Spots news

ပွဲဦးထွက်မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမား နှစ်ဦးကို ချီးကျုးလိုက်တဲ့ အာဆင်နယ် နည်းပြအာတီတာ

Unicode Version

အာဆင်နယ်ရဲ့ နည်းပြ အာတီတာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိပြီးနောက် ခြေစွမ်းပြ ကစားသွားခဲ့ကြတဲ့ တိုက်စစ်မှူးသစ် ဂျေဇူးနဲ့ လူငယ် ဗဟိုခံစစ်မှူး ဆာလီဘာတို့ကို ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ်က နှစ်တိုင်းလိုလို အဝေးကွင်းမှာ ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ် မှာတော့ တိုက်စစ်မှူးသစ် ဂျေဇူးရဲ့ ခြေစွမ်းကောင်းတွေ ၊ ဆာလီဘာရဲ့ ခြေစွမ်းတွေကြောင့် ပဲလေ့စ်ကို ခြေစွမ်းပိုင်း အသာစီးနဲ့အတူ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာပါ။

ပွဲကစားချိန် မိနစ် ၂၀ မှာ ဇင်ချန်ကိုရဲ့ ဖန်တီးပေးမှုနဲ့အတူ မာတင်နယ်လီက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ၈၅ မိနစ်မှာ ပဲလေ့စ်က ဂူဟီက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ အာဆင်နယ်က ၂-၀ နဲ့ အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာတီတာက အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်သွားခဲ့တဲ့ တိုက်စစ်မှူးသစ် ဂျေဇူးနဲ့ ခံစစ်ကြောင်းကို တည်ငြိမ်အောင် ထိန်းကျောင်းပြနိုင်ခဲ့ပြီး အသင်းအတွက် ပထမဆုံး ပွဲဦးထွက် မှာတင် Man of the match ရခဲ့တဲ့ ဆာလီဘာတို့ရဲ့ ခြေစွမ်းတွေကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

အာတီတာက “ ဒီနေ့ပွဲမှာ ဆာလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ ခံစစ်ကြောင်းက အရမ်းကို ကောင်းခဲ့ပါတယ်။ နှစ်ယောက်စလုံးက အသက်အရွယ်အရရော ကြံ့ခိုင်မှု အပိုင်းပါ အတော်လေး ကောင်းကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ခံစစ်အတွဲက ကျွန်တော်တို့ အတွက် မတူညီတဲ့ အားသာချက် တခု ဖြစ်စေခဲ့ပါတယ်။ ဘန်ဝှိုက်လဲ အတူတူပါပဲ။

ပြီးတော့ ဂျေဇူးက ပြိုင်ဘက်တွေ ကြောက်ရွံ့ရမယ့် အရာတခု ဖြစ်နေပါပြီ။ သူက အမြဲတမ်းလိုလို ပြိုင်ဘက်တွေကို ဘောလုံးဆုံးရှုံးသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါက သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ သူက ဘယ်တော့မှ ရပ်မနေတတ်ပါဘူး။ အမြဲတမ်း ဘောလုံးလုယူဖို့ အဆင်သင့် ဖြစ်နေတတ်တယ်။ ဒါကြောင့် ပြိုင်ဘက်ခံစစ်မှူးတွေ အတွက် အတော်လေးကို ခက်ခဲပါလိမ့်မယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

အာဆင္နယ္ရဲ႕ နည္းျပ အာတီတာကေတာ့ ယေန႕မနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ ခရစၥတယ္ ပဲေလ့စ္ကို ၀-၂ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရရွိၿပီးေနာက္ ေျခစြမ္းျပ ကစားသြားခဲ့ၾကတဲ့ တိုက္စစ္မႉးသစ္ ေဂ်ဇဴးနဲ႕ လူငယ္ ဗဟိုခံစစ္မႉး ဆာလီဘာတို႔ကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

အာဆင္နယ္က ႏွစ္တိုင္းလိုလို အေဝးကြင္းမွာ ခရစၥတယ္ ပဲေလ့စ္ကို အနိုင္ရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ယခုႏွစ္ မွာေတာ့ တိုက္စစ္မႉးသစ္ ေဂ်ဇဴးရဲ႕ ေျခစြမ္းေကာင္းေတြ ၊ ဆာလီဘာရဲ႕ ေျခစြမ္းေတြေၾကာင့္ ပဲေလ့စ္ကို ေျခစြမ္းပိုင္း အသာစီးနဲ႕အတူ သက္ေတာင့္သက္သာ အနိုင္ရရွိခဲ့တာပါ။

ပြဲကစားခ်ိန္ မိနစ္ ၂၀ မွာ ဇင္ခ်န္ကိုရဲ႕ ဖန္တီးေပးမႈနဲ႕အတူ မာတင္နယ္လီက အဖြင့္ဂိုး သြင္းယူခဲ့ၿပီး ၈၅ မိနစ္မွာ ပဲေလ့စ္က ဂူဟီက ကိုယ့္ဂိုးကိုယ္သြင္းခဲ့လို႔ အာဆင္နယ္က ၂-၀ နဲ႕ အနိုင္ ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာတီတာက အသင္းရဲ႕ တိုက္စစ္ပိုင္းကို ဦးေဆာင္သြားခဲ့တဲ့ တိုက္စစ္မႉးသစ္ ေဂ်ဇဴးနဲ႕ ခံစစ္ေၾကာင္းကို တည္ၿငိမ္ေအာင္ ထိန္းေက်ာင္းျပနိုင္ခဲ့ၿပီး အသင္းအတြက္ ပထမဆုံး ပြဲဦးထြက္ မွာတင္ Man of the match ရခဲ့တဲ့ ဆာလီဘာတို႔ရဲ႕ ေျခစြမ္းေတြကို အထူးတလည္ ခ်ီးက်ဴးသြားခဲ့ပါတယ္။

အာတီတာက “ ဒီေန႕ပြဲမွာ ဆာလီဘာနဲ႕ ဂါဘရီရယ္တို႔ရဲ႕ ခံစစ္ေၾကာင္းက အရမ္းကို ေကာင္းခဲ့ပါတယ္။ ႏွစ္ေယာက္စလုံးက အသက္အ႐ြယ္အရေရာ ႀကံ့ခိုင္မႈ အပိုင္းပါ အေတာ္ေလး ေကာင္းၾကပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ ခံစစ္အတြဲက ကြၽန္ေတာ္တို႔ အတြက္ မတူညီတဲ့ အားသာခ်က္ တခု ျဖစ္ေစခဲ့ပါတယ္။ ဘန္ဝွိုက္လဲ အတူတူပါပဲ။

ၿပီးေတာ့ ေဂ်ဇဴးက ၿပိဳင္ဘက္ေတြ ေၾကာက္႐ြံ႕ရမယ့္ အရာတခု ျဖစ္ေနပါၿပီ။ သူက အၿမဲတမ္းလိုလို ၿပိဳင္ဘက္ေတြကို ေဘာလုံးဆုံးရႈံးသြားေအာင္ လုပ္ေဆာင္နိုင္စြမ္း ရွိပါတယ္။ ဒါက သူ႕ရဲ႕ ထူးျခားတဲ့ အရည္အခ်င္းပါ။ သူက ဘယ္ေတာ့မွ ရပ္မေနတတ္ပါဘူး။ အၿမဲတမ္း ေဘာလုံးလုယူဖို႔ အဆင္သင့္ ျဖစ္ေနတတ္တယ္။ ဒါေၾကာင့္ ၿပိဳင္ဘက္ခံစစ္မႉးေတြ အတြက္ အေတာ္ေလးကို ခက္ခဲပါလိမ့္မယ္” လို႔ ခ်ီးက်ဴးသြားခဲ့တာပဲ ျဖစ္ပါတယ္။