Spots news

လာမယ့် ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု အများဆုံးဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ လေးဦး

Unicode Version

လာမယ့် 2022/23 ဘောလုံးရာသီရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစသမားလေးဦးကို ဖော်ပြပေးလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဟာ ယူနိုက်တက်ကို ရောက်ရှိလာပြီး စတင်ပွဲထွက် ကစားခွင့်ရချိန်မှ ယခုအချိန်ထိ ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်ပါတယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာချိန်မှ စတွက်ရင် ဂိုးဖန်တီးမှု 25 ကြိမ်ပြုလုပ်ထားပြီး မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနဲ့ အတူတူ ဖြစ်ပါတယ် ။

ဆွန်ဟောင်မင်

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်နဲ့အတူ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ပူးတွဲရယူနိုင်ခဲ့တဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံး အာရှသားတစ်ယောက်ဖြစ်ပါတယ် ။ လာမယ့်ရာသီမှာလဲ ဆွန်‌တစ်ယောင် ဘယ်လောက်ထိ လုပ်ပြမလဲ စောင့်ကြည့်ရမှာပါ။

ကယ်ဗင်ဒီဘရိုင်း

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကတော့ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံးဆုကို 3 ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ် ။ ဒေးဗစ်ဘက်ခမ်း ၊ လမ်းပတ် နဲ့ ဖာဘရီဂတ်စ်တို့လဲ သုံးကြိမ်စီ ရယူထားနိုင်ပါတယ် ။

ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုကို လေးကြိမ်အထိ ဘယ်သူမှ စံချိန်တင် မရရှိသေးပဲ ဘယ်ဂျီယံသား ကွင်းလယ်လူဟာ ဟာလန်း ၊ အယ်လ်ဗာရက်စ်တို့လို တိုက်စစ်မှူးတွေကို ဖန်တီးမှုတွေ ပြုလုပ်ပေးပြီး လေးကြိမ်အထိ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဆာလက်

ပြီးခဲ့တဲ့ ရာသီက ရွှေဖိနပ်ဆုရှင် အီဂျစ်တိုက်စစ်မှူး ဆာလာဟာ ဂိုးသွင်းနှုန်းကောင်းသလို ဂိုးဖန်တီးမှုလဲ အားကောင်းတဲ့ တိုက်စစ်မှူး တစ်ယောက်ပါ။ အသင်းဖော်မာနေး ဘိုင်ယန်ကို ပြောင်းရွေ့သွားပေမယ့် ဒါဝင်နူနက်ဇ်ကို သန်း 100 ပေးပြီး ပြန်လည် အားဖြည့်ထားတာ မလို့ ဆာလက်နဲ့ နူနက်ဇ်အတွဲ ဘယ်လောက်ထိ လုပ်ပြမလဲ စောင့်ကြည့်ရမှာပါ။

Zawgyi Version


ဘရူနိုဖာနန်ဒက်စ်


ဆွန်ဟောင်မင်


ကယ်ဗင်ဒီဘရိုင်း



ဆာလက်
