Spots news

ချွေး မထွက်ပဲ လစာယူပြီး ဘောလုံးပွဲ ထိုင်ကြည့်ရတော့မယ့် လီဝန်ဒေါစကီးတို့ တစ်သိုက်

Unicode Version

စပိန် လာလီဂါ ဘောလုံးအဖွဲ့ချုပ်ကတော့ စပိန်ရဲ့ ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းရဲ့ ကစားသမားသစ်တွေ ဖြစ်တဲ့ လီဝန်ဒေါစကီး ၊ ရာဖင်ဟာ ၊ ကတ်ဆေး ၊ ခရစ္စတန်ဆန် ၊ ခွန်ဒေ တို့ကို ကစားသမား မှတ်ပုံတင်ရန် ခွင့်မပြုကြောင်း ဥရောပ သတင်းစာများက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။

ဘာစီလိုနာ အသင်းဟာ ရုပ်သံ မူပိုင်ခွင့်တွေ ၊ အသင်းပိုင် စတူဒီယိုရဲ့ ရှယ်ယာတွေကို ရောင်းချပြီး ဘဏ္ဍာရေး အင်အားကို မြှင့်တင်ထားပေမယ့် လာလီဂါ အဖွဲ့ချုပ်ကတော့ လုံလောက်မှု မရှိသေးဘူးလို့ ယူဆ ထားတာ ဖြစ်ပါတယ် ။

မှတ်ပုံတင်ခွင့် မပြုခဲ့တဲ့ ကစားသမားတွေထဲမှာ အသင်းနဲ့ ယခုနှစ် နွေရာသီမှာ စာချုပ် သက်တမ်း ကုန်ဆုံးလို့ သက်တမ်းတိုးခဲ့တဲ့ ကစားသမားတွေ ဖြစ်တဲ့ ဒမ်ဘီလီ နဲ့ ရော်တဘတ်တို့ပင် ပါဝင်နေပါသေးတယ်။

ဒါဟာ လာမယ့် ရာသီသစ် အတွက် လီဝန်ဒေါစကီး ၊ ရာဖင်ဟာ ခွန်ဒေးတို့လို ကြယ်ပွင့် ကစားသမားသစ် တွေကို ပေါင်သန်း ရာနဲ့ချီအထိ အကုန်အကျခံကာ ခေါ်ယူခဲ့တဲ့ ဘာစီလိုနာ အတွက် ကြီးမားတဲ့ထိုးနှက်ချက်လည်း ဖြစ်လာခဲ့ပါတယ်။

ဘဏ္ဍာရေးပြသနာတွေ ကြီးကြီးမားမား ရှိနေတဲ့ ဘာစီလိုနာဟာ အသင်းမူပိုင်ခွင့်ကိုပါ ရာခိုင်နှုန်းနဲ့ ပြန်လည် ရောင်းချထားရသလို အသင်းကွင်းကိုလည်း မင်္ဂလာပွဲတွေ အတွက် ငှားရမ်းပေးပြီး ငွေကြေး ရှာဖွေရတဲ့အထိ ဖြစ်ခဲ့တာပါ။

ကစားသမားတွေကို အချိန်မီ မှတ်ပုံတင်ဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်တာ၊ လစာငွေ လျှော့ချတာတွေကို လုပ်ရမှာဖြစ်ပြီး လက်ရှိမှာတော့ ကစားသမားအနည်းငယ်သာ ထွက်ခွာခဲ့ပြီး လစာလျှော့ယူဖို့အတွက်လည်း ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။

မနေ့ကလည်း လိဒ်ယူနိုက်တက် ပိုင်ရှင်ဖြစ်သူက ရာဖင်ဟာ အတွက် ပြောင်းရွှေကြေးကို စက်တင်ဘာလ ၂ ရက်နေ့မှာ မပေးဘူးဆိုရင် တရားစွဲဆိုတဲ့ အထိပါ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့တာကြောင့် ဘာစီအတွက် အရှက်ရဖွယ်လည်း ဖြစ်ခဲ့ရ ပါသေးတယ်။

စပိန်လာလီဂါ ဘောလုံးရာသီသစ်ကို ဩဂုတ်လ ၁၃ ရက်နေ့မှာ စတင်တော့မှာပြီး မှတ်ပုံတင်စာရင်းသွင်းဖို့ တပတ်သာ အချိန် ရတော့မှာဖြစ်ပါတယ်။ တပတ်အတွင်းမှာ ပြေလည်အောင် မဖြေရှင်းနိုင်ရင်တော့ ကစားသမားသစ်တွေကို ထည့်သွင်း အသုံးပြုခွင့် မရမယ့်အရေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Zawgyi Version

စပိန္ လာလီဂါ ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ စပိန္ရဲ႕ ထိပ္သီး ကလပ္ ဘာစီလိုနာ အသင္းရဲ႕ ကစားသမားသစ္ေတြ ျဖစ္တဲ့ လီဝန္ေဒါစကီး ၊ ရာဖင္ဟာ ၊ ကတ္ေဆး ၊ ခရစၥတန္ဆန္ ၊ ခြန္ေဒ တို႔ကို ကစားသမား မွတ္ပုံတင္ရန္ ခြင့္မျပဳေၾကာင္း ဥေရာပ သတင္းစာမ်ားက အခိုင္အမာ ေဖာ္ျပ သြားၾကပါတယ္။

ဘာစီလိုနာ အသင္းဟာ ႐ုပ္သံ မူပိုင္ခြင့္ေတြ ၊ အသင္းပိုင္ စတူဒီယိုရဲ႕ ရွယ္ယာေတြကို ေရာင္းခ်ၿပီး ဘ႑ာေရး အင္အားကို ျမႇင့္တင္ထားေပမယ့္ လာလီဂါ အဖြဲ႕ခ်ဳပ္ကေတာ့ လုံေလာက္မႈ မရွိေသးဘူးလို႔ ယူဆ ထားတာ ျဖစ္ပါတယ္ ။

မွတ္ပုံတင္ခြင့္ မျပဳခဲ့တဲ့ ကစားသမားေတြထဲမွာ အသင္းနဲ႕ ယခုႏွစ္ ေႏြရာသီမွာ စာခ်ဳပ္ သက္တမ္း ကုန္ဆုံးလို႔ သက္တမ္းတိုးခဲ့တဲ့ ကစားသမားေတြ ျဖစ္တဲ့ ဒမ္ဘီလီ နဲ႕ ေရာ္တဘတ္တို႔ပင္ ပါဝင္ေနပါေသးတယ္။

ဒါဟာ လာမယ့္ ရာသီသစ္ အတြက္ လီဝန္ေဒါစကီး ၊ ရာဖင္ဟာ ခြန္ေဒးတို႔လို ၾကယ္ပြင့္ ကစားသမားသစ္ ေတြကို ေပါင္သန္း ရာနဲ႕ခ်ီအထိ အကုန္အက်ခံကာ ေခၚယူခဲ့တဲ့ ဘာစီလိုနာ အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္လည္း ျဖစ္လာခဲ့ပါတယ္။

ဘ႑ာေရးျပသနာေတြ ႀကီးႀကီးမားမား ရွိေနတဲ့ ဘာစီလိုနာဟာ အသင္းမူပိုင္ခြင့္ကိုပါ ရာခိုင္ႏႈန္းနဲ႕ ျပန္လည္ ေရာင္းခ်ထားရသလို အသင္းကြင္းကိုလည္း မဂၤလာပြဲေတြ အတြက္ ငွားရမ္းေပးၿပီး ေငြေၾကး ရွာေဖြရတဲ့အထိ ျဖစ္ခဲ့တာပါ။

ကစားသမားေတြကို အခ်ိန္မီ မွတ္ပုံတင္ဖို႔အတြက္ အသင္းမွာရွိတဲ့ ကစားသမားေတြကို ေရာင္းထုတ္တာ၊ လစာေငြ ေလွ်ာ့ခ်တာေတြကို လုပ္ရမွာျဖစ္ၿပီး လက္ရွိမွာေတာ့ ကစားသမားအနည္းငယ္သာ ထြက္ခြာခဲ့ၿပီး လစာေလွ်ာ့ယူဖို႔အတြက္လည္း ညွိႏွိုင္းေနရဆဲ ျဖစ္ပါတယ္။

မေန႕ကလည္း လိဒ္ယူနိုက္တက္ ပိုင္ရွင္ျဖစ္သူက ရာဖင္ဟာ အတြက္ ေျပာင္းေ႐ႊေၾကးကို စက္တင္ဘာလ ၂ ရက္ေန႕မွာ မေပးဘူးဆိုရင္ တရားစြဲဆိုတဲ့ အထိပါ လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုခဲ့တာေၾကာင့္ ဘာစီအတြက္ အရွက္ရဖြယ္လည္း ျဖစ္ခဲ့ရ ပါေသးတယ္။

စပိန္လာလီဂါ ေဘာလုံးရာသီသစ္ကို ဩဂုတ္လ ၁၃ ရက္ေန႕မွာ စတင္ေတာ့မွာၿပီး မွတ္ပုံတင္စာရင္းသြင္းဖို႔ တပတ္သာ အခ်ိန္ ရေတာ့မွာျဖစ္ပါတယ္။ တပတ္အတြင္းမွာ ေျပလည္ေအာင္ မေျဖရွင္းနိုင္ရင္ေတာ့ ကစားသမားသစ္ေတြကို ထည့္သြင္း အသုံးျပဳခြင့္ မရမယ့္အေရးနဲ႕ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။