Spots news

ပြိုင်ဘက်မရှိ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်တော့မယ့် မန်ချက်စတာ ယူနိုက်တက်

Unicode Version

ချယ်လ်ဆီး အသင်း အနေနဲ့ အသင်းရဲ့ နည်းပြ  ဖရန့် လမ်းပတ်က ရာထူးကနေ ထုတ်ပယ်ပြီး ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ်လ်ကို ပြောင်းလဲ ခန့်အပ် လိုက်မှုရဲ့ နောက်ဆက်တွဲ

အဖြစ် ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ် ကို ခေါ်ယူမယ့် ကိစ္စ မှာပါ အကျိုး သက်ရောက် သွားပြီး ကမ်းလှမ်း ထား မှုတွေ ရပ်တန့် သွားဖွယ် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့  ချယ်လ်ဆီး အသင်း တို့ဟာ အသက် ၂၂နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ဒီကလန် ရိုက်စ် ကို ခေါ်ယူဖို့ အတွက်

အဓိက ပြိုင်ဆိုင် နေတဲ့ အသင်းနှစ်သင်း ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်းရဲ့ ဘုတ်အဖွဲ့ ဟာ ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ စိတ်ဝင် စားခြင်း မရှိသလို လမ်းပတ်ဟာ ဒီကလန်ရိုက်စ် ကို မဖြစ်မနေ ခေါ်ယူ ပေးဖို့

ချယ်လ်ဆီး အသင်းရဲ့ ဘုတ်အဖွဲ့ ထံ မကြာခဏ ဆို သလို တောင်းဆိုခဲ့ တာဟာ သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အကြောင်း ပြချက် ထဲက တစ်ခု ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ် လာတာကြောင့်

လာမယ့် နွေရာသီ အပြောင်း အရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်း တစ်သင်းထဲ ကသာ ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ ကြိုးစား ရမယ့် အနေအထား မှာ ရှိပါတယ်။

မန်ယူ  အသင်း နည်းပြ ဆိုးလ်ရှား ဟာ လာမယ့်နွေရာသီ မှာ အသင်း ရဲ့ ကွင်းလယ် ခံစစ်ကစားသမား တစ်ဦး နဲ့ ဗဟို ခံစစ် ကစား သမားတစ်ဦး ကို ခေါ်ယူသွား ဖို့ ဆန္ဒရှိ နေတာ ဖြစ်ပါတယ်။

အသက်၂၂ နှစ် သာ ရှိသေး တဲ့ ဝက်စ်ဟမ်း ကွင်းလယ် ကစား သမား ဒီကလန် ရိုက်စ် ဟာ မန်ယူ အသင်း က ခေါ်ယူ ချင်နေတဲ့ နေရာ နှစ်နေရာ စလုံး မှာ ကစားနိုင် တဲ့သူ ဖြစ် ပါတယ်။

မန်ယူ နိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှား ဟာ လက်ရှိမှာ ဖရက်ဒ် ၊ တော်မီနေး ၊ မာတစ် စတဲ့ ကွင်းလယ် ခံစစ် နေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ ကွင်းလယ် လူတွေ ကို ပိုင်ဆိုင် ထားပေမယ့်

လာမယ့် နွေရာသီ အပြောင်း အရွှေ့မှာ ကွင်းလယ် ခံစစ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့  လျာထားပြီး ဆိုးလ်ရှား ရဲ့ အဓိက ပစ်မှတ်ဟာ ဒီကလန်ရိုက်စ် ဖြစ်ကြောင်း သိရပါတယ်။

မန်ယူ နိုက်တက် ဟာ အခု ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ကို တစ်ဖန် ခြိမ်းခြောက် နိုင်တဲ့အသင်း အဖြစ် တွေ့မြင် ရတာ ကြောင့် လည်း အသင်း ရဲ့ အမှုဆောင် အက်ဝုဒ်က

ဆိုးလ်ရှား ကို အပြည့် အဝ ထောက်ခံမှု ပြုလုပ် ထားကာ နွေရာသီ မှာတော့ ဒီကလန် ရိုက်စ် ကို အရ ခေါ်ယူ ပေးဖို့ ပြင်ဆင် ထား တယ် လို့ ESPN ရဲ့ သတင်း တွေ အ ရ သိရ ပါတယ်။