Spots news

မန်ယူကထွက်ချင်နေတဲ့ ရော်နယ်ဒိုကို ခေါ်ယူချင်ကြောင်း တရားဝင်ထုတ်ပြောလာတဲ့ အသင်း

Unicode Version

ဘရာဇီး အခြေစိုက် ကိုရင်သီယန်ရဲ့ ဥက္ကဌဖြစ်သူ မွန်တိုင်ရိုကတော့ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားသူ ဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကလည်း ရိုနယ်ဒိုအတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပါတယ်။

ရော်နယ်ဒိုဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုကို မရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ဥရောပ နာမည်ကြီး ကလပ်အသင်းများက ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စား ပေမယ့် ဘရာဇီးရဲ့ ထိပ်သီးကလပ် ကိုရင်သီယန်ရဲ့ ဥက္ကဌ ဖြစ်သူ မွန်တိုင်ရိုက သူတို့အသင်းဟာ ရော်နယ်ဒိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အကယ်၍ ရိုနယ်ဒိုကသာ သူတို့အသင်းဆီ ပြောင်းလာချင်ရင် ခေါ်ဖို့ အသင့်ပဲလို့ ဆိုသွားပါတယ်။

မွန်တိုင်ရိုက “ကျွန်တော်တို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတာ အမှန်ပါ။ ကျွန်တော်က အိမ်မက်ကြီးကြီး မက်လေ့ ရှိပါတယ်။ ဘောလုံးလောကမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကိုရင်သီယန် အတွက် အကောင်းဆုံး ဖြစ်မယ့် အရာတွေကို လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ကျွန်တော်တို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ဖြစ်နိုင်မလား ဆိုတာကိုတော့ သေချာ မသိသေးပါဘူး။ ကျွန်တော်တို့က သူ့အတွက် စုံစမ်းမှုတွေလည်း မလုပ်ရသေးပါဘူး။ တကယ်လို့ သူကသာ ရုတ်တရတ်ကြီး ဘရာဇီးမှာ ကစားဖို့ ဆန္ဒရှိလာမယ် ဆိုရင် ဘာတွေဖြစ်လာမလဲ ဆိုတာ ခင်ဗျားတို့ မှန်းဆကြည့်လို့ ရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

Zawgyi Version

ဘရာဇီး အေျခစိုက္ ကိုရင္သီယန္ရဲ႕ ဥကၠဌျဖစ္သူ မြန္တိုင္ရိုကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ကေန ထြက္ခြာခ်င္ေနတဲ့ ေပၚတူဂီ ၾကယ္ပြင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ယခု ေႏြေဈးကြက္ အတြင္းမွာ မန္ခ်က္စတာ ယူနိုက္တက္ကေန ထြက္ခြာခြင့္ ေတာင္းခံထားသူ ျဖစ္ၿပီး သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူ မန္ဒက္စ္ကလည္း ရိုနယ္ဒိုအတြက္ အသင္းသစ္ကို စတင္ ရွာေဖြေပးေနပါတယ္။

ေရာ္နယ္ဒိုဟာ ဥေရာပ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ ကစားခ်င္တာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္ ကေန ထြက္ခြာခ်င္ေနတာ ျဖစ္ၿပီး မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ သူတို႔အသင္းရဲ႕ ၾကယ္ပြင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုကို မေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ထားပါတယ္။

ဥေရာပ နာမည္ႀကီး ကလပ္အသင္းမ်ားက ေရာ္နယ္ဒိုကို ေခၚယူဖို႔ စိတ္မဝင္စား ေပမယ့္ ဘရာဇီးရဲ႕ ထိပ္သီးကလပ္ ကိုရင္သီယန္ရဲ႕ ဥကၠဌ ျဖစ္သူ မြန္တိုင္ရိုက သူတို႔အသင္းဟာ ေရာ္နယ္ဒိုရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး အကယ္၍ ရိုနယ္ဒိုကသာ သူတို႔အသင္းဆီ ေျပာင္းလာခ်င္ရင္ ေခၚဖို႔ အသင့္ပဲလို႔ ဆိုသြားပါတယ္။

မြန္တိုင္ရိုက “ကြၽန္ေတာ္တို႔က ေရာ္နယ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ ဆိုတာ အမွန္ပါ။ ကြၽန္ေတာ္က အိမ္မက္ႀကီးႀကီး မက္ေလ့ ရွိပါတယ္။ ေဘာလုံးေလာကမွာ ဘာမဆို ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က ကိုရင္သီယန္ အတြက္ အေကာင္းဆုံး ျဖစ္မယ့္ အရာေတြကို လုပ္ေဆာင္သြားဖို႔ ဆုံးျဖတ္ထားပါတယ္။

ကြၽန္ေတာ္တို႔က ေရာ္နယ္ဒိုကို ေခၚယူဖို႔ ျဖစ္နိုင္မလား ဆိုတာကိုေတာ့ ေသခ်ာ မသိေသးပါဘူး။ ကြၽန္ေတာ္တို႔က သူ႕အတြက္ စုံစမ္းမႈေတြလည္း မလုပ္ရေသးပါဘူး။ တကယ္လို႔ သူကသာ ႐ုတ္တရတ္ႀကီး ဘရာဇီးမွာ ကစားဖို႔ ဆႏၵရွိလာမယ္ ဆိုရင္ ဘာေတြျဖစ္လာမလဲ ဆိုတာ ခင္ဗ်ားတို႔ မွန္းဆၾကည့္လို႔ ရပါတယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။