Spots news

ချယ်လ်ဆီးမှာ အနာဂတ်ပျောက်နေတဲ့ တောင်ပံ ကစားသမားကို ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အေဂျက်ဇ် တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ အဆင်မပြေနိုင်ခဲ့ဘူးဆိုရင် အေဂျက်ဇ် ကစားသမားဟောင်း လက်ရှိ ချယ်လ်ဆီးမှာ အနာဂတ် မသေမချာဖြစ်တဲ့ တောင်ပံကစားသမား ဇီယက်ရှ်ကို နည်းပြ အဲရစ်တန်ဟက်က အလိုရှိလာခဲ့ပါတယ်။

မန်ယူနိုက်တက်နည်းပြ တန်ဟက်ကတော့ နွေဈေးကွက်ထဲ ကစားသမားသစ် ၃ ဦးထိ ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း ဈေးကွက်မပိတ်သိမ်းခင်မှာပဲ တိုက်စစ် အတွက် ကစားသမားသစ် အနည်းဆုံး ၂ ဦးလောက် အထိ ခေါ်ယူသွားဖို့ ချိန်ရွှယ်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘရာဇီး တောင်ပံကစားသမား အန်တိုနီကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ကမ်းလှမ်းမှုတွေလည်း ဆက်တိုက် ပြုလုပ်နေပေမယ့်လည်း အေဂျက်ဇ်ဘက်က အန်တိုနီရဲ့ တန်ကြေးကို မြင့်တင်ထားတာဖြစ်လို့ အန်တိုနီထက် ဇီယက်ရှ်ကို ပြောင်းလဲ ပစ်မှတ်ထားလာဖို့ ရှိနေရပါတယ်။

အသက်(၂၉)နှစ်အရွယ် တောင်ပံကစားသမား ဇီယက်ရှ်ဟာ ဒီဈေးကွက်ထဲမှာ စီးရီးအေရဲ့ လက်ရှိချန်ပီယံ အေစီမီလန်အသင်းဆီကို ရောက်ရှိတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့သလို သူရဲ့ ချယ်လ်ဆီး ကစားသမားဘဝ အနာဂတ်ဟာလည်း မရေရာမှုတွေနဲ့ ပြည့်နက်နေခဲ့ရပါတယ်။

ဒီလို အခြေအနေမှာ ချယ်လ်ဆီးဘက်ကနေ ဇီယက်ရှ်ကို ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းခန့် ရောင်းချသွားဖို့တောင် ရှိနေတယ်လို့ သတင်းထွက်လာခဲ့သလို ဇီယက်ရှ်ရဲ့အေးဂျင့်ကပါ သူ့ကစားသမားကို ခေါ်ယူမလားလို့ မန်ယူနိုက်တက်ကို ဆက်သွယ် ကမ်းလှမ်းလာခဲ့တယ်လို့ပါ သတင်းထွက်ပေါ်နေခဲ့ပါတယ်။

ဇီယက်ရှ်သာ အသင်းဆီ ရောက်ရှိလာခဲ့မယ်ဆိုရင် ဆန်ချိုနဲ့အပြိုင် နေရာလုရမယ့် အနေအထားမျိုး ဖြစ်လာနိုင်မှာမို့ ဒါက ကစားသမားနှစ်ယောက်လုံးအတွက် အကျိုးရှိစေနိုင်မှာ ဖြစ်သလို ကွင်းလယ်တိုက်စစ် နေရာမှာပါ ကစားတတ်သေးတဲ့ ဇီယက်ရှ်ကို ခေါ်ယူနိုင်မယ်ဆိုရင် ယူနိုက်တက်အတွက်လည်း အတော်လေး အကျိုးရှိစေမယ့် ခေါ်ယူမှုမျိုး ဖြစ်လာပါလိမ့်မယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေအဂ်က္ဇ္ ေတာင္ပံကစားသမား အန္တိုနီကို ေခၚယူဖို႔ အဆင္မေျပနိုင္ခဲ့ဘူးဆိုရင္ ေအဂ်က္ဇ္ ကစားသမားေဟာင္း လက္ရွိ ခ်ယ္လ္ဆီးမွာ အနာဂတ္ မေသမခ်ာျဖစ္တဲ့ ေတာင္ပံကစားသမား ဇီယက္ရွ္ကို နည္းျပ အဲရစ္တန္ဟက္က အလိုရွိလာခဲ့ပါတယ္။

မန္ယူနိုက္တက္နည္းျပ တန္ဟက္ကေတာ့ ေႏြေဈးကြက္ထဲ ကစားသမားသစ္ ၃ ဦးထိ ေခၚယူထားနိုင္ခဲ့ေပမယ့္လည္း ေဈးကြက္မပိတ္သိမ္းခင္မွာပဲ တိုက္စစ္ အတြက္ ကစားသမားသစ္ အနည္းဆုံး ၂ ဦးေလာက္ အထိ ေခၚယူသြားဖို႔ ခ်ိန္႐ႊယ္ေနတာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ဘရာဇီး ေတာင္ပံကစားသမား အန္တိုနီကို အဓိက ပစ္မွတ္ အျဖစ္ သတ္မွတ္ထားၿပီး ကမ္းလွမ္းမႈေတြလည္း ဆက္တိုက္ ျပဳလုပ္ေနေပမယ့္လည္း ေအဂ်က္ဇ္ဘက္က အန္တိုနီရဲ႕ တန္ေၾကးကို ျမင့္တင္ထားတာျဖစ္လို႔ အန္တိုနီထက္ ဇီယက္ရွ္ကို ေျပာင္းလဲ ပစ္မွတ္ထားလာဖို႔ ရွိေနရပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား ဇီယက္ရွ္ဟာ ဒီေဈးကြက္ထဲမွာ စီးရီးေအရဲ႕ လက္ရွိခ်န္ပီယံ ေအစီမီလန္အသင္းဆီကို ေရာက္ရွိေတာ့မယ္လို႔ ေကာလဟာလေတြ ထြက္ေပၚေနခဲ့သလို သူရဲ႕ ခ်ယ္လ္ဆီး ကစားသမားဘဝ အနာဂတ္ဟာလည္း မေရရာမႈေတြနဲ႕ ျပည့္နက္ေနခဲ့ရပါတယ္။

ဒီလို အေျခအေနမွာ ခ်ယ္လ္ဆီးဘက္ကေန ဇီယက္ရွ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၈)သန္းခန့္ ေရာင္းခ်သြားဖို႔ေတာင္ ရွိေနတယ္လို႔ သတင္းထြက္လာခဲ့သလို ဇီယက္ရွ္ရဲ႕ေအးဂ်င့္ကပါ သူ႕ကစားသမားကို ေခၚယူမလားလို႔ မန္ယူနိုက္တက္ကို ဆက္သြယ္ ကမ္းလွမ္းလာခဲ့တယ္လို႔ပါ သတင္းထြက္ေပၚေနခဲ့ပါတယ္။

ဇီယက္ရွ္သာ အသင္းဆီ ေရာက္ရွိလာခဲ့မယ္ဆိုရင္ ဆန္ခ်ိဳနဲ႕အၿပိဳင္ ေနရာလုရမယ့္ အေနအထားမ်ိဳး ျဖစ္လာနိုင္မွာမို႔ ဒါက ကစားသမားႏွစ္ေယာက္လုံးအတြက္ အက်ိဳးရွိေစနိုင္မွာ ျဖစ္သလို ကြင္းလယ္တိုက္စစ္ ေနရာမွာပါ ကစားတတ္ေသးတဲ့ ဇီယက္ရွ္ကို ေခၚယူနိုင္မယ္ဆိုရင္ ယူနိုက္တက္အတြက္လည္း အေတာ္ေလး အက်ိဳးရွိေစမယ့္ ေခၚယူမႈမ်ိဳး ျဖစ္လာပါလိမ့္မယ္။