Spots news

ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့တွေ့ရင် ညှာမှာ မဟုတ်ဘူးဆိုတဲ့ ဘိုင်ယန် တိုက်စစ်မှူး မာနေး

Unicode Version

လီဗာပူးမှာ ၆ နှစ်ကြာ ကစားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ကို ဒီနှစ်နွေရာသီမှာ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး မာနေးက အသင်းဟောင်းဘလီဗာပူးနဲ့ ချန်ပီယံလိဂ်မှာ ပြန်တွေ့ရင် အနိုင်ယူမယ်လို့ ပြောဆို လိုက်ပါတယ်။

မာနေးကတော့ ဘိုင်ယန်ကို ယူရိုသန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ကာ တပတ်လုပ်ခပေါင် ၂၅၀၀၀၀ အထိ ရရှိနေတာ ဖြစ်ပါတယ်။

ဆီနီဂေါ တိုက်စစ်မှူးဟာ လီဗာပူး အတွက် ကစားပေးခဲ့စဉ်က ၂၀၁၉ ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန်နဲ့ တွေ့ဆုံခဲ့ပြီး ဂိုးသမားနူအာကို လှလှပပ ဖြတ်ကျော်ကာ အနိုင်ဂိုးတဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။

အဆိုပါ သွင်းဂိုးကို သူ့ကစားသမားဘ၀တလျှောက် အကောင်းဆုံးဂိုးလို့ မာနေးက ဖွင့်ဟခဲ့ဖူးပြီး အခုအခါမှာတော့ အဆိုပါဂိုးနဲ့ ပတ်သက်ကာ မာနေးက ဟာသလုပ် ပြောဆိုခဲ့ပါတယ်။

“ကျနော့်ရဲ့ အကြိုက်ဆုံးဂိုးလို့ ပြောကောင်းပြောနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခုတော့ ဒုတိယအကြိုက်ဆုံးဂိုး ဖြစ်သွားပါပြီ၊ ဘာလို့လဲဆိုတော့ နူအာက ကျနော့် အသင်းဖော် ဖြစ်လာပြီလေ။ ကျနော် ဟာသလုပ်တာ မဟုတ်ပါဘူး”

” တကယ်ပါ၊ အဲဒါက ကောင်းမွန်တဲ့ ဂိုးတဂိုးဖြစ်ခဲ့တယ် ထင်ပါတယ်၊ ကျနော်တို့ ပွဲကောင်းတပွဲကိုလည်း ကစားနိုင်ခဲ့တယ်၊ တကယ်လို့ လီဗာပူးနဲ့ ပြန်တွေ့ဖြစ်မယ် ဆိုရင်တော့ ဘိုင်ယန်အနေနဲ့ ကျနော် အနိုင်ယူမှာပါ”

“ချန်ပီယံလိဂ်ဖလား ရဖို့ဆိုတာက လွယ်လွယ်လေးလို့ ကျနော်မထင်ဘူး၊ ဒါကို ပိုရှင်းစေချင်ပါတယ်၊ ဘိုင်ယန်အတွက် ကစားပေးနေပြီ ဆိုရင်၊ ဒီမှာ ရနိုင်သမျှအားလုံးကို အနိုင်ယူဖို့ ကျနော်ရောက်လာခဲ့တာပါ၊ ဆုဖလားအားလုံးကို ကျနော်တို့ ဆွတ်ခူးနိုင်ပါတယ်။ “

“ကျနော်တို့ ပစ်မှတ်က တတ်နိုင်သမျှ ဆုဖလားတွေ ဆွတ်ခူးဖို့ပါ၊ ဒီမှာ အသင်းဖော်တွေကို ကျနော် ကူညီမယ်၊ ကျနော်တို့ အိပ်မက်တွေကို အရယူမယ်” လို့ ဘွန်ဒက်လီဂါ တရားဝင် ဝက်ဘ်ဆိုက်က တဆင့် မာနေးက ပြောဆိုခဲ့ပါတယ်။ “

အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ မာနေးကတော့ လီဗာပူးမှာတော့ သူ့ရဲ့ကစားသမားဘ၀ အကောင်းဆုံး အချိန်တွေကို ပိုင်ဆိုင်ခဲ့ပြီး အမှတ်ပေးဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ အခြားဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Zawgyi Version

လီဗာပူးမွာ ၆ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္ကို ဒီႏွစ္ေႏြရာသီမွာ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ တိုက္စစ္မႉး မာေနးက အသင္းေဟာင္းဘလီဗာပူးနဲ႕ ခ်န္ပီယံလိဂ္မွာ ျပန္ေတြ႕ရင္ အနိုင္ယူမယ္လို႔ ေျပာဆို လိုက္ပါတယ္။

မာေနးကေတာ့ ဘိုင္ယန္ကို ယူရိုသန္း ၃၀ နဲ႕ ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ကာ တပတ္လုပ္ခေပါင္ ၂၅၀၀၀၀ အထိ ရရွိေနတာ ျဖစ္ပါတယ္။

ဆီနီေဂါ တိုက္စစ္မႉးဟာ လီဗာပူး အတြက္ ကစားေပးခဲ့စဥ္က ၂၀၁၉ ခ်န္ပီယံလိဂ္ပြဲမွာ ဘိုင္ယန္နဲ႕ ေတြ႕ဆုံခဲ့ၿပီး ဂိုးသမားႏူအာကို လွလွပပ ျဖတ္ေက်ာ္ကာ အနိုင္ဂိုးတဂိုး သြင္းယူခဲ့သူ ျဖစ္ပါတယ္။

အဆိုပါ သြင္းဂိုးကို သူ႕ကစားသမားဘ၀တေလွ်ာက္ အေကာင္းဆုံးဂိုးလို႔ မာေနးက ဖြင့္ဟခဲ့ဖူးၿပီး အခုအခါမွာေတာ့ အဆိုပါဂိုးနဲ႕ ပတ္သက္ကာ မာေနးက ဟာသလုပ္ ေျပာဆိုခဲ့ပါတယ္။

“က်ေနာ့္ရဲ႕ အႀကိဳက္ဆုံးဂိုးလို႔ ေျပာေကာင္းေျပာနိုင္ခဲ့ပါတယ္၊ ဒါေပမယ့္ အခုေတာ့ ဒုတိယအႀကိဳက္ဆုံးဂိုး ျဖစ္သြားပါၿပီ၊ ဘာလို႔လဲဆိုေတာ့ ႏူအာက က်ေနာ့္ အသင္းေဖာ္ ျဖစ္လာၿပီေလ။ က်ေနာ္ ဟာသလုပ္တာ မဟုတ္ပါဘူး”

” တကယ္ပါ၊ အဲဒါက ေကာင္းမြန္တဲ့ ဂိုးတဂိုးျဖစ္ခဲ့တယ္ ထင္ပါတယ္၊ က်ေနာ္တို႔ ပြဲေကာင္းတပြဲကိုလည္း ကစားနိုင္ခဲ့တယ္၊ တကယ္လို႔ လီဗာပူးနဲ႕ ျပန္ေတြ႕ျဖစ္မယ္ ဆိုရင္ေတာ့ ဘိုင္ယန္အေနနဲ႕ က်ေနာ္ အနိုင္ယူမွာပါ”

“ခ်န္ပီယံလိဂ္ဖလား ရဖို႔ဆိုတာက လြယ္လြယ္ေလးလို႔ က်ေနာ္မထင္ဘူး၊ ဒါကို ပိုရွင္းေစခ်င္ပါတယ္၊ ဘိုင္ယန္အတြက္ ကစားေပးေနၿပီ ဆိုရင္၊ ဒီမွာ ရနိုင္သမွ်အားလုံးကို အနိုင္ယူဖို႔ က်ေနာ္ေရာက္လာခဲ့တာပါ၊ ဆုဖလားအားလုံးကို က်ေနာ္တို႔ ဆြတ္ခူးနိုင္ပါတယ္။ ”

“က်ေနာ္တို႔ ပစ္မွတ္က တတ္နိုင္သမွ် ဆုဖလားေတြ ဆြတ္ခူးဖို႔ပါ၊ ဒီမွာ အသင္းေဖာ္ေတြကို က်ေနာ္ ကူညီမယ္၊ က်ေနာ္တို႔ အိပ္မက္ေတြကို အရယူမယ္” လို႔ ဘြန္ဒက္လီဂါ တရားဝင္ ဝက္ဘ္ဆိုက္က တဆင့္ မာေနးက ေျပာဆိုခဲ့ပါတယ္။ ”

အသက္ ၃၀ အ႐ြယ္ ရွိၿပီျဖစ္တဲ့ မာေနးကေတာ့ လီဗာပူးမွာေတာ့ သူ႕ရဲ႕ကစားသမားဘ၀ အေကာင္းဆုံး အခ်ိန္ေတြကို ပိုင္ဆိုင္ခဲ့ၿပီး အမွတ္ေပးဖလား၊ ခ်န္ပီယံလိဂ္ဖလားနဲ႕ အျခားဆုဖလားေတြ ဆြတ္ခူးနိုင္ခဲ့ပါတယ္။