Spots news

ချဲလ်ဆီးနဲ့ စာချုပ်သစ်ချုပ်ဆိုပြီး ဂုန်းဆင်းကြီးနဲ့ သတင်းကို အဆုံးသတ်လိုက်တဲ့ အက်ဇ်ပီလီကွီတာ

Unicode Version

အခု နွေရာသီမှာ ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ဇာတ်လမ်းတွေကို အဆုံးသတ်ပေးဖို့ ချဲလ်ဆီး အသင်း ခေါင်းဆောင် အက်ဇ်ပီလီကွီတာက အနောက် လန်ဒန် ကလပ်နဲ့ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်ပါတယ်။

ခြင်္သေ့ပြာတို့နဲ့ စာချုပ် သက်တမ်း တစ်နှစ်ခန့်သာ ကျန်ရှိတဲ့ သက်တော်ရှည် ကစားသမားကြီးက အခု နွေရာသီ အပြောင်းအရွှေ့မှာ နူးကမ့် မြေဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။

စပိန် နောက်ခံလူ အက်ဇ်ပီလီကွီတာဟာ အနည်းဆုံး နောက်ထပ် ဘောလုံးရာသီ နှစ်ခုကြား စတမ်းဖို့ဘရစ်ချ်မှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပြီး ချိန်မှာတော့ အခုအခါမှာတော့ သူရဲ့ မိခင်နိုင်ငံဆီ ပြန်လာဖို့ မဖြစ်နိုင်တော့ပါဘူး။

၂၀၁၂ ခုနှစ်၊ သြဂုတ်လမှာ လီဂူးဝမ်းကလပ် မာဆေးလ်ကနေ လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့လာတဲ့ အသက်-၃၂ နှစ်အရွယ်ကစားသမားက ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်(၂ ကြိမ်)၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်(၂ ကြိမ်)၊ ယူအီးအက်ဖ်အေစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အက်ဇ်ပီလီကွီတာက “ကျွန်တော့်ရဲ့ နေအိမ်ဖြစ်တဲ့ ချဲလ်ဆီးမှာ ဆက်ရှိနေဖို့ သက်တမ်း တိုးနိုင်ခဲ့တာ အပေါ် အမှန်တကယ်ကိုပဲ ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒီအသင်းဆီ ရောက်ရှိနေတာ ၁၀ နှစ်နီးပါး ရှိပါပြီ။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ချစ်ခြင်း မေတ္တာတွေကို ခံစားမိသလို ချဲလ်ဆီးရဲ့ အနာဂတ် စီမံကိန်းတွေ အတွက် ကျွန်တော် တကယ့်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ ”

“ကျွန်တော့်ရဲ့ ခရီးစဉ်ကို ဆက်လျှောက်လှမ်းနိုင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်က တကယ် ဂုဏ်ယူစရာ ကောင်းတဲ့ ချဲလ်ဆီး ကပ္ပတိန် တစ်ဦးဖြစ်လို့ ကျွန်တော်တို့မှာ တကယ် ကောင်းမွန်တဲ့ အမှတ်ရစရာ များစွာကို မျှဝေနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ် အဖြစ် အဲဗာတန်နဲ့ ရင်ဆိုင်ရမှာပါ။ စပိန် လက်ရွေးစင် နောက်ခံလူက သောမတ်တူချယ်ရဲ့ လက်အောက် ပြီးခဲ့တဲ့ ရာသီမှာ ခံစစ် အစွန်လူ အဖြစ်နဲ့ရော၊ ဗဟို နောက်ခံလူ အဖြစ်နဲ့ရော ၄၇ ပွဲအထိ ပါဝင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

Zawgyi Version

အခု ေႏြရာသီမွာ ဘာစီလိုနာဆီ ေျပာင္းေ႐ႊ႕နိုင္တယ္ဆိုတဲ့ ဇာတ္လမ္းေတြကို အဆုံးသတ္ေပးဖို႔ ခ်ဲလ္ဆီး အသင္း ေခါင္းေဆာင္ အက္ဇ္ပီလီကြီတာက အေနာက္ လန္ဒန္ ကလပ္နဲ႕ ၂၀၂၄ ခုႏွစ္အထိ သက္တမ္းရွိမယ့္ စာခ်ဳပ္သစ္ တစ္ရပ္ကို ခ်ဳပ္ဆိုလိုက္ပါတယ္။

ျခေသၤ့ျပာတို႔နဲ႕ စာခ်ဳပ္ သက္တမ္း တစ္ႏွစ္ခန႔္သာ က်န္ရွိတဲ့ သက္ေတာ္ရွည္ ကစားသမားႀကီးက အခု ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ႏူးကမ့္ ေျမဆီ ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚခဲ့ပါတယ္။

စပိန္ ေနာက္ခံလူ အက္ဇ္ပီလီကြီတာဟာ အနည္းဆုံး ေနာက္ထပ္ ေဘာလုံးရာသီ ႏွစ္ခုၾကား စတမ္းဖို႔ဘရစ္ခ်္မွာပဲ ဆက္ရွိဖို႔ ဆုံးျဖတ္ခဲ့ၿပီး ခ်ိန္မွာေတာ့ အခုအခါမွာေတာ့ သူရဲ႕ မိခင္နိုင္ငံဆီ ျပန္လာဖို႔ မျဖစ္နိုင္ေတာ့ပါဘူး။

၂၀၁၂ ခုႏွစ္၊ ၾသဂုတ္လမွာ လီဂူးဝမ္းကလပ္ မာေဆးလ္ကေန လန္ဒန္ကလပ္ဆီ ေျပာင္းေ႐ႊ႕လာတဲ့ အသက္-၃၂ ႏွစ္အ႐ြယ္ကစားသမားက ခ်ဲလ္ဆီးနဲ႕အတူ ပရီးမီးယားလိဂ္(၂ ႀကိမ္)၊ အက္ဖ္ေအဖလား၊ ကာရာေဘာင္းဖလား၊ ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္(၂ ႀကိမ္)၊ ယူအီးအက္ဖ္ေအစူပါဖလားနဲ႕ ဖီဖာကလပ္ကမာၻ႔ဖလားတို႔ကို ဆြတ္ခူးနိုင္ခဲ့ပါတယ္။

အက္ဇ္ပီလီကြီတာက “ကြၽန္ေတာ့္ရဲ႕ ေနအိမ္ျဖစ္တဲ့ ခ်ဲလ္ဆီးမွာ ဆက္ရွိေနဖို႔ သက္တမ္း တိုးနိုင္ခဲ့တာ အေပၚ အမွန္တကယ္ကိုပဲ ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္ ဒီအသင္းဆီ ေရာက္ရွိေနတာ ၁၀ ႏွစ္နီးပါး ရွိပါၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ့္ အေနနဲ႕ ခ်စ္ျခင္း ေမတၱာေတြကို ခံစားမိသလို ခ်ဲလ္ဆီးရဲ႕ အနာဂတ္ စီမံကိန္းေတြ အတြက္ ကြၽန္ေတာ္ တကယ့္ကိုပဲ စိတ္လႈပ္ရွားမိပါတယ္။ ”

“ကြၽန္ေတာ့္ရဲ႕ ခရီးစဥ္ကို ဆက္ေလွ်ာက္လွမ္းနိုင္ဖို႔ မေစာင့္နိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္က တကယ္ ဂုဏ္ယူစရာ ေကာင္းတဲ့ ခ်ဲလ္ဆီး ကပၸတိန္ တစ္ဦးျဖစ္လို႔ ကြၽန္ေတာ္တို႔မွာ တကယ္ ေကာင္းမြန္တဲ့ အမွတ္ရစရာ မ်ားစြာကို မွ်ေဝနိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ ရာသီ အဖြင့္ ပြဲစဥ္ အျဖစ္ အဲဗာတန္နဲ႕ ရင္ဆိုင္ရမွာပါ။ စပိန္ လက္ေ႐ြးစင္ ေနာက္ခံလူက ေသာမတ္တူခ်ယ္ရဲ႕ လက္ေအာက္ ၿပီးခဲ့တဲ့ ရာသီမွာ ခံစစ္ အစြန္လူ အျဖစ္နဲ႕ေရာ၊ ဗဟို ေနာက္ခံလူ အျဖစ္နဲ႕ေရာ ၄၇ ပြဲအထိ ပါဝင္ ေျခစြမ္းျပ ကစားနိုင္ခဲ့ပါတယ္။