Spots news

တစ်သင်းတည်းမှာ နံပါတ် ၉ နှစ်ယောက် ဖြစ်နေပြီး တိုင်တွေပတ်နေတဲ့ ဘာစီလိုနာ

Unicode Version

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ လာလီဂါ ပွဲစဉ်တွေ စတင်တော့မှာ ဖြစ်ပေမယ့် ဘာစီလိုနာကတော့ ဘဏ္ဍာရေး အကြပ်အတည်း တွေကြောင့် အသစ်ခေါ်ယူထားတဲ့ လီဝန်ဒေါစကီး ၊ ရာဖင်ဟာ ၊ ခွန်ဒေး တို့ကို အခုထိ မှတ်ပုံတင်နိုင်ခြင်း မရှိသေးပါဘူး ။

 

ယနေ့မှာ ပရိတ်သတ်တွေ မီဒီယာတွေနဲ့ မိတ်ဆက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းကနေ ရောက်လာတဲ့ တိုက်စစ်မှူး လီဝန်‌ဒေါစကီးဟာ ကျောနံပါတ် ၉ ကို ဝတ်ဆင်မယ်လို့ အတည်ပြုခဲ့ပေမယ့် အသင်းကနေ ထွက်ခွာရခြင်း မရှိသေးတဲ့ တိုက်စစ်မှူး ဒီပေးကလဲ ကျောနံပါတ် ၉ ဖြစ်ပါတယ် ။

ဘာစီဟာ ဒီပေးကို ရောင်းထုတ်နိုင်ဖို့ ကြိုးစားနေပြီး ကစားသမား သစ်တွေကို မှတ်ပုံတင်နိုင်ဖို့ ပီကေး ၊ ဘက်စကွတ်စ် တို့လို ဝါရင့် ကစားသမားတွေကိုလဲ လစာလျော့ယူခိုင်းနေပါတယ် ။ မနှစ်ကလဲ လစာလျော့ယူခိုင်းလို့ ပီကေးတို့က လျော့ယူထားပေမယ့် ဒီနှစ်မှာလဲ ထပ်ပြီး လျော့ယူပေးဖို့ တောင်းဆို လာတာဖြစ်ပါတယ် ။

အကယ်၍ ဘာစီလိုနာ အနေနဲ့ နယ်သာလန် တိုက်စစ် ကစားသမား ဒီပေးကို ရောင်းထုတ်နိုင်ခြင်း မရှိ‌သေးရင်တော့ လီဝန်ဒေါစကီးက ကျောနံပါတ် ၉ ကို ဝတ်ဆင်ချင်တာကြောင့် ဒီပေးဟာ ဘာစီလိုနာရဲ့ ဖိအားပေးမှု ရှိလာခဲ့ပုံရပြီး ကျောနံပါတ် ၉ ကို လက်လွှတ်ပေးရတာ ဖြစ်နိုင်ပါတယ် ။

 

ကစားသမားတွေကို ရောင်းထုတ်နိုင်ခြင်း မရှိသလို ပီကေးတို့ တစ်သိုက်ကလဲ လုပ်ခလစာလျော့ယူခြင်း မရှိရင်တော့ ကစားသမားသစ် မှတ်ပုံတင်နိုင်ခြင်းမရှိပဲ ဘာစီလိုနာတို့ အကြီးအကျယ် ဒုက္ခရောက်သွားနိုင်ချေ ရှိနေပါတယ် ။

Zawgyi Version

မၾကာခင္ရက္ပိုင္းအတြင္းမွာပဲ လာလီဂါ ပြဲစဥ္ေတြ စတင္ေတာ့မွာ ျဖစ္ေပမယ့္ ဘာစီလိုနာကေတာ့ ဘ႑ာေရး အၾကပ္အတည္း ေတြေၾကာင့္ အသစ္ေခၚယူထားတဲ့ လီဝန္ေဒါစကီး ၊ ရာဖင္ဟာ ၊ ခြန္ေဒး တို႔ကို အခုထိ မွတ္ပုံတင္နိုင္ျခင္း မရွိေသးပါဘူး ။

ယေန႕မွာ ပရိတ္သတ္ေတြ မီဒီယာေတြနဲ႕ မိတ္ဆက္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ အသင္းကေန ေရာက္လာတဲ့ တိုက္စစ္မႉး လီဝန္‌ေဒါစကီးဟာ ေက်ာနံပါတ္ ၉ ကို ဝတ္ဆင္မယ္လို႔ အတည္ျပဳခဲ့ေပမယ့္ အသင္းကေန ထြက္ခြာရျခင္း မရွိေသးတဲ့ တိုက္စစ္မႉး ဒီေပးကလဲ ေက်ာနံပါတ္ ၉ ျဖစ္ပါတယ္ ။

ဘာစီဟာ ဒီေပးကို ေရာင္းထုတ္နိုင္ဖို႔ ႀကိဳးစားေနၿပီး ကစားသမား သစ္ေတြကို မွတ္ပုံတင္နိုင္ဖို႔ ပီေကး ၊ ဘက္စကြတ္စ္ တို႔လို ဝါရင့္ ကစားသမားေတြကိုလဲ လစာေလ်ာ့ယူခိုင္းေနပါတယ္ ။ မႏွစ္ကလဲ လစာေလ်ာ့ယူခိုင္းလို႔ ပီေကးတို႔က ေလ်ာ့ယူထားေပမယ့္ ဒီႏွစ္မွာလဲ ထပ္ၿပီး ေလ်ာ့ယူေပးဖို႔ ေတာင္းဆို လာတာျဖစ္ပါတယ္ ။

အကယ္၍ ဘာစီလိုနာ အေနနဲ႕ နယ္သာလန္ တိုက္စစ္ ကစားသမား ဒီေပးကို ေရာင္းထုတ္နိုင္ျခင္း မရွိ‌ေသးရင္ေတာ့ လီဝန္ေဒါစကီးက ေက်ာနံပါတ္ ၉ ကို ဝတ္ဆင္ခ်င္တာေၾကာင့္ ဒီေပးဟာ ဘာစီလိုနာရဲ႕ ဖိအားေပးမႈ ရွိလာခဲ့ပုံရၿပီး ေက်ာနံပါတ္ ၉ ကို လက္လႊတ္ေပးရတာ ျဖစ္နိုင္ပါတယ္ ။

ကစားသမားေတြကို ေရာင္းထုတ္နိုင္ျခင္း မရွိသလို ပီေကးတို႔ တစ္သိုက္ကလဲ လုပ္ခလစာေလ်ာ့ယူျခင္း မရွိရင္ေတာ့ ကစားသမားသစ္ မွတ္ပုံတင္နိုင္ျခင္းမရွိပဲ ဘာစီလိုနာတို႔ အႀကီးအက်ယ္ ဒုကၡေရာက္သြားနိုင္ေခ် ရွိေနပါတယ္ ။