Spots news

တိုက်စစ်မှူး လီဝန်ဒေါ့စကီး အတွက် ထင်တာထက် ငွေပိုကုန်ခဲ့တဲ့ ဘာစီလိုနာ

Unicode Version

ရောဘတ်လီဝန်ဒေါ့စကီး ရဲ့ ဘာစီလိုနာ အသင်းဆီ အပြောင်းအရွှေ့ဟာ ဘောလုံး ပရိသတ်တွေကို အံ့အားသင့် စေခဲ့ရပါတယ်။ ဘာစီလိုနာ ဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေ ရှိနေတဲ့ အသင်းတသင်း ဖြစ်ပြီး လာလီဂါ ရဲ့ လစာ စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ရုန်းကန် နေရတဲ့ အသင်း တသင်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို အနေအထားနဲ့ အသင်းဟာ လီဝန်ဒေါ့စကီး ကို ယူရို သန်း ၅၀ နီးပါး ပေးချေပြီး ခေါ်ယူ လိုက်တယ်ဆိုတာက တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့ သတင်းတခုပါပဲ ။အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ ဘာဆာ ဟာ လီဝန်ဒေါ့စကီး အတွက် သန်း ၅၀ ထက် ပိုကုန်ခဲ့တယ်လို့ သိရပါတယ် ။

တရားဝင် ကြေညာချက် အရ ဘာစီလိုနာ ဟာ ပိုလန် ဂိုးသွင်းစက်ကြီး အတွက် ယူရို ၄၅ သန်း + အပိုဆုကြေး ၅ သန်း တို့ကို ဘိုင်ယန်မြုးနစ် ထံ ပေးချေဖို့ သဘောတူညီကာ လီဝန်ဒေါစကီး ကို ခေါ်ယူခဲ့ပါတယ် ။

ဒါပေမယ့် ဘာဆာ ဟာ လီဝန်ဒေါစကီး ရဲ့ အေးဂျင့် ဖြစ်သူ ဇဟာဗီ ကိုလည်း အကျိုးဆောင်ခ အဖြစ် ယူရို ၁၀ သန်း ထပ်မံ ပေးချေ ခဲ့ရသေးတယ်လို့ ကတ်တလန် အခြေစိုက် အားကစား သတင်းစာ SPORT က ထုတ်ဖော် ရေးသား သွားခဲ့ ပါတယ် ။

ဇဟာဗီ ဟာ လီဝန်ဒေါစကီး ပြောင်းရွှေ့ကြေးရဲ့ ၂၀% ကို အကျိုးဆောင်ခ အဖြစ် ရယူခဲ့တာကြောင့် ယူရို ၁၀ သန်း ကုန်ကျ သွားခဲ့ရတာ ဖြစ်တယ်လို့လည်း ပါရှိခဲ့ပါတယ် ။

Zawgyi Version

ေရာဘတ္လီဝန္ေဒါ့စကီး ရဲ႕ ဘာစီလိုနာ အသင္းဆီ အေျပာင္းအေ႐ႊ႕ဟာ ေဘာလုံး ပရိသတ္ေတြကို အံ့အားသင့္ ေစခဲ့ရပါတယ္။ ဘာစီလိုနာ ဟာ ဘ႑ာေရး အၾကပ္အတည္းေတြ ရွိေနတဲ့ အသင္းတသင္း ျဖစ္ၿပီး လာလီဂါ ရဲ႕ လစာ စည္းမ်ဥ္းေတြနဲ႕ ကိုက္ညီေအာင္ ႐ုန္းကန္ ေနရတဲ့ အသင္း တသင္း ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီလို အေနအထားနဲ႕ အသင္းဟာ လီဝန္ေဒါ့စကီး ကို ယူရို သန္း ၅၀ နီးပါး ေပးေခ်ၿပီး ေခၚယူ လိုက္တယ္ဆိုတာက တကယ့္ကို အံ့အားသင့္စရာ ေကာင္းတဲ့ သတင္းတခုပါပဲ ။အခု ေနာက္ဆုံး ထြက္ေပၚလာတဲ့ သတင္းအရ ဘာဆာ ဟာ လီဝန္ေဒါ့စကီး အတြက္ သန္း ၅၀ ထက္ ပိုကုန္ခဲ့တယ္လို႔ သိရပါတယ္ ။

တရားဝင္ ေၾကညာခ်က္ အရ ဘာစီလိုနာ ဟာ ပိုလန္ ဂိုးသြင္းစက္ႀကီး အတြက္ ယူရို ၄၅ သန္း + အပိုဆုေၾကး ၅ သန္း တို႔ကို ဘိုင္ယန္ျမဳးနစ္ ထံ ေပးေခ်ဖိဳ႕ သေဘာတူညီကာ လီဝန္ေဒါစကီး ကို ေခၚယူခဲ့ပါတယ္ ။

ဒါေပမယ့္ ဘာဆာ ဟာ လီဝန္ေဒါစကီး ရဲ႕ ေအးဂ်င့္ ျဖစ္သူ ဇဟာဗီ ကိုလည္း အက်ိဳးေဆာင္ခ အျဖစ္ ယူရို ၁၀ သန္း ထပ္မံ ေပးေခ် ခဲ့ရေသးတယ္လို႔ ကတ္တလန္ အေျခစိုက္ အားကစား သတင္းစာ SPORT က ထုတ္ေဖာ္ ေရးသား သြားခဲ့ ပါတယ္ ။

ဇဟာဗီ ဟာ လီဝန္ေဒါစကီး ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ၂၀% ကို အက်ိဳးေဆာင္ခ အျဖစ္ ရယူခဲ့တာေၾကာင့္ ယူရို ၁၀ သန္း ကုန္က် သြားခဲ့ရတာ ျဖစ္တယ္လို႔လည္း ပါရွိခဲ့ပါတယ္ ။