Spots news

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့စောင့်ကြည့်ရမဲ့ ကစားသမား ဘရူနိုဖာနန်ဒက်စ်

Unicode Version

ဖာနန်ဒက်စ်ဟာ 20/21 ရာသီမှာ မန်ယူကိုစရောက်ခဲ့ပါတယ်။ သူရောက်လာတဲ့ ရာသီမှာ အသင်းအတွက် အတော်လေး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ပွဲတိုင်းနီးပါးလိုလို အသင်းရဲ့လိုအပ်တဲ့အချိန်တိုင်းမှာလည်း သူကယ်တင် နိုင်ခဲ့ပါတယ်။

အသင်းဖော် ပေါ့ဘာနဲ့လည်း အဆင်ပြေခဲ့ပြီး တချို့ပွဲတွေမှာ ဘရူနိုဟာ အထောင်တိုက်စစ်အဖြစ်ပါ ကစားခဲ့‌ပါသေးတယ်။ အဲဒီရာသီမှာ ဘရူနိုဟာ မန်ယူဖန်အားလုံးရဲ့ မျှော်လင့်ချက်လည်းဖြစ်ခဲ့ပါတယ် ။

ပြဿနာက ပြီးခဲ့တဲ့ရာသီမှာ စဖြစ်တာပါ။ ရာသီအစပိုင်းမှာ မန်ယူအနေနဲ့ အဆင်ပြေမလိုလိုအခြေအနေ ရှိခဲ့ပေမဲ့ ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်း အသင်းရဲ့ အခြေအနေက သူ့အပေါ်ပဲလုံးဝမှီခို သွားသလို ဖြစ်ခဲ့ပါတယ်။

ဖာနန်ဒက်စ် အနေနဲ့ ရာသီအစ အဖွင့်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အခြေအနေတစ်ခု ကနေ တဖြည်းဖြည်း အသင်းအတွက် ဘာမှမစွမ်းဆောင် ပေးနိုင်သလောက် အထိကို ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘရူနိုရဲ့ အလွဲတွေဟာအတော်လေးကို မယုံကြည်နိုင်စရာ ကောင်းပါတယ်။

ဒီပေါ်တူဂီသား နှစ်ဦးဟာ နိုင်ငံအသင်းမှာလည်း ဒီလူ၊ ဒီနေရာတွေပဲ ကစားကြပေမဲ့ မန်ယူမှာတော့အတွဲ သိပ်မညီခဲ့ပါဘူး။ တစ်ရာသီလုံး ဘရူနိုဟာပျောက်သွားခဲ့ရပြီး အသင်းအတွက် သာမန်ကစားသမား တစ်ယောက်သာသာ အခြေအနေကိုရောက်သွားခဲ့တာပါ။ တစ်ရာသီလုံး စုစုပေါင်း (၁၀) ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး စုစုပေါင်းဂိုးဖန်တီးမှု (၆) ကြိမ်သာ ရှိခဲ့ပါတယ်။

အခုလာမဲ့ ရာသီမှာ ဘရူနိုဖာနန်ဒက်စ်ကို ဘယ်လိုပုံစံနဲ့မြင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကိုသိထားတဲ့ တန်ဟက် အနေနဲ့လည်း ကွင်းလယ်တိုက်စစ်ကို အားဖြည့်ဖို့ အဲရစ်ဆင်ကိုခေါ်ယူခဲ့တယ်လို့ ထင်ပါတယ်။ ဘရူနိုနဲ့ အဲရစ်ဆင်နှစ်ယောက်မှာ ဘယ်သူက မန်ယူအတွက် ပိုစွမ်းဆောင် ပေးနိုင်မလဲ ဆိုတာကိုတော့ သိပ်မကြာခင်မှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Zawgyi Version

ဖာနန္ဒက္စ္ဟာ 20/21 ရာသီမွာ မန္ယူကိုစေရာက္ခဲ့ပါတယ္။ သူေရာက္လာတဲ့ ရာသီမွာ အသင္းအတြက္ အေတာ္ေလး စြမ္းေဆာင္ျပနိုင္ခဲ့ပါတယ္။ ပြဲတိုင္းနီးပါးလိုလို အသင္းရဲ႕လိုအပ္တဲ့အခ်ိန္တိုင္းမွာလည္း သူကယ္တင္ နိုင္ခဲ့ပါတယ္။

အသင္းေဖာ္ ေပါ့ဘာနဲ႕လည္း အဆင္ေျပခဲ့ၿပီး တခ်ိဳ႕ပြဲေတြမွာ ဘ႐ူနိုဟာ အေထာင္တိုက္စစ္အျဖစ္ပါ ကစားခဲ့‌ပါေသးတယ္။ အဲဒီရာသီမွာ ဘ႐ူနိုဟာ မန္ယူဖန္အားလုံးရဲ႕ ေမွ်ာ္လင့္ခ်က္လည္းျဖစ္ခဲ့ပါတယ္ ။

ျပႆနာက ၿပီးခဲ့တဲ့ရာသီမွာ စျဖစ္တာပါ။ ရာသီအစပိုင္းမွာ မန္ယူအေနနဲ႕ အဆင္ေျပမလိုလိုအေျခအေန ရွိခဲ့ေပမဲ့ ေရာ္နယ္ဒိုေရာက္လာၿပီးေနာက္ပိုင္း အသင္းရဲ႕ အေျခအေနက သူ႕အေပၚပဲလုံးဝမွီခို သြားသလို ျဖစ္ခဲ့ပါတယ္။

ဖာနန္ဒက္စ္ အေနနဲ႕ ရာသီအစ အဖြင့္ပြဲမွာ ဟက္ထရစ္ သြင္းယူနိုင္ခဲ့တဲ့ အေျခအေနတစ္ခု ကေန တျဖည္းျဖည္း အသင္းအတြက္ ဘာမွမစြမ္းေဆာင္ ေပးနိုင္သေလာက္ အထိကို ျဖစ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ဘ႐ူနိုရဲ႕ အလြဲေတြဟာအေတာ္ေလးကို မယုံၾကည္နိုင္စရာ ေကာင္းပါတယ္။

ဒီေပၚတူဂီသား ႏွစ္ဦးဟာ နိုင္ငံအသင္းမွာလည္း ဒီလူ၊ ဒီေနရာေတြပဲ ကစားၾကေပမဲ့ မန္ယူမွာေတာ့အတြဲ သိပ္မညီခဲ့ပါဘူး။ တစ္ရာသီလုံး ဘ႐ူနိုဟာေပ်ာက္သြားခဲ့ရၿပီး အသင္းအတြက္ သာမန္ကစားသမား တစ္ေယာက္သာသာ အေျခအေနကိုေရာက္သြားခဲ့တာပါ။ တစ္ရာသီလုံး စုစုေပါင္း (၁၀) ဂိုးသာ သြင္းယူေပးနိုင္ခဲ့ၿပီး စုစုေပါင္းဂိုးဖန္တီးမႈ (၆) ႀကိမ္သာ ရွိခဲ့ပါတယ္။

အခုလာမဲ့ ရာသီမွာ ဘ႐ူနိုဖာနန္ဒက္စ္ကို ဘယ္လိုပုံစံနဲ႕ျမင္ရမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ဒါကိုသိထားတဲ့ တန္ဟက္ အေနနဲ႕လည္း ကြင္းလယ္တိုက္စစ္ကို အားျဖည့္ဖို႔ အဲရစ္ဆင္ကိုေခၚယူခဲ့တယ္လို႔ ထင္ပါတယ္။ ဘ႐ူနိုနဲ႕ အဲရစ္ဆင္ႏွစ္ေယာက္မွာ ဘယ္သူက မန္ယူအတြက္ ပိုစြမ္းေဆာင္ ေပးနိုင္မလဲ ဆိုတာကိုေတာ့ သိပ္မၾကာခင္မွာ ျမင္ေတြ႕ရေတာ့မွာပဲ ျဖစ္ပါတယ္။