Spots news

ဟိုဟာမနိုင်ပဲ ပဲကြီးဟင်းသောက်ထားတဲ့ ဘာစီရဲ့ အကြပ်အတည်း ဖြေရှင်းမယ့် အစီအစဉ်သစ်

Unicode Version

ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေရတဲ့ ဘာစီလိုနာအသင်း ဟာ လက်ရှိမှာ အသင်းရဲ့ ရုပ်သံ မူပိုင်ခွင့် ၂၅% ၊ ဘာဆာ စတူဒီယို ရဲ့ ၂၅% တို့ကို ရောင်းထုတ် ထားပြီး ယူရို သန်း ရာချီ ဝင်ငွေ ရှာဖွေ ထားခဲ့ပါတယ် ။

ဒါပေမယ့် ယခုနွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူထားတဲ့ ကစားသမားသစ် အားလုံးကို စာရင်းသွင်းဖို့ လိုအပ်ချက် အနည်းငယ် ရှိနေသေးသလို လူသစ်တွေလည်း ထပ်ခေါ်လိုတာကြောင့် ငွေကြေး ဟန်ချက်ညီမှုကို ထပ်မံ ရှာဖွေ နေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ဟာ ဝါရင့် ကစားသမားကြီးတွေ ဖြစ်ကြတဲ့ ပီကေး နဲ့ ဘက်စကွက် တို့ကို လုပ်ခ လစာ ထပ်မံ လျော့ယူဖို့ တိုက်တွန်း တောင်းဆို နေပြီး သူတို့သာ လုပ်ခ မလျော့ယူပါက အသင်းအနေနဲ့ အကြပ်ရိုက်စရာ ရှိနိုင်တယ်လို့ သတင်းထောက် ဂျရတ် ရိုမီရို က ဖော်ပြသွားခဲ့ ပါတယ် ။

ဘာစီလိုနာ မှာ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ဟာ လုပ်ခ အများဆုံးရ ကစားသမား ဖြစ်ပြီး တပတ်ကို ပေါင် ၄ သိန်းခွဲကျော် ရရှိနေတာကြောင့် ဘာစီလိုနာ က အမြန်ဆုံး ရောင်းထုတ် လိုနေတာပဲ ဖြစ်ပါတယ် ။ ဒီဂျောင်ကို ပရီးမီယားလိဂ် ကလပ် မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးက ခေါ်ယူချင်နေပါတယ်။

အကယ်၍ လုပ်ခ လျော့ယူရေး မအောင်မြင်ခဲ့ပါက ဘာစီလိုနာ ဟာ ဘာဆာ စတူဒီယို ရဲ့ နောက်ထပ် ၂၅% ကို ယူရို သန်း ၁၀၀ နဲ့ ထပ်မံရောင်းထုတ်ပြီး ဘဏ္ဍာရေး ဟန်ချက် ကို လုံး၀ ပြီးပြတ်သွားအောင် လုပ်ဆောင်ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ် ။

Zawgyi Version

ဘ႑ာေရး အၾကပ္အတည္းေတြနဲ႕ ရင္ဆိုင္ ေနရတဲ့ ဘာစီလိုနာအသင္း ဟာ လက္ရွိမွာ အသင္းရဲ႕ ႐ုပ္သံ မူပိုင္ခြင့္ ၂၅% ၊ ဘာဆာ စတူဒီယို ရဲ႕ ၂၅% တို႔ကို ေရာင္းထုတ္ ထားၿပီး ယူရို သန္း ရာခ်ီ ဝင္ေငြ ရွာေဖြ ထားခဲ့ပါတယ္ ။

ဒါေပမယ့္ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ေခၚယူထားတဲ့ ကစားသမားသစ္ အားလုံးကို စာရင္းသြင္းဖို႔ လိုအပ္ခ်က္ အနည္းငယ္ ရွိေနေသးသလို လူသစ္ေတြလည္း ထပ္ေခၚလိုတာေၾကာင့္ ေငြေၾကး ဟန္ခ်က္ညီမႈကို ထပ္မံ ရွာေဖြ ေနတယ္လို႔ သိရပါတယ္ ။

ဘာစီလိုနာ ဟာ ဝါရင့္ ကစားသမားႀကီးေတြ ျဖစ္ၾကတဲ့ ပီေကး နဲ႕ ဘက္စကြက္ တို႔ကို လုပ္ခ လစာ ထပ္မံ ေလ်ာ့ယူဖို႔ တိုက္တြန္း ေတာင္းဆို ေနၿပီး သူတို႔သာ လုပ္ခ မေလ်ာ့ယူပါက အသင္းအေနနဲ႕ အၾကပ္ရိုက္စရာ ရွိနိုင္တယ္လို႔ သတင္းေထာက္ ဂ်ရတ္ ရိုမီရို က ေဖာ္ျပသြားခဲ့ ပါတယ္ ။

ဘာစီလိုနာ မွာ နယ္သာလန္ ကြင္းလယ္လူ ဖရန္ကီ ဒီေဂ်ာင္ ဟာ လုပ္ခ အမ်ားဆုံးရ ကစားသမား ျဖစ္ၿပီး တပတ္ကို ေပါင္ ၄ သိန္းခြဲေက်ာ္ ရရွိေနတာေၾကာင့္ ဘာစီလိုနာ က အျမန္ဆုံး ေရာင္းထုတ္ လိုေနတာပဲ ျဖစ္ပါတယ္ ။ ဒီေဂ်ာင္ကို ပရီးမီယားလိဂ္ ကလပ္ မန္ယူနိုက္တက္နဲ႕ ခ်ယ္လ္ဆီးက ေခၚယူခ်င္ေနပါတယ္။

အကယ္၍ လုပ္ခ ေလ်ာ့ယူေရး မေအာင္ျမင္ခဲ့ပါက ဘာစီလိုနာ ဟာ ဘာဆာ စတူဒီယို ရဲ႕ ေနာက္ထပ္ ၂၅% ကို ယူရို သန္း ၁၀၀ နဲ႕ ထပ္မံေရာင္းထုတ္ၿပီး ဘ႑ာေရး ဟန္ခ်က္ ကို လုံး၀ ၿပီးျပတ္သြားေအာင္ လုပ္ေဆာင္ဖို႔ စဥ္းစားထားတယ္လို႔ သိရပါတယ္ ။