်ရာသီဆက် လစာလျော့ယူရန် တောင်းဆိုထားမှုကို ပီကေးနဲ့ ဘူးစကတ်စ်တို့ဘက် ကနေ ငြင်းဆန်ခဲ့မယ်ဆိုရင် ဘာစီလိုနာအတွက် အကြီးအကျယ် ပြသာနာ ဖြစ်လာနိုင်တယ်လို့ သတင်းတချို့ကနေ ဖော်ပြနေကြပါတယ်။

ဒါပေမယ့် ဘာစီလိုနာ အသင်းဥက္ကဌဖြစ်သူ လာပေါ်တာက သူ့အသင်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ကြားက အသင်းအတွက် ကစားသမားသစ်တွေ တပုံတပင် ခေါ်ယူထား ပေးနိုင်တာ ဖြစ်လို့ လက်ရှိ အခြေအနေမျိုးကိုပါ အကောင်းဆုံး ဖြေရှင်းပေးနိုင်ဖွယ် ရှိနေပါတယ်။

လတ်တလောမှာ ဘာစီလိုနာအနေနဲ့ အသင်းမှာ အပိုဖြစ်နေတဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းကနေ ရှင်းထုတ်သွားဖို့ လုပ်ဆောင်နေပြီး ဒီကစားသမားတွေထဲမှာ မန်ဖစ်ဒီပိုင်း မာတင်ဘရေ့ဝိတ် ဆင်မြူရယ်အမ်တီတီနဲ့ ဂိုးသမားနေတိုတို့ ပါဝင်နေကြပါတယ်။

ဒီကစားသမားတွေ အနေနဲ့ အသင်းအပြောင်းအရွှေ့ ခက်ခဲနေမယ်ဆိုရင် နယ်သာလန် ကွင်းလယ်လူ ဒီဂျောင်ကို မဖြစ်မနေ ရောင်းထုတ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒီဂျောင်ကိုတော့ မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးက အလိုရှိနေပြီး ကစားသမားကတော့ ဘာစီလိုနာကနေ ထွက်ခွာရမယ်ဆိုရင် ချယ်လ်ဆီးကိုသာ ရွေးချယ်သွားဖွယ် ရှိနေရပါတယ်။

Zawgyi Version

ဘ႑ာေရး ျပသာနာေတြနဲ႕ ရင္ဆိုင္ေနခဲ့ရတဲ့ ဘာစီလိုနာ အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကတည္းက ေခၚယူထားတဲ့ ကစားသမား တခ်ိဳ႕ကို မွတ္ပုံတင္ဖို႔ ေနာက္ခံလူ ပီေကးနဲ႕ ကြင္းလယ္လူ ဘူးစကတ္စ္တို႔ရဲ႕ လစာေတြကို ေလွ်ာ့ခ်ဖိဳ႕ ေတာင္းဆိုခဲ့ရၿပီး ဒီေတာင္းဆိုမႈကိုလည္း ဒီကစားသမားႀကီးေတြက လက္ခံ သြားခဲ့ပါတယ္။

အခုလည္း ေႏြေဈးကြက္ကမွ ေခၚယူထားတဲ့ တိုက္စစ္မႉး လီဝန္ေဒါစကီး ေတာင္ပံကစားသမား ရာဖင္ဟာနဲ႕ ေနာက္ခံလူ ခြန္ဒဲတို႔ကို လာလီဂါမွာ စာရင္းသြင္းနိုင္ဖို႔အတြက္ ပီေကးနဲ႕ ဘူးစကတ္စ္တို႔ကိုပါ ထပ္မံၿပီး လစာ ေလွ်ာ့ယူေပးဖို႔ ေတာင္းဆိုလာခဲ့ ရျပန္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ႏွစ္ရာသီဆက္ လစာေလ်ာ့ယူရန္ ေတာင္းဆိုထားမႈကို ပီေကးနဲ႕ ဘူးစကတ္စ္တို႔ဘက္ ကေန ျငင္းဆန္ခဲ့မယ္ဆိုရင္ ဘာစီလိုနာအတြက္ အႀကီးအက်ယ္ ျပသာနာ ျဖစ္လာနိုင္တယ္လို႔ သတင္းတခ်ိဳ႕ကေန ေဖာ္ျပေနၾကပါတယ္။

ဒါေပမယ့္ ဘာစီလိုနာ အသင္းဥကၠဌျဖစ္သူ လာေပၚတာက သူ႕အသင္း ဘ႑ာေရး အက်ပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရတဲ့ ၾကားက အသင္းအတြက္ ကစားသမားသစ္ေတြ တပုံတပင္ ေခၚယူထား ေပးနိုင္တာ ျဖစ္လို႔ လက္ရွိ အေျခအေနမ်ိဳးကိုပါ အေကာင္းဆုံး ေျဖရွင္းေပးနိုင္ဖြယ္ ရွိေနပါတယ္။

လတ္တေလာမွာ ဘာစီလိုနာအေနနဲ႕ အသင္းမွာ အပိုျဖစ္ေနတဲ့ ကစားသမားေတြကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႕ အသင္းကေန ရွင္းထုတ္သြားဖို႔ လုပ္ေဆာင္ေနၿပီး ဒီကစားသမားေတြထဲမွာ မန္ဖစ္ဒီပိုင္း မာတင္ဘေရ႕ဝိတ္ ဆင္ျမဴရယ္အမ္တီတီနဲ႕ ဂိုးသမားေနတိုတို႔ ပါဝင္ေနၾကပါတယ္။

ဒီကစားသမားေတြ အေနနဲ႕ အသင္းအေျပာင္းအေ႐ႊ႕ ခက္ခဲေနမယ္ဆိုရင္ နယ္သာလန္ ကြင္းလယ္လူ ဒီေဂ်ာင္ကို မျဖစ္မေန ေရာင္းထုတ္ဖို႔ လိုအပ္လာမွာ ျဖစ္ပါတယ္။ ဒီေဂ်ာင္ကိုေတာ့ မန္ယူနိုက္တက္နဲ႕ ခ်ယ္လ္ဆီးက အလိုရွိေနၿပီး ကစားသမားကေတာ့ ဘာစီလိုနာကေန ထြက္ခြာရမယ္ဆိုရင္ ခ်ယ္လ္ဆီးကိုသာ ေ႐ြးခ်ယ္သြားဖြယ္ ရွိေနရပါတယ္။