Spots news

ရှိတဲ့ ကစားသမားတွေကို စာရင်း မသွင်းနိုင်သေးပေမယ့် အလွန်ဆိုကို ထပ်ခေါ်နိုင်တော့မယ့် ဘာစီ

Unicode Version

ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ချယ်လ်ဆီး အသင်းရဲ့ ဘယ်နောက်ခံလူ အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ အရမ်းကို နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ အလွန်ဆိုက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို ယခု နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ မွေးရပ်မြေ စပိန်နိုင်ငံဆီ ပြန်ပြောင်းဖို့ ဆုံးဖြတ်ထားသူပါ။

အလွန်ဆိုဟာ ဘာစီလိုနာကို ပြောင်းရွှေ့ချင်ကြောင်းကို ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေထံ အသိပေး အကြောင်းကြားထားသူ ဖြစ်ပြီး ချယ်လ်ဆီးကလည်း သူ့ရဲ့ ဆန္ဒကို မပိတ်ပင် မတားဆီးချင်တာကြောင့် အလွန်ဆိုရဲ့ နေရာကို အစားဝင်နိုင်ဖို့ ဘရိုက်တန်ရဲ့ ဘယ်နောက်ခံလူ ကူကူရယ်လာကို ပြောင်းရွှေ့ကြေး ပေါင် ၆၂သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးက ကူကူရယ်လာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့ ကြားမှာ အလွန်ဆို အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အလွန်ဆိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ယူရို ၁၀သန်းအောက် ပြောင်းရွှေ့ကြေး တရပ်နဲ့ အလွန်ဆို အတွက် ချယ်လ်ဆီးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ စာရွက်စာတမ်း ကိစ္စသာ ကျန်တော့ကြောင်း သိရပါတယ်။

အလွန်ဆိုက ဘာစီလိုနာဆီ ပြောင်းရွှေ့ပြီးရင် ဂျော်ဒီ အယ်လ်ဘာနဲ့အတူ ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်ရဖို့ ရှိနေပြီး ဘာစီလိုနာနည်းပြ ဇာဗီက အလွန်ဆိုကို နံပါတ်တစ် ဘယ်နောက်ခံလူ အဖြစ် သုံးစွဲဖို့ စီစဉ်ထားကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

Zawgyi Version

ဘာစီလိုနာ အသင္းဟာ သူတို႔အသင္းရဲ႕ အဓိက ပစ္မွတ္ ကစားသမား တဦး ျဖစ္သူ ခ်ယ္လ္ဆီး အသင္းရဲ႕ ဘယ္ေနာက္ခံလူ အလြန္ဆိုကို ေခၚယူနိုင္ဖို႔ အရမ္းကို နီးစပ္ေနေၾကာင္း နာမည္ႀကီး သတင္းေထာက္ ဖာဘရီဇီယို ရိုမာနိုက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

အသက္ ၃၁ႏွစ္ အ႐ြယ္ စပိန္လက္ေ႐ြးစင္ ဘယ္ေနာက္ခံလူ အလြန္ဆိုက ခ်ယ္လ္ဆီးနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္သလို ယခု ေႏြေဈးကြက္ အတြင္းမွာ သူ႕ရဲ႕ ေမြးရပ္ေျမ စပိန္နိုင္ငံဆီ ျပန္ေျပာင္းဖို႔ ဆုံးျဖတ္ထားသူပါ။

အလြန္ဆိုဟာ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခ်င္ေၾကာင္းကို ခ်ယ္လ္ဆီးရဲ႕ တာဝန္ရွိသူေတြထံ အသိေပး အေၾကာင္းၾကားထားသူ ျဖစ္ၿပီး ခ်ယ္လ္ဆီးကလည္း သူ႕ရဲ႕ ဆႏၵကို မပိတ္ပင္ မတားဆီးခ်င္တာေၾကာင့္ အလြန္ဆိုရဲ႕ ေနရာကို အစားဝင္နိုင္ဖို႔ ဘရိုက္တန္ရဲ႕ ဘယ္ေနာက္ခံလူ ကူကူရယ္လာကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၂သန္း အထိ ေပးေခ်ကာ ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးက ကူကူရယ္လာကို ေခၚယူနိုင္ခဲ့ၿပီးေနာက္ ဘာစီလိုနာနဲ႕ ခ်ယ္လ္ဆီးတို႔ ၾကားမွာ အလြန္ဆို အတြက္ တရားဝင္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ခဲ့ၿပီး မၾကာခင္ ရက္ပိုင္းအတြင္းမွာပဲ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္နိုင္ေတာ့မယ္လို႔ နာမည္ႀကီး သတင္းေထာက္ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ္။

ရိုမာနိုရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာက အလြန္ဆိုကို ေခၚယူဖို႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိထားသလို ယူရို ၁၀သန္းေအာက္ ေျပာင္းေ႐ႊ႕ေၾကး တရပ္နဲ႕ အလြန္ဆို အတြက္ ခ်ယ္လ္ဆီးနဲ႕ သေဘာတူညီမႈ ရရွိခဲ့ၿပီး အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္နိုင္ဖို႔ စာ႐ြက္စာတမ္း ကိစၥသာ က်န္ေတာ့ေၾကာင္း သိရပါတယ္။

အလြန္ဆိုက ဘာစီလိုနာဆီ ေျပာင္းေ႐ႊ႕ၿပီးရင္ ေဂ်ာ္ဒီ အယ္လ္ဘာနဲ႕အတူ ပြဲထြက္ခြင့္ အတြက္ ၿပိဳင္ဆိုင္ရဖို႔ ရွိေနၿပီး ဘာစီလိုနာနည္းျပ ဇာဗီက အလြန္ဆိုကို နံပါတ္တစ္ ဘယ္ေနာက္ခံလူ အျဖစ္ သုံးစြဲဖို႔ စီစဥ္ထားေၾကာင္း ဘာစီလိုနာနဲ႕ နီးစပ္သူေတြက ဆိုထားၾကပါတယ္။