Spots news

တန်ဟက် လိုချင်တဲ့ ပေါင် ၈ သန်းတန် တောင်ပံ ကစားသမားကို ခေါ်မပေးတဲ့ မန်ယူဘုတ်အဖွဲ့

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ တန်ဟက်ဟာ ချယ်ဆီးအသင်းမှာ ကစားနေတဲ့ တပည့်ဟောင်းကြီး ဟာကင်ဇီယက်ချ်နဲ့ ပြန်လည် လက်တွဲလိုပေမယ့် ယူနိုက်တက်ဘက်က ခေါ်ယူပေးဖို့ကို လက်တွန့် နေပါတယ်။

ဇီယက်ချ်ဟာ ၂၀၁၇ခုနှစ် ကနေ ၂၀၂၀အတွင်း နည်းပြတန်ဟက်ရဲ့ လက်အောက်မှာ ကစားခဲ့ပြီး နယ်သာလန် ပြည်တွင်းလိဂ် ဖလားတွေလဲ ဆွတ်ခူးနိုင် ခဲ့သလို ၂၀၁၉ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့တာပါ။

မော်ရိုကို လက်ရွေးစင် ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ ၂နှစ်က စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့လာခဲ့ပေမယ့် အင်္ဂလန် ဘောလုံးလောကနဲ့ အသားကျဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

ဒါ့အပြင်ဇီယက်ချ်ဟာ နည်းပြတူချယ်ရဲ့လက်အောက်မှာ မေဆွန်မောင့်၊ ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်တို့ရဲ့ နောက်မှာသာ ပွဲထွက်ခွင့် ရနေတာကြောင့် အသင်းသစ် ရှာဖွေနေတာပါ။

နည်းပြတန်ဟက်ဟာ ဇီယက်ခ်ျကို ခေါ်ယူချင်ပေမယ့် ယူနိုက်တက်ရဲ့ ကစားသမားသစ် ခေါ်ယူပေးရေး အဖွဲ့ဟာ အသက် ၂၉နှစ်အရွယ်ကစားသမားရဲ့ profile နဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေ ရှိနေတာကြောင့် ခေါ်ယူခွင့် ပိတ်ပင်ထားတာပါ။

ဇီယက်ချ်ကို ခေါ်ယူဖို့ စီးရီးအေရဲ့ဘလက်ရှိချန်ပီယံ အေစီမီလန် အသင်းကလဲ စိတ်ဝင်စားလျက်ရှိပြီး ချယ်ဆီးအသင်း ကတော့ ပေါင် ၈သန်းလောက် ရရင်ကို ရောင်းချသွားဖို့ ရှိပါတယ်။

Zawgyi Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချယ်ဆီးအသင်းမှာ ကစားနေတဲ့ တပည့်ဟောင်းကြီးဟာကင်ဇီယက်ခ်ျနဲ့ ပြန်လည် လက်တွဲလိုပေမယ့် ယူနိုက်တက်ဘက်က ခေါ်ယူပေးဖို့ကို လက်တွန့် နေပါတယ်။

ဇီယက်ခ်ျဟာ ၂၀၁၇ခုနှစ် ကနေ ၂၀၂၀အတွင်း နည်းပြတန်ဟက်ရဲ့ လက်အောက်မှာ ကစားခဲ့ပြီး နယ်သာလန် ပြည်တွင်းလိဂ် ဖလားတွေလဲ ဆွတ်ခူးနိုင် ခဲ့သလို ၂၀၁၉ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့တာပါ။

မော်ရိုကို လက်ရွေးစင် ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ ၂နှစ်က စတမ်းဖို့ဒ်ဘရစ်ခ်ျကို ပြောင်းရွှေ့လာခဲ့ပေမယ့် အင်္ဂလန် ဘောလုံးလောကနဲ့ အသားကျဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

ဒါ့အပြင်ဇီယက်ခ်ျဟာ နည်းပြတူချယ်ရဲ့လက်အောက်မှာ မေဆွန်မောင့်၊ ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်တို့ရဲ့ နောက်မှာသာ ပွဲထွက်ခွင့် ရနေတာကြောင့် အသင်းသစ် ရှာဖွေနေတာပါ။


ဇီယက်ခ်ျကို ခေါ်ယူဖို့ စီးရီးအေရဲ့ဘလက်ရှိချန်ပီယံ အေစီမီလန် အသင်းကလဲ စိတ်ဝင်စားလျက်ရှိပြီး ချယ်ဆီးအသင်း ကတော့ ပေါင် ၈သန်းလောက် ရရင်ကို ရောင်းချသွားဖို့ ရှိပါတယ်။