Spots news

ဆင်းပေးရမယ်ဆိုတာ သိပေမယ့် ရာသီအစမှာတော့ အဆင့် ၁ ကို ခနဝင်ယူလိုက်တဲ့ အာကြီး

Unicode Version

အာတီတာရဲ့ အာဆင်နယ်ကတော့ ရာသီအစကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ပွဲမှာ ပဲလေ့စ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်းကြီး ဗီအဲရာရဲ့အသင်းက မာကျောမှု အပြည့်နဲ့ တုံ့ပြန်ခဲ့ပေမယ့်လည်း စုဖွဲ့မှုကောင်းနေပြီး တိုက်စစ်ပိုင်းလည်း ပိုအားသာတဲ့ အာဆင်နယ်က အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် ၂၀ မှာ ဇင်ချန်ကိုရဲ့ ဖန်တီးပေးမှုနဲ့အတူ မာတင်နယ်လီက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ၈၅ မိနစ်မှာ ပဲလေ့စ်က ဂူဟီက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ အာဆင်နယ်က ၂-၀ နဲ့ အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ရာသီက အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို အံ့အားသင့်ဖွယ်ရာ အရေးနိမ့်ခဲ့ပြီး ကျိန်စာသင့်သလို ဖြစ်ခဲ့ရတဲ့ အဖွင့်ပွဲ အစဉ်အလာကို အာဆင်နယ်တို့ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

“ပေးဂိုးမရှိခဲ့သလို ခက်ခဲတဲ့ ပြိုင်ဘက်ဆီကနေ ၃ မှတ် ရယူနိုင်ခဲ့လို့ ကျနော်တကယ်ကို​ ကျေနပ်မိပါတယ်၊ ခက်ခဲတဲ့ အချိန်တွေကို ဒီပွဲမှာ တွေ့ခဲ့ရပါတယ်၊ သသူတို့ကို ကျော်ဖြတ်နိုင်ဖို့ ခံနိုင်ရည်ရှိမှုကို ပြသခဲ့ပြီး တကယ် အပြုသဘောဆောင်ပါတယ်”

“ပြီးခဲ့တဲ့ ရာသီကနဲ့ မတူညီတဲ့ ပုံစံနဲ့ ကျနော်တို့ စတင် နိုင်ခဲ့ပါတယ်၊ ဒီထက်တောင်မှ ဂိုးပိုသွင်းနိုင်ခဲ့သင့်တာပါ” လို့ အာဆင်နယ် နည်းပြအာတီတာက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အတွက် နောက်ခံလူ ဝီလီယံဆာလီဘာက ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ပါတယ်။ ဒီပွဲမှာ ဂါဘရီရယ် ဂျီးဆပ်၊ ဇင်ချန်ကိုနဲ့ ဆာလီဘာတို့က အာဆင်နယ်အတွက် ပထမဆုံးအကြိမ် ကစားပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆာလီဘာက တပွဲလုံးမှာ ဖျက်ထုတ်မှုတွေကောင်းမွန်ခဲ့ပြီး သူ့ရဲ့ အာဆင်နယ်အတွက် ပွဲဦးထွက် မှာတင် Man of the match ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ပုံမှန် ခြေစွမ်းအောက် ရောက်နေသူကတော့ အသင်းခေါင်းဆောင်သစ် အိုဒီဂတ်ပဲ ဖြစ်ပါတယ်။

Zawgyi Version

အာတီတာရဲ႕ အာဆင္နယ္ကေတာ့ ရာသီအစကို အေကာင္းဆုံး စတင္နိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ အေဝးကြင္းမွာ ကစားခဲ့ရတဲ့ပြဲမွာ ပဲေလ့စ္ကို ၂ ဂိုးျပတ္နဲ႕ အနိုင္ယူခဲ့ၿပီး နိုင္ပြဲနဲ႕ စတင္နိုင္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ ကစားသမားေဟာင္းႀကီး ဗီအဲရာရဲ႕အသင္းက မာေက်ာမႈ အျပည့္နဲ႕ တုံ႕ျပန္ခဲ့ေပမယ့္လည္း စုဖြဲ႕မႈေကာင္းေနၿပီး တိုက္စစ္ပိုင္းလည္း ပိုအားသာတဲ့ အာဆင္နယ္က အနိုင္ရေအာင္ ကစားနိုင္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ မိနစ္ ၂၀ မွာ ဇင္ခ်န္ကိုရဲ႕ ဖန္တီးေပးမႈနဲ႕အတူ မာတင္နယ္လီက အဖြင့္ဂိုး သြင္းယူခဲ့ၿပီး ၈၅ မိနစ္မွာ ပဲေလ့စ္က ဂူဟီက ကိုယ့္ဂိုးကိုယ္သြင္းခဲ့လို႔ အာဆင္နယ္က ၂-၀ နဲ႕ အနိုင္ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ ရာသီက အဖြင့္ပြဲမွာ ဘရန႔္ဖို႔ဒ္ကို အံ့အားသင့္ဖြယ္ရာ အေရးနိမ့္ခဲ့ၿပီး က်ိန္စာသင့္သလို ျဖစ္ခဲ့ရတဲ့ အဖြင့္ပြဲ အစဥ္အလာကို အာဆင္နယ္တို႔ ေက်ာ္ျဖတ္နိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

“ေပးဂိုးမရွိခဲ့သလို ခက္ခဲတဲ့ ၿပိဳင္ဘက္ဆီကေန ၃ မွတ္ ရယူနိုင္ခဲ့လို႔ က်ေနာ္တကယ္ကို​ ေက်နပ္မိပါတယ္၊ ခက္ခဲတဲ့ အခ်ိန္ေတြကို ဒီပြဲမွာ ေတြ႕ခဲ့ရပါတယ္၊ သသူတို႔ကို ေက်ာ္ျဖတ္နိုင္ဖို႔ ခံနိုင္ရည္ရွိမႈကို ျပသခဲ့ၿပီး တကယ္ အျပဳသေဘာေဆာင္ပါတယ္”

“ၿပီးခဲ့တဲ့ ရာသီကနဲ႕ မတူညီတဲ့ ပုံစံနဲ႕ က်ေနာ္တို႔ စတင္ နိုင္ခဲ့ပါတယ္၊ ဒီထက္ေတာင္မွ ဂိုးပိုသြင္းနိုင္ခဲ့သင့္တာပါ” လို႔ အာဆင္နယ္ နည္းျပအာတီတာက ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အတြက္ ေနာက္ခံလူ ဝီလီယံဆာလီဘာက ေျခစြမ္းျပခဲ့ၿပီး အေကာင္းဆုံးကစားသမားဆုကိုပါ ဆြတ္ခူးခဲ့ပါတယ္။ ဒီပြဲမွာ ဂါဘရီရယ္ ဂ်ီးဆပ္၊ ဇင္ခ်န္ကိုနဲ႕ ဆာလီဘာတို႔က အာဆင္နယ္အတြက္ ပထမဆုံးအႀကိမ္ ကစားေပးခဲ့ၾကတာ ျဖစ္ပါတယ္။

ဆာလီဘာက တပြဲလုံးမွာ ဖ်က္ထုတ္မႈေတြေကာင္းမြန္ခဲ့ၿပီး သူ႕ရဲ႕ အာဆင္နယ္အတြက္ ပြဲဦးထြက္ မွာတင္ Man of the match ရရွိသြားခဲ့ပါတယ္။ ဒီပြဲမွာ ပုံမွန္ ေျခစြမ္းေအာက္ ေရာက္ေနသူကေတာ့ အသင္းေခါင္းေဆာင္သစ္ အိုဒီဂတ္ပဲ ျဖစ္ပါတယ္။