Spots news

ရော်နယ်ဒို ဘယ်လိုမှ လိုက်မမှီနိုင်တော့တဲ့ လီယွန်နယ် မက်ဆီရဲ့ စံချိန်ကောင်း တစ်ခု

Unicode Version

သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား နှစ်ယောက်လို့ တညီတညွှတ်ထည်း သတ်မှတ်ရလောက်အောင် ကမ္ဘာ့ဘောလုံးလောကမှာ ခြေစွမ်းကောင်းတွေ ထိန်းထားနိုင်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်ရုံတင်မက ဘယ်ကစားသမားမှ လိုက်မှီဖို့ မလွယ်တဲ့ စံချိန်တွေ ကိုယ်စီ တင်ထားခဲ့ ကြပါတယ်။

နှစ်ယောက်လုံးကို ပရိတ်သတ်တွေက သူ့အကြိုက်နဲ့သူ မက်ဆီ အကောင်းဆုံး ၊ ရော်နယ်ဒို အကောင်းဆုံး လို့ သူ့ပရိတ်သတ်နဲ့သူ သတ်မှတ်ထားကြပါတယ်။ စံချိန်တွေ ကိုယ်စီနဲ့ သူတို့နှစ်ယောက်မှာ ရော်နယ်ဒို ဘယ်လိုမှ လိုက်မမှီနိုင်ခဲ့တဲ့ မက်ဆီရဲ့ စံချိန်ကောင်းတစ်ခုလဲ ရှိနေပါတယ် ။

အဲ့တာကတော့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု Man of the match ဆု ဖြစ်ပါတယ်။ မက်ဆီဟာ ဒီဆု အရေအတွက်မှာ ရော်နယ်ဒိုထက် တော်တော်လေး သာပါတယ်။ ၂၀၀၉ ကနေ ၂၀၂၁ ပြီးခဲ့တဲ့ ရာသီအထိ ရာသီပေါင်း ၂၀ မှတ်တမ်းကို တစ်ရာသီအတွင်း ရခဲ့တဲ့ အကြိမ်ရေနဲ့ ရာသီအလိုက် အများဆုံးရတဲ့ ရာသီ အရေအတွက်ကို တိုင်းတာခဲ့ကြပါတယ်။

တရာသီတွင်း အများဆုံး ရတဲ့ အကြိမ် အရေ အတွက်မှာ မက်ဆီရဲ့ အမြင့်ဆုံး စံချိန်က
၃၄ ကြိမ်အထိ ရခဲ့ပါတယ်။ ၂၀၁၄-၁၅ ရာသီမှ ပွဲပေါင်း ၄၀ ကစားရာမှာ အကောင်းဆုံးဆုကို ၃၄ ကြိမ်အထိ ကြောက်စရာကောင်းအောင် ရရှိခဲ့ပါတယ်။ အဲ့ရာသီမှာ ဘာစီလိုနာဟာ ကလည်း ချန်ပီယံလိဂ် လာလီဂါနဲ့ ကိုပါဖလား သုံးလုံး ရခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ တရာသီတွင်း အမြင့်ဆုံး ရရှိတဲ့ စံချိန်က ၁၉ ကြိမ် ဖြစ်ပြီး ၂၀၁၄-၁၅ ရာသီမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မက်ဆီက တရာသီတွင်း အကြိမ် ၂၀ ကျော်ထိ ရခဲ့တဲ့ ရာသီ ၈ ရာသီအထိ ရှိခဲ့ပြီး ရော်နယ်ဒိုရဲ့ တစ်ရာသီတွင်း အမြင့်ဆုံး စံချိန်က ၁၉ ကြိမ်သာ ဖြစ်ပြီး တစ်ရာသီမှ ၂၀ မကျော်ခဲ့ပါဘူး။

ရာသီလိုက် အများဆုံးမှာလည်း ရာသီ ၂၀ မှာ မက်ဆီက အကောင်းဆုံးဆု အများဆုံး စံချိန်နဲ့ ၁၁ ရာသီထိ ရခဲ့ပေမယ့် ရော်နယ်ဒိုက ၄ ရာသီပဲရခဲ့တယ်။ လက်ရှိမှာ ရော်နယ်ဒိုက အသက် ၃၇ မက်ဆီက အသက် ၃၅ နှစ် ရှိနေပါပြီ။ ဒါ့ကြောင့် ရော်နယ်ဒို အနေနဲ့ မက်ဆီကို လိုက်မှီဖို့ မဖြစ်နိုင်တော့ပါဘူး ။

Zawgyi Version

သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံး ကစားသမား ႏွစ္ေယာက္လို႔ တညီတၫႊတ္ထည္း သတ္မွတ္ရေလာက္ေအာင္ ကမာၻ႔ေဘာလုံးေလာကမွာ ေျခစြမ္းေကာင္းေတြ ထိန္းထားနိုင္တဲ့ လီယြန္နယ္ မက္ဆီနဲ႕ ခရစၥတီယာနို ေရာ္နယ္ဒိုတို႔ဟာ တစ္ေယာက္နဲ႕ တစ္ေယာက္ ၿပိဳင္ဆိုင္႐ုံတင္မက ဘယ္ကစားသမားမွ လိုက္မွီဖို႔ မလြယ္တဲ့ စံခ်ိန္ေတြ ကိုယ္စီ တင္ထားခဲ့ ၾကပါတယ္။

ႏွစ္ေယာက္လုံးကို ပရိတ္သတ္ေတြက သူ႕အႀကိဳက္နဲ႕သူ မက္ဆီ အေကာင္းဆုံး ၊ ေရာ္နယ္ဒို အေကာင္းဆုံး လို႔ သူ႕ပရိတ္သတ္နဲ႕သူ သတ္မွတ္ထားၾကပါတယ္။ စံခ်ိန္ေတြ ကိုယ္စီနဲ႕ သူတို႔ႏွစ္ေယာက္မွာ ေရာ္နယ္ဒို ဘယ္လိုမွ လိုက္မမွီနိုင္ခဲ့တဲ့ မက္ဆီရဲ႕ စံခ်ိန္ေကာင္းတစ္ခုလဲ ရွိေနပါတယ္ ။

အဲ့တာကေတာ့ ပြဲစဥ္အလိုက္ အေကာင္းဆုံး ကစားသမားဆု Man of the match ဆု ျဖစ္ပါတယ္။ မက္ဆီဟာ ဒီဆု အေရအတြက္မွာ ေရာ္နယ္ဒိုထက္ ေတာ္ေတာ္ေလး သာပါတယ္။ ၂၀၀၉ ကေန ၂၀၂၁ ၿပီးခဲ့တဲ့ ရာသီအထိ ရာသီေပါင္း ၂၀ မွတ္တမ္းကို တစ္ရာသီအတြင္း ရခဲ့တဲ့ အႀကိမ္ေရနဲ႕ ရာသီအလိုက္ အမ်ားဆုံးရတဲ့ ရာသီ အေရအတြက္ကို တိုင္းတာခဲ့ၾကပါတယ္။

တရာသီတြင္း အမ်ားဆုံး ရတဲ့ အႀကိမ္ အေရ အတြက္မွာ မက္ဆီရဲ႕ အျမင့္ဆုံး စံခ်ိန္က
၃၄ ႀကိမ္အထိ ရခဲ့ပါတယ္။ ၂၀၁၄-၁၅ ရာသီမွ ပြဲေပါင္း ၄၀ ကစားရာမွာ အေကာင္းဆုံးဆုကို ၃၄ ႀကိမ္အထိ ေၾကာက္စရာေကာင္းေအာင္ ရရွိခဲ့ပါတယ္။ အဲ့ရာသီမွာ ဘာစီလိုနာဟာ ကလည္း ခ်န္ပီယံလိဂ္ လာလီဂါနဲ႕ ကိုပါဖလား သုံးလုံး ရခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕ တရာသီတြင္း အျမင့္ဆုံး ရရွိတဲ့ စံခ်ိန္က ၁၉ ႀကိမ္ ျဖစ္ၿပီး ၂၀၁၄-၁၅ ရာသီမွာ ရရွိခဲ့တာ ျဖစ္ပါတယ္။ မက္ဆီက တရာသီတြင္း အႀကိမ္ ၂၀ ေက်ာ္ထိ ရခဲ့တဲ့ ရာသီ ၈ ရာသီအထိ ရွိခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕ တစ္ရာသီတြင္း အျမင့္ဆုံး စံခ်ိန္က ၁၉ ႀကိမ္သာ ျဖစ္ၿပီး တစ္ရာသီမွ ၂၀ မေက်ာ္ခဲ့ပါဘူး။

ရာသီလိုက္ အမ်ားဆုံးမွာလည္း ရာသီ ၂၀ မွာ မက္ဆီက အေကာင္းဆုံးဆု အမ်ားဆုံး စံခ်ိန္နဲ႕ ၁၁ ရာသီထိ ရခဲ့ေပမယ့္ ေရာ္နယ္ဒိုက ၄ ရာသီပဲရခဲ့တယ္။ လက္ရွိမွာ ေရာ္နယ္ဒိုက အသက္ ၃၇ မက္ဆီက အသက္ ၃၅ ႏွစ္ ရွိေနပါၿပီ။ ဒါ့ေၾကာင့္ ေရာ္နယ္ဒို အေနနဲ႕ မက္ဆီကို လိုက္မွီဖို႔ မျဖစ္နိုင္ေတာ့ပါဘူး ။