Spots news

မူလထက် နည်းပါးတဲ့ဈေးနဲ့ ဆန်ချိုကို မန်ယူနိုက်တက် ခေါ်ယူနိုင်ဖွယ်ရှိ

Unicode Version

သတင်းတွေရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်း တာဝန်ရှိသူ တွေဟာ လာမယ့် နွေရာသီအတွင်း တောင်ပံ ကစားသမား ဆန်ချို အသင်းပြောင်းရွှေ့နိုင်တာကို အတည်ပြု လိုက်ပါတယ်။

လက်ရှိ အနေအထား အရ သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ထက် ပိုမိုနည်းပါးတဲ့ပြောင်းရွှေ့ကြေးကို လက်သင့်ခံ ရဖွယ်ရှိနေကြောင်း သိရပါတယ်။

အသက် ၂၀ အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ဆန်ချို ဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၄၄ပွဲမှာ သွင်းဂိုး ပါဝင် ပတ်သက်မှု ဂိုး ၄၀ ရှိတဲ့အထိ

ခြေစွမ်းပြ နိုင်ခဲ့ပြီးနောက် ၂၀၂၀ နွေရာသီအတွင်း ယူနိုက်တက်ကို ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့  ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါတယ်။

ဒါပေမဲ့ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမရဖြစ်ခဲ့ပြီး ဆန်ချိုလည်း ဒေါ့မွန်မှာ ဆက် ကစားခဲ့ပါတယ်။

ဆန်ချိုဟာ ဒီရာသီမှာတော့ ပုံမှန်ခြေစွမ်းရဖို့  ရုန်းကန် နေရပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ  ဒေါ့မွန်အသင်း တာဝန်ရှိသူ တွေက လာမယ့် နွေရာသီ အတွင်း ဆန်ချိုကို ဆုံးရှုံးရ နိုင်တယ်လို့ တွေးထင် လာကြောင်း သိရပါတယ်။

နောက်ပြီး ဒေါ့မွန်အသင်း တာဝန်ရှိသူတွေ ဖြစ်တဲ့ ဝက်ဇ်ကီနဲ့  မိုက်ကယ်ဇော့ တို့ဟာ ပြီးခဲ့တဲ့နွေရာသီက တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေး ထပ် မရနိုင်တာ ကိုလည်း လက်သင့်ခံ ထားတယ်လို့ သိရပါတယ်။

လာမယ့် နွေရာသီ အတွင်း ဆန်ချိုအတွက် ဒေါ့မွန်အသင်း ဘယ်လောက် တောင်းဆိုမလဲ ဆိုတာ  အတိအကျ မသိရသေး ပေမယ့် ပြီးခဲ့တဲ့နွေရာသီက လောက်တော့ မများနိုင်ဘူးလို့ သိရပါတယ်။